မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ စစ်ကောင်စီရဲ့အတုအယောင် ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ကြိုးစားပမ်းစား လု​ပ်ဆောင်ပေးနေတဲ့ အိုးပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဘိုကွီး (ခ) ခင်မောင်လတ်ကို နေအိမ်အတွင်းဝင်ရောက်ရှင်းလင်းခဲ့ကြောင်း ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၉ရက် ညပိုင်းက တောင်တွင်းကြီးမြို့နယ်၊ အိုးပေါက်အုပ်စု၊ အိုးပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဖြစ်လဲ ပျူစောထီးခေါင်းဆောင် ဘိုကွီး(ခ)ခင်မောင်လတ် ကို တော်လှန်ရေးအဖွဲ့ဝင်တွေက နေအိမ်ထဲအထိ ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

ဘိုကွီး (ခ)ခင်မောင်လတ် ဟာ စစ်တ​ပ်​အာဏာသိမ်းကာလအတွင်း သက်ကြီးရွယ်အိုပါမချန် အရပ်သားတွေကို ခြိမ်းခြောက်ရိုက်နှက်တာ၊ အုပ်ချုပ်ရာ ရွာအုပ်စုအတွင်း စစ်မှုထမ်းကြေး အဆမတန် တောင်းခံတာတွေအပြင် ဂိတ်ဖွင့်ပြီး သစ်လှည်း ဝါးလှည်းတွေဆီက အဆမတန် ငွေကြေးတောင်းယူတာမျိုးတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် သူအုပ်ချုပ်ရာ ရွာအုပ်စုအတွင်းကကျေးရွာတွေမှာ ပြည်သူ့စစ် (ပျူစောထီး)သင်တန်းတွေပေးရင်း ပြည်သူ့စစ်ဖွဲ့စည်းတာတွေအပြင် ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ကျေးရွာတွေကို ဖိအားပေး ခိုင်းစေတာတွေ လုပ်နေခဲ့တယ်လို့လည်း သိရပါတယ်။
“သူ့အိမ်က နေပြည်တော် တောင်တွင်းကြီး ရထားလမ်းပိုင်း၊ အိုးပေါက်ဘူတာနဲ့ မျက်နှာချင်းဆိုင်မှာရှိတာပါ။ ကားနဲ့ဆို တောင်တွင်းကြီး-ဆပ်သွား လမ်းမကြီးဘေးပေါ့။ အိုးပေါက်ရွာက လူငယ်တွေ၊ လူလတ်ပိုင်းတွေကို ပြည်သူ့စစ်ထဲ အတင်းခြိမ်းခြောက်ပြီး သွင်းထားတယ်။ အဲ့ဒါကြောင့် သူ့အိမ်ကိုရှင်းတော့ ပြည်သူ့စစ်အင်္ကျီတွေ အများကြီးတွေ့ခဲ့ပါတယ်။ အနီးနားက ရွာတွေကိုလည်း ရွေးကောက်ပွဲ လုပ်ဖို့နဲ့ ပြည်သူ့စစ်ဖွဲ့ လက်နက်တင်ပေးဖို့ လုံးပန်းနေတာပါ။” လို့ ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဘိုကွီး (ခ) ခင်မောင်လတ်ကို ဝင်ရောက်ရှင်းလင်းချိန် နေအိမ်အတွင်းရှိနေတဲ့ စစ်အုပ်စုလက်အောက်ခံ ပျူစောထီးတွေကပါ ပြန်ပြီးခုခံတာမျိုးတွေ ရှိတာကြောင့် နှစ်ဖက်ထိတွေ့မှု ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

ရှင်းလင်းပြီးချိန် နေအိမ်အတွင်း ဝင်ရောက်ရှာဖွေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက်လည်း ပျူစောထီးတစ်ယောက်ရဲ့ ဓားထိုးတာကိုခံရပြီး နေရာမှာတင် လဲကျသေဆုံးခဲ့ရကြောင်း သိရပါတယ်။

” ဘိုကွီးကို ရှင်းပြီးတော့ ရဲဘော်က အိမ်ထဲကိုဝင်တယ်ပေါ့။ ပျူတွေက သူ့အိမ်ထဲ ၁ယောက်ကျန် ၂ယောက်ကျန်နဲ့ ပုန်းနေကြတာ။ အဲ့မှာ ပျူ​တစ်ယောက် ကျနော်တို့ရဲဘော်ကိုတွေ့တော့ နောက်ကနေ ဓားနဲ့ထိုးပြီးထွက်ပြေးသွားတာပါ။ ညဘက် ၁၀နာရီလောက်ဖြစ်နေတာလည်း ပါတယ်။” လို့ ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ် ပုဏ္ဏဝတီ (တောင်တွင်းကြီး) နဲ့အတူ သရက်ခရိုင် အမှတ် ၅ တပ်ရင်း (ဆင်ပေါင်ဝဲမြို့နယ်) နဲ့ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ ဘိုကွီး (ခ) ခင်မောင်လတ်ရဲ့အလောင်းကို ကပစ ၁၈ အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ် ၈စီးနဲ့ လာ​ရောက်ကြည့်ရှုခဲ့ပြီး ဇူလိုင်လ ၁ရက်၊ မနေ့ကပဲ အိုးပေါက်ရွာအတွင်း သဂြိုဟ်ခဲ့တယ်လို့သိရပါတယ်။

ပုံစာ – သေဆုံးသွားသည့် အိုးပေါက်ရွာအုပ်စုအုပ်ချုပ်ရေးမှူး ဘိုကွီး (ခ) ခင်မောင်လတ်
0 Shares:
You May Also Like
Read More

ဖရူဆိုကိုသွားသည့် စစ်ကြောင်းမှ စစ်မှုထမ်းတပ်သား ၁ ဦး သေနတ် ၂ လက်နှင့် ခဲယမ်းများ ယူဆောင်ပြီး အလင်းဝင်

မကွေးတိုင်းထဲမှာ စစ်မှုထမ်းစုဆောင်းခံရပြီး စစ်ကြောင်းနဲ့ပါလာသူ ၁ ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး ကရင်နီပြည်တပ်မတော် အမှတ် (၅) တပ်ရင်းထံ အလင်းဝင်ခိုလှုံလာတယ်လို့ အဆိုပါ တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ထိုင်းမှာ တရားမဝင် နေထိုင်ရာက အဖမ်းခံရပြီး စစ်မှုထမ်းတပ်သား ဖြစ်လာသူ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင် ‌

မွန်ပြည်နယ်၊ သထုံမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်  ၄၀၂ အမြောက်တပ်ရင်းက စစ်မှုထမ်းတပ်သားသစ် ၁ ယောက်ဟာ လက်နက်ခဲယမ်းနဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ သထုံမြို့ပြအထူးပြောက်ကျားအဖွဲ့ဆီက သိရပါတယ်။
Read More

ဝက်လက်မြို့နယ်တွင် စစ်အုပ်စု ၅ ရက်တာ လေကြောင်းတိုက်ခိုက်မှုကြောင့် ရဟန်း ၁ ပါး အပါအဝင် ဒေသခံ ၁၇ ဦး သေဆုံးခဲ့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ၅ ရက်တာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ရဟန်း ၁ ပါး အပါအဝင် ဒေသခံ ၁၇ ယောက် သေဆုံးပြီး ၂၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network ထံက သိရပါတယ်။
Read More

ပြည်သူ ၇၁ ရာခိုင်နှုန်းကျော် ပါဝင်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်သာ အတည်ဖြစ်ပြီး စစ်အာဏာရှင်စနစ်ကို တရားဝင်မှုပေးသည့် အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း NLD ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ လက်ရှိ စစ်အုပ်စု ကျင်းပဖို့ ကြိုးပမ်းနေတဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံ၊ အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ကြောင်းနဲ့ ၂၀၂၀ ရွေးကောက်ပွဲကသာ ပြည်သူလူထုဆန္ဒနဲ့အညီ တည်ရှိနေဆဲဖြစ်ကြောင်း မနေ့က အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

မိုးကုတ်မြို့တွင် အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အမျိုးသား (၁) ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးတွေ လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးရဲဘော်တွေအပေါ် ကြောက်ရွံ့စိတ်မရှိဘဲ ရင်းနှီးမှုရဖို့ ခရစ္စမတ်အကြို အားကစားပြိုင်ပွဲပြုလုပ်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် (၅) ဟာ တပ်ရင်းစိုးမိုးနယ်မြေက ပြည်သူတွေနဲ့ ပူးပေါင်းပြီး ခရစ္စမတ်အကြို အားကစားပြိုင်ပွဲပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။