ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်အတွင်းက ကျေးရွာပေါင်း ၁၀ ရွာကျော်ကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့မှာ ထောက်ကြန့်အုပ်စု၊ တောင်ပြတ်ရွာသစ်ကို စစ်ကောင်စီတပ်တွေ မီးတင်ရှို့ခဲ့ရာ အိမ်ခြေ၂၅လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဇွန်လ ၂၂ ရက်နေ့မှာလည်း စစ်ကောင်စီရဲ့ မီးရှို့မှုကြောင့် ရွေးကုန်းရွာမှ အိမ်ခြေ ၅လုံး ၊ ဦးတိုကညင်ပင်အုပ်စု၊ ဦးတိုကျွဲလမ်းစုရွာမှ အိမ်ခြေ ၄လုံးအပြင် ဇွန်လ ၂၃ ရက်နေ့မှာလည်း ဂန့်ဂေါ်ပင်အုပ်စု၊ ဗိုလ်တထောင်ရွာမှ အိမ်ခြေ အလုံး ၂၀လုံးခန့်၊ ထောက်ကြန့်အုပ်စု၊ ဆားချောင်းရွာမှ အိမ်ခြေ၈လုံး၊ ဆင်အိုင်ချောင်းပေါက်ရွာမှ အိမ်ခြေ ၈လုံး၊ ဂန့်ဂေါ်ပင်မှ အိမ်ခြေ ၅လုံး၊ ငလှစမ်းရွာမှ အိမ်ခြေ အလုံး ၅၀ ခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဇွန်လ ၂၄ ရက်နေ့မှာ စမ်းဘုတ်ရွာမှ အိမ်ခြေ ၅လုံး၊ ဇွန်လ ၂၅ ရက်နေ့မှာ ခွက်မရွာမှ အိမ်ခြေ ၁၅ လုံးနဲ့ ကျွဲမကိုင်းရွာမှ အိမ်ခြေ အလုံး ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ဇူလိုင်လ ၂ ရက် မနက် ၁၁ နာရီခန့်မှာလည်း မင်းလှမြို့နယ်၊ ဇရစ်မျှောင်ရွာကို ချီပါတောင်ဘုန်းကြီးကျောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီ တပ်သားတွေက ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးနေကြောင်း၊ မနက် ၁၁ နာရီ ၂၀ မိနစ်မှာလည်း အဆိုပါ စစ်ကောင်စီ တပ်သားတွေက ရွှေပေါက်ပင်ရွာကို ထပ်မံ ဝင်ရောက် စီးနင်းပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွက ဆိုပါတယ်။
0 Shares:
You May Also Like
Read More

ဘီးလင်းမြို့နယ်ကို စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု လက်နက်ကြီး ပစ်ခတ်လို့ ဒေသခံ ၃ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးပစ်ခတ်လို့ ဒေသခံ ၃ ယောက် သေပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဆိပ်မူကျေးရွာ (ဆိုင်းတောင်) ကို စစ်တပ် လက်နက်ကြီးပစ်လို့ ကလေးငယ် ၁ဦး သေဆုံး၊ သေဆုံးကလေးငယ်၏ ညီမဖြစ်သူလည်း လက်ပြတ်ကာ ၄ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဆိပ်မူကျေးရွာ (ဆိုင်းတောင်) ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် ၁ ယောက် သေဆုံးပြီး အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီ၏ ဝင်ငွေရလမ်းများကို ဖြတ်တောက်ပိတ်ဆို့ဖို့ ILO အကြို ကနဦး ဆုံးဖြတ်ချက်အပေါ် အလုပ်သမားအဖွဲ့အစည်းများ ကြိုဆို

စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ပုဒ်မ ၃၃ အရ ပိတ်ဆို့အရေးယူပြီး ဝင်ငွေရလမ်းဖြတ်တောက်ဖို့ အကြိုကနဦး ဆုံးဖြတ်လိုက်တဲ့ အပေါ် ကြိုဆိုတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) က ထုတ်ပြန်လိုက်ပါတယ်။  
Read More

ချပ်သင်းအထိုင်စခန်းမှ ထွက်လာသည့် စစ်အုပ်စု စစ်ရှောင်လင်မယားကို သတ်ဖြတ်ကာ စစ်ရှောင်တဲ ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းအထိုင်စခန်းက ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ဟာ စစ်ဘေးရှောင်နေတဲ့ လင်မယား ၂ ယောက်ကို သတ်ဖြတ်ကာ စစ်ရှောင်တဲတွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) က ထုတ်ပြန်ပါတယ်။
Read More

ပေါက်မြို့နယ် ကိုင်းလယ်ကျေးရွာ ရဲစခန်းကို တော်လှန်ရေးတပ်တွေ သွားရောက်တိုက်ခိုက်၊ မင်းလှမှာ စစ်ကောင်စီတပ် ကား ၂ စီးကို တိုင်း ပကဖ က ​အနီးကပ် ခြုံခိုတိုက်ခိုက်

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ ကိုင်းလယ်ကျေးရွာရဲစခန်းကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ အမှတ်(၁)စစ်ဒေသ၊ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ပွင့်ဖြူမြို့နယ်ထဲက စစ်ရှောင်ပြည်သူတွေကို စားနပ်ရိက္ခာနဲ့ ကျန်းမာရေးလိုအပ်ချက်တွေ ထောက်ပံ့ကူညီ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတစ်ရွာက စစ်ရှောင်ပြည်သူတွေကို မင်းဘူးခရိုင် PDF ရဲ့ တာဝန်ရှိသူက ဒီနေ့ ဒီဇင်ဘာ ၁၇ ရက်မှာ စားနပ်ရိက္ခာနဲ့ ကျန်းမာရေး လိုအပ်ချက်တွေ ထောက်ပံ့ကူညီခဲ့တယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။