မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) အမှတ် ၂ စစ်ကြောင်းမှာ အမှတ်စဉ် ၁/၂၀၂၅ အပတ်စဉ် (၉) အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား ကို ဇွန်လ ၂၅ ရက်က ပြုလုပ်ခဲ့တယ်လို့ ABSDFမှ ထုတ်ပြန်ထားပါတယ်။

သင်တန်းဆင်းပွဲအခမ်းအနားကို ABSDF မှ ဒု-ဥက္ကဌ ၊ မဟာမိတ်အဖွဲ့စည်းများဖြစ်ကြတဲ့ အာရက္ခတပ်တော် ULA/AA မှ တပ်မှူးများ၊ KIO/KIA မှ အုပ်ချုပ်ရေးအဖွဲ့၀င်များ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)မှ အရာရှိကြီးများ၊ ကျောက်ဆည်ခရိုင် အမှတ်(၃)တပ်ရင်းမှ တပ်မှူးများ၊ABSDF အမှတ်-၂ စစ်ကြောင်း အပတ်စဉ်(၂) ဆေးသင်တန်းသူ၊သင်တန်းသားများ ၊အပတ်စဉ် (၁၀)အခြေခံစစ်ပညာသင်တန်းသားများနှင့် မိဘပြည်သူများက တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

Video-ABSDF

0 Shares:
You May Also Like
Read More

မန္တလေးတိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၄ ရက်တာ တိုက်ပွဲဖြစ်၊ စစ်သား ၂၀ ထက်မနည်း သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ နွားထိုးကြီးမြို့နယ်နဲ့ မြင်းခြံမြို့နယ်တွေမှာ အကြမ်းဖက်စစ် ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဖေဖော်ဝါရီ ၂၆ ရက်ကနေ မတ်လ ၁ ရက်အထိ ၄ ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄-၁၀) တပ်ရင်းထံက သိရပါတယ်။
Read More

လွိုင်ကော်မြို့ပြင်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက်သေ၊ သေနတ် ၄ လက် ရရှိ (ရုပ်/သံ)

ကရင်နီပြည်နယ် လွိုင်ကော်မြို့ပြင်မှာ နိုဝင်ဘာ ၂၇ ရက်က ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၅ ယောက်သေပြီး သေနတ် ၄ လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ KNDF B14 ထံက သိရပါတယ်။
Read More

ဆိပ်ဖြူမှာ ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်သားတွေကို စောင့်ကြိုတိုက်ခိုက်မှု ၃ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ တပေါင်းပျူစခန်းကနေ ကင်းပတ်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကို ဇန်နဝါရိ ၁၄ ရက်က တော်လှန်ရေးတပ်တွေ သတင်းကြိုတင်ရရှိပြီး စောင့်ကြို တိုက်ခိုက်ခဲ့တယ်လို့ Young Revolution Front အဖွဲ့ထံက သိရပါတယ်။
Read More

ဘန်ကောက်မြို့လယ်စျေးတွင် သေနတ်သမား ပစ်ခတ်မှုကြောင့် လုံခြုံရေးဝန်ထမ်း ၄ ယောက်နဲ့ စျေးသည် ၁ ယောက် သေဆုံး (ရုပ်/သံ)

ဇူလိုင် ၂၈ ရက် ဒီနေ့ နေ့လယ်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ချာထူချက်စျေးမှာ သေနတ်သမား ၁ ယောက်က လုံခြုံရေး ၄ ယောက်နဲ့ စျေးသည် ၁ ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ရေးမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ယာဉ်ပေါ်ကနေ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ၃ ယောက်သေ (ရုပ်/သံ)

မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းကျေးရွာ ဘိုကလေးကျောင်းတိုက်အနီး တပ်စွဲထားတဲ့ စစ် ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၂၂ ရက်က ယာဉ်ပေါ်ကနေ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးမြို့နယ် ကင်းမွန်တောပျူစခန်းကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်းမွန်တောရွဦ ပျူစခန်းကို မတ်လ ၂ ရက် နေ့လယ်ပိုင်းမှာ အဝေးပစ် ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Monywa Inventor တပ်ဖွဲ့ထံက သိရပါတယ်။