မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းက မြောက်ခင်ရန်းပျူစောထီးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးအယောက် ၂၀ နီးပါး ထိခိုက် သေဆုံးကြောင်း မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ Ah Nyar Heroes အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က မြောက်ခင်ရန်းကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုတွေရှိရာကို Ah Nyar Heroes အဖွဲ့ဝင်တွေက လက်လုပ် လက်နက်ကြီး ၇လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုဟာ မြောက်ခင်ရန်း စစ်အုပ်စုတွေရဲ့ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုကြောင့် သေဆုံးသွားခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ယောက်အတွက် သွေးကြေးပြန်တောင်းတာ ဖြစ်တယ်လို့လည်း Ah Nyar Heroes အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
“ပစ်တဲ့ လက်နက်ကြီးကတော့ ကျနော်တို့ နာမည်တော့ မပေးထားပါဘူး။ ကျနော်တို့ကိုယ်တိုင် ထုတ်လုပ်ထားတာပါ။ လက်လုပ်လို့ပဲ ပြောရမှာပေါ့။ ၇လုံးပစ်တာမှာ ၅လုံးကို ထိထိရောက်ရောက် ပစ်ခတ်နိုင်ခဲ့ပေမယ့် ၂လုံးကတော့ အလွဲအချော်ဖြစ်ခဲ့ပါတယ်။” လို့ Ah Nyar Heroes အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် မြောက်ခင်ရန်းပျူစောထီးရွာအတွင်းက စစ်သားနဲ့ ပျူစောထီး အယောက် ၂၀ နီးပါး ထိခိုက်သေဆုံးခဲ့တယ်လို့လည်း ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပုံစာ – Ah Nyar Heroes တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်နေစဥ်
0 Shares:
You May Also Like
Read More

တောင်ငူလေတပ် တိုက်ခိုက်မှုအတွင်း လေယာဥ်ခဲယမ်းနှင့် ဗုံးသီးဂိုဒေါင် ပေါက်ကွဲပြီး လုံခြုံရေး ၆ ဦး သေ၊ ပြင်းထန်သည့် ထပ်ဆင့်ပေါက်ကွဲမှုများပါ ဆက်ဖြစ်ခဲ့

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ့ ကေတုမတီလေတပ်ဝန်းအတွင်းကို ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှုမှာ လေယာဥ်ခဲယမ်းနဲ့ ဗုံးသီးဂိုဒေါင်ပေါက်ကွဲပြီး ထပ်ဆင့်ပေါက်ကွဲမှုတွေဖြစ်ကာ လုံခြုံရေးယူနေသူ ၆ ယောက် ထိခိုက်သေဆုံးခဲ့ကြောင်း BWM တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

DMO PDF အမှတ် (၁၁၀၆) တပ်ရင်း ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ DMO PDF အမှတ် (၁၁၀၆) တပ်ရင်းက ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မှော်ဘီတွင် စစ်ကောင်စီ လေတပ်အသိုင်းအဝိုင်းပိုင်သည့် ဆိုင်ခန်းများ လက်ပစ်ဗုံးပစ်တိုက်ခိုက်ခံရ၊ စစ်ကောင်စီ လေတပ်နှင့် ပတ်သက်သူများကို တိုက်ခိုက်မည်ဟု Yangon Army အသိပေး

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ အကြမ်းဖက်လေတပ်နဲ့ ပတ်သက်ဆက်နွယ်နေသူတွေရဲ့ ဆိုင်ခန်းတွေကို လက်ပစ်ဗုံးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA) အဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပွင့်ဖြူတွင် အကြမ်းဖက်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က ၂၁ ဦး မျက်မြင်သေဆုံး၊ နှစ်ဖက်စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြိုနယ်မှာ အင်အား ၂၀၀ ကျော်ပါ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က ၂၁ ယောက် မျက်မြင်သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖ က သတင်းထုတ်​ပြန်ပါတယ်။
Read More

ရာမညမွန်တပ်တော်၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၄) သင်တန်းသားများကို ဆေးတပ်ဖွဲ့က လက်တွေ့သင်တန်းပို့ချခဲ့ (ဓာတ်ပုံသတင်း)

ရာမညမွန်‌တပ်တော် (NMSP(AD)/ RMA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၄) သင်တန်းသားတွေကို ရာမညမွန်တပ်တော်နဲ့ Ye Guerrilla Force ဆေးတပ်ဖွဲ့က လက်တွေ့သွားရောက်ပြသသင်တန်းပေးခဲ့တယ်လို့ Ye Guerrilla Force က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဗမာ့တပ်တော်ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

အညာဒေသအခြေစိုက် ဗမာ့တပ်တော် - BAMAR ARMY အခြေခံစစ်ပညာသင်တန်း၊ အမှတ်စဥ် ( ၂/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။