ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) နဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်က တပ်ရင်းတပ်ဖွဲ့တွေ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့အပြင် ဘဏ္ဍာရေးဆိုင်ရာ ရင်းမြစ်တွေကို မျှဝေအသုံးပြုနိုင်ဖို့ သဘောတူညီမှုရရှိခဲ့ကြောင်း SF/SAF က ထုတ်ပြန်ပါတယ်။

ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်ရဲ့ ဗဟိုကော်မတီဝင်တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့ ဇွန်လ ၂၉ရက်မှာ အွန်လိုင်းကတဆင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အခုလို သဘောတူညီမှု ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ တွေ့ဆုံမှုမှာ မကွေးတိုင်း စစ်ဆင်ရေးစီမံချက်နဲ့ပတ်သက်လို့ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ကျောင်းသားလက်ရုံးတပ်တော်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်က တပ်ရင်းတပ်ဖွဲ့တွေ တာဝန်ခွဲဝေကာ စစ်ဆင်ရေးလုပ်ငန်းတွေကို လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်သွားမယ့်အပြင် ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ်တွေကို မျှဝေအသုံးပြုနိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူထားတယ်လို့ ဆိုပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်းစစ်ဌာန တာဝန်ရှိသူတွေနဲ့ ပိုမိုရင်းနှီးစွာ တွေ့ဆုံပြီး မြေပြင်လုပ်ငန်းစဥ်တွေကို ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ ကျောင်းသားလက်ရုံးတပ်တော်က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

စစ်တောင်းမြစ်အရှေ့ဘက်ကမ်း တိုက်ပွဲတွင် ရဲဘော်လျှပ်စီး (ခ) နေဝင်းထွန်း ဦးခေါင်း ကျည်ထိမှန် ကျဆုံး

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲမှာ သေနတ်ကျည် ဦးခေါင်းထိမှန်ပြီး ကျဆုံးခဲ့တဲ့ နေပြည်တော် PDF တပ်ရင်း (၉၀၁) ရဲ့ ရဲဘော် လျှပ်စီး (ခ) နေဝင်းထွန်းကို စစ်ပုံစံနဲ့အညီ သင်္ဂြိုလ်ပြီးစီးခဲ့ပြီးဖြစ်တယ်လို့ တပ်ရင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

PLA ၊ ABSDF နဲ့ BPLA တို့ ပူးပေါင်းပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေ (ဓာတ်ပုံသတင်း)

လွတ်မြောက်ဒေသတစ်နေရာက စာသင်ကျောင်းတစ်ကျောင်းမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တို့ ပူးပေါင်းပြီး ဒီဇင်ဘာ ၂၈ ရက်မှာ စာသင်ကျောင်းသန့်ရှင်းရေး လုပ်အားပေး ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဒေါက်တာဇော်ဝေစိုး၊ ဗိုလ်ချုပ်တားဘုန်းကျော်၊ IEC ဒုဥက္ကဌ ခွန်းဘီတူး တို့ တက်ရောက်ခဲ့သည့် BPLA အမှတ်စဉ်(၉) သင်တန်းဆင်းပွဲ

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၉) သင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည်တနေရာမှာ ၂၀၂၅ခုနှစ်၊ ဇွန်လ(၇)ရက်နေ့ က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မကွေးဖက်ဒရယ်ယူနစ်၊ ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ကော်မရှင်အဖွဲ့ဝင်တစ်ဦး ကျဆုံး

" လူကြီးရောဂါနဲ့ ကွယ်လွန်တာပါ ။ တော်လှန်ရေးနယ်မြေတစ်နေရာမှာ စစ်အာဏာရှင်ကို နည်းမျိုးစုံနဲ့ တွန်းလှန်နေတုန်း ကွယ်လွန်သွားတာဖြစ်လို့ ဂုဏ်ပြုတဲ့အနေနဲ့ မြင့်မြတ်စွာ ကျဆုံးသည်လို့ ခေါ်ဝေါ်သုံးစွဲတာ ဖြစ်ပါတယ်" လို့ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင်အတွင်းရေးမှူး ဒေါက်တာ ရဲ ကမောင်း ကိုပြောပါတယ် ။
Read More

တောင်ယာလုပ်ကိုင်သူများ အိပ်မောကျချိန် စစ်တပ် စက်တပ်လေထီးဖြင့် ဗုံးကြဲချ၊ အသက် ၃ နှစ် ကလေးငယ်အပါ ပြည်သူ ၈ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပွင့်ဖြူခရိုင်၊ စေတုတ္တရာမြို့နယ်မှာ စစ်ကောင်စီက တောင်ယာလုပ်ကိုင်သူတွေစုနေတဲ့ ယာတဲအိမ်တွေကို စက်တပ်​လေထီး (Paramotor) နဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၃ နှစ်အရွယ် ကလေး ၁ ယောက် အပါအဝင် အရပ်သား ၈ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။
Read More

စနိုက်ပါ စစ်သားနှင့် ပျူစောထီး၏သား အချင်းချင်း ဆိုင်ကယ်တိုက်မိပြီး စနိုက်ပါသမား သေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ အရပ်သား ၁ယောက်ကို စနိုက်ပါနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ဖူးတဲ့ ခလရ ၅၀ တပ်က စနိုက်ပါ ကြည်ဝင်းဆိုသူ ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး နေရာတင် သေဆုံးသွားကြောင်း သိရပါတယ်။