ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်က ခမရ ၅၉၈ တပ်ရင်းနဲ့ ဝေါမြို့နယ် သူရဲသူမိန်ရွာက စစ်ကောင်စီတပ်တွေကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်သား (၄) ယောက် သေဆုံးခဲ့တယ်လို့ ပဲခူးခရိုင် ပကဖက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်၊ နေ့လယ်ပိုင်းမှာ ရွှေကျင်မြို့နယ် ခမရ ၅၉၈ တပ်ရင်းရှိ ဘန်ကာနဲ့ ကတုတ်ကျင်းတွေ ပြန်လည်တည်ဆောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

တပြိုင်နက်တည်းမှာပဲ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ဝေါမြို့နယ် သူရဲသူမိန်ကျေးရွာရှိ စစ်ကောင်စီတပ် လက်နက်ကြီးပစ်တဲ့နေရာကို စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“၅၉၈ မှာ ပြန်တပ်စွဲဖို့ ပြင်နေ၊ ဘန်ကာဆောက်နေတဲ့ စစ်‌ေ-ွးတွေကို လက်နက်ကြီး၊ စနိုက်ပါနဲ့ သွားချတာပါ။ သေဆုံးတွေက ဒေသခံတွေ ပြန်ပြောတာပါ။ အရင် ၅၉၈ ကို တိုက်ပြီးကတည်းက အဲဒီ ဝန်းကျင်ရွာတွေက ပြန်နေလို့မရတော့ပါဘူး။ ပြန်နေလည်း စကစက ပြန်မောင်းထုတ်တဲ့ အခြေအနေတွေပါ” လို့ ပဲခူးခရိုင် ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အခု စစ်‌ရေးမစ်ရှင်ကို ပဲခူးခရိုင်ပကဖရဲ့ ”ဆန်အိတ်တစ်ထောင် သိန်းတစ်ထောင်” ကမ်ပိန်းဖွင့်ပွဲနေ့မှာ ဖော်ဆောင်ခဲ့တာ ဖြစ်ပြီး ပဲခူးခရိုင်ပကဖ ကွပ်ကဲမှုအောက်ရှိ (၈)မြို့နယ်က ပကဖ ရဲဘော်တွေ၊ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ပြည်သူတွေအတွက် ရိက္ခာဆန် ဖြည့်တင်းနိုင်ရေးအတွက် ပြည်တွင်းပြည်ပ ထောက်ပို့ ပြည်သူတွေ ဝိုင်းဝန်းထောက်ပံ့ပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကိုတော့ KNU/KNLA တပ်မဟာ(၃)၊ ရင်း(၇)နဲ့ ပူးပေါင်းတပ်တွေဖြစ်ကြတဲ့ ပဲခူးခရိုင် ပကဖ၊ ဗျူဟာ (၃၆) ဒေါနတပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဟုမ္မလင်းအခြေစိုက် ခမရ (၃၆၉) တပ်ရင်းက စစ်သား ၁ ယောက် လက်နက်မဲ့ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင် ၊ ဟုမ္မလင်းမြို့နယ်အခြေစိုက် ခမရ(၃၆၉) တပ်ရင်းက စစ်သား ၁ ယောက် လက်နက်မဲ့အလင်းဝင်လာတယ်လို့ Earthquake People’s Defence  Force က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

နတ်ရေကန်ဗျူဟာစခန်းမှ ထွက်ပြေးနေသည့် စစ်ကော်မရှင်တပ်သားများ ဆက်တိုက်ဆိုသလို ဖမ်းဆီးရမိဟု AA ထုတ်ပြန်၊ အလင်းဝင်လက်နက်ချသူများလည်း ရှိဟု ဆို

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာကုန်းကနေ ကစဥ့်ကလျား ထွက်ပြေးနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးရမိတာတွေရှိပြီး အလင်းဝင် လက်နက်ချသူတွေလည်း ရှိတယ်လို့ အာရက္ခတပ်တော် AA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အုတ်ဖိုမြို့နယ်အတွင်း စစ်တပ်ထုတ် အရက်ဘီယာရောင်းချနေတဲ့ ဈေးဆိုင်တွေကို ရှောင်တခင် စစ်ဆေး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်ထုတ် အရက်ဘီယာရောင်းချနေတဲ့ ဈေးဆိုင်တွေကို ရှောင်တခင် စစ်ဆေးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ ၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ထံက သိရပါတယ်။
Read More

နိုင်ကျဉ်း ၆၀၀ လွှတ်တယ်ဟုဆိုကာ မြေပြင်မှာ ၃၀၀ ကျော်သာ လွတ်မြောက်လို့ လွတ်ငြိမ်းကို စစ်ကောင်စီ နိုင်ငံရေးအရ အမြတ်ထုတ်ခြင်းသာ ဖြစ်

လွတ်လပ်ရေးနေ့က  စစ်ကောင်စီ ပေးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ လွတ်မြောက်မယ်လို့ ပြောထားတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်ထက် ထက်ဝက် လျော့နည်းနေတာကြောင့် စစ်ကောင်စီဟာ လွတ်ငြိမ်းကို အမြတ်ထုတ်သွားတယ်လို့  နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ဇန်နဝါရီ ၆ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
Read More

နတ်ရေကန် ဗျူဟာကုန်း ကာကင်းစခန်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရဲဘော်၏ စျာပန အမိန့်ပြန်တမ်း CDF-Asho ထုတ်ပြန်

မကွေးတိုင်း၊ ငဖဲမြို့နယ်အနောက်ခြမ်းက နတ်ရေကန် ကာကင်းစခန်းတိုက်ပွဲမှာ တပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့ကြောင်း Chin Defense Force (Asho) က အောက်တိုဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

နုတ်ထွက်သွားသည့် တပ်ရင်းများရှိသလို ဝင်ရောက်လိုသည့် တပ်ရင်းများစွာလည်း ရှိနေကြောင်း NUG ပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ရဲ့ကွပ်ကဲမှု (Chain of Command) COC အောက်ကနေ နုတ်ထွက်သွားတဲ့ တပ်ရင်းတွေသလို ဝင်ရောက်လိုတဲ့တပ်ရင်းများစွာ ရှိနေကြောင်းကို NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဒီနေ့ မတ်လ ၄ ရက်မှာ ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (၅/၂၀၂၅) အစီအစဉ်မှာ ပြောခဲ့ပါတယ်။