စစ်ကောင်စီရဲ့ ရက်ဆက်ဗုံးကြဲတိုက်ခိုက်ခံရပြီး လူခြေတိမ်သွားတဲ့ ကျောက်မဲမြို့ကို ဒေသခံ တစ် ယောက်ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ရက်ပျံ့နှံ့လာပါတယ်။

”ခုတလော ‌ကျွန်တော်နေတဲ့ ကျောက်မြို့ ကြီးက နေ့လည် (၁၂:၀၀)နောက်ပိုင်းဆို ဈေးကြီးက ဆိုင်တွေသိမ်း ဈေးတွေ ပိတ်ပြီးမကြာဘူး လူသွား/လူလာကို မရှိတော့ဘူး။ ဘယ်လမ်းကိုသွားသွား ရှင်းနေတော့တာပဲ ဝေဟင်က 🛩လေယာဉ်သံကြားနေရရင်ကို ထိတ်လန့်နေကြရတာအမှန်ပဲ”လို့ လူမှုကွန်ရက်ရေးသားမျှဝေခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ဇွန်လအတွင်း ကျောက်မဲမြို့ကို ရက်ဆက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ၅ ယောက်သေဆုံးပြီး ၂၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Video-လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ဓားစာခံ ၅၃ ယောက် ဖမ်းဆီးလာတဲ့ အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းကို အနီးကပ်တိုက်ခိုက်မှု စစ်ကောင်စီဘက်က ဒုတပ်ကြပ်အပါ အများအပြားသေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ကနေ မုံရွာနမခ ကို ဓားစာခံ ၅၃ ယောက်ဖမ်းဆီးပြီး ထွက်လာတဲ့ အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ Ba Thu Kyawal Column အဖွဲ့ထံက သိရပါတယ်။
Read More

ငါန်းဇွန်မြို့ စက်မှုဇုန်အနီး တပ်စွဲထားသည့် စစ်သားများတိုက်ခိုက်ခံရ (ရုပ်/သံ)

ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်အနီး တပ်စွဲထားတဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံ က ထုတ်ပြန်ပါတယ်။မတ်လ ၂၁ ရက်၊ မနက် ၉ နာရီခန့်က ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်၊ အင်းဝဘဏ်အနီးမှာ အင်အား ၄၀ ခန့်နဲ့ တပ်စွဲထားတဲ့ စစ်သားတွေဟာ ဘဏ်နဲ့ မီတာ (၃၀၀) ခန့် အကွာမှာ ခရီးသွားပြည်သူတွေကို ပေါ်တာစွဲဖမ်းဆီးခြင်း၊ အတင်းအဓမ္မ ငွေကြေးတောင်းခံခြင်းတွေ ပြုလုပ်နေလို့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
Read More

ပင်လယ်ဓားပြတိုက်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ယောက်ကို AA ကယ်တင်ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ် (ရုပ်/သံ)

ပင်လယ်ဓားပြတိုက်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ယောက်ကို အာရက္ခဒေသ မောင်တောမြို့ ကျောက်ပန္ဒူကမ်းခြေအနီးမှာ အာရက္ခတပ်တော် AA ကမ်းခြေစောင့်တပ်က ကယ်တင်ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ပေးခဲ့တယ်လို့  အာရက္ခတပ်တော်သတင်းနဲ့ပြန်ကြားရေးကထုတ်ပြန်ထားပါတယ်။
Read More

မောတောင်စခန်းတိုက်ပွဲအတွင်း စစ်ကောက်မရှင်တပ် ဒုတပ်ရင်းမှူးက ထိုင်းဘက်ခြမ်းကို ထွက်ပြေးသွားခဲ့ (ရုပ်/သံ)

တနင်္သာရီတိုင်း ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ရှိ အကြမ်းဖက်စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်မှာကို တစ်ပတ်ကြာ ကြိုသိခဲ့ပေမယ့် စစ်တပ်တာဝန်ရှိသူတွေက ဘာမှပြင်ဆင်မှုတွေ မလုပ်ခဲ့ဘူးလို့ မောတောင်စခန်းမှာ ဖမ်းဆီးမိခဲ့တဲ့ စစ်သုံ့ပန်းတွေက ဆိုပါတယ်။
Read More

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၇ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက် ရုပ်သံ

''အခုလုပ်ဆောင်မယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဆိုတာဟာ ဒီမိုကရေစီကျင့်ထုံနဲ့ ဒီမိုကရေစီ မူတွေကို လုပ်တဲ့ရွေးကောက်ပွဲ မဟုတ်ပါဘူး။ စစ်အာဏာထိန်းမှုကို တရားဝင်အာဏာအဖြစ် အသွင်ကူးပြောင်းဖို့ကို ရွေးကောက်ပွဲကို လက်နက်တစ်ခုလို အသုံးချတဲ့ ကိစ္စသာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အားလုံးက အတုအယောင်ရွေးကောက်ပွဲလို့ နာမည်တပ်ရတာဖြစ်ပါ တယ်''
Read More

KNDF တည်ထောင်ခြင်း ၄ နှစ်ကာလ လှုပ်ရှားမှုပုံရိပ်များ (ရုပ်/သံ)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တည်ထောင်ခြင်း ၄ နှစ်ပြည့်ကာလ တပ်ဖွဲ့ရဲ့ သင်တန်းသားတွေ စစ်ရေးလေ့ကျင့်မှု၊ စစ်ပွဲအတွင်း စစ်ရေးလှုပ်ရှားမှုတွေနဲ့ ရဲဘော်တွေရဲ့ စကားသံအချို့ကို ထုတ်ပြန်လိုက်ပါတယ်။