လက်ရှိ နိုင်ငံရေးရှုပ်ထွေးမှုများ ဖြစ်ပေါ်နေတဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဆန္ဒပြစုဝေးရာ နေရာတွေကို ရှောင်ရှားကြဖို့၊ ထိုင်းနိုင်ငံရေးလှုပ်ရှားမှုတွေမှာ မပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ဇူလိုင်လ ၂ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် မလွှဲသာမရှောင်သာ အိမ်နီးချင်း ထိုင်းနိုင်ငံကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ကိုယ်ရောက်ရှိရာ နိုင်ငံရဲ့ ဥပဒေ၊ ယဥ်ကျေးမှု ဓလေ့ထုံးတမ်း၊ လူမှုအသိုင်းအဝိုင်းနဲ့ သဟဇာတဖြစ်အောင် နေထိုင်ကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကိုယ်စား ထိုင်းဘုရင်၊ အစိုးရ၊ လွှတ်တော်၊ ထိုင်းတပ်မတော်နဲ့ ထိုင်းပြည်သူတွေကို ကျေးဇူးတင်ကြောင်းလည်း NUG က ဆိုထားပါတယ်။

“မိမိတို့မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် ဖိနှိပ်ရက်စက်မှုများကြောင့် ထွက်ပြေးခိုလှုံလာရသည့် မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ခြိမ်းခြောက်နေသူများ မဟုတ်ကြပါ။ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်အုပ်စု၏ အာဏာသိမ်းအကြမ်းဖက်မှုကို ဖယ်ရှားအောင်မြင်ပြီးပါက အမိမြန်မာနိုင်ငံသို့ ပြန်လည် နေထိုင်ကြမည့်သူများသာ ဖြစ်ပါသည်။” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံ နယ်စပ်အရေးအတွက် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ် နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့ ဖုန်းပြောခဲ့တဲ့ အသံဖိုင် ပေါက်ကြားလာပြီးနောက် ထိုင်းဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆိုမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

ဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ် နုတ်ထွက်ပေးဖို့ ထိုင်းအထက်လွှတ်တော်အမတ်တွေရဲ့ တောင်းဆိုစာကို ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေရုံးက လက်ခံခဲ့ပြီးနောက် စီရင်ချက် မချခင်အချိန်အထိ ထိုင်းဝန်ကြီးချုပ်ကို ရာထူးတာဝန်ကနေ ဆိုင်းငံ့ထားတာ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

မလေးရှားရောက် ချင်းဒုက္ခသည်များ UNHCR ကို ဆန္ဒပြ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်သည့် မြန်မာစစ်တပ်ကို ပြင်းထန်စွာ ရှုတ်ချပြီး နိုင်ငံတကာဥပဒေ လေးစားရန် အာဆီယံ ဥက္ကဋ္ဌ ပြော

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်ခဲ့မှုအပေါ် အလွန်အမင်း စိုးရိမ်ပူပန်ပြီး ပြင်းထန်စွာ ရှုတ်ချကြောင်း အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
Read More

ဘယ်လာရုစ်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်တွင် စစ်လက်နက်ပစ္စည်း ထောက်ပံ့ရေးလုပ်ငန်း တိုးချဲ့နိုင်ဟု JFM ထုတ်ပြန်

မြန်မာနိုင်ငံကိုလာမယ့် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုရဲ့ ခရီးစဉ်မှာ စစ်လက်နက်ပစ္စည်းထောက်ပံ့တာသာမက စစ်ဘက်ဆိုင်ရာပညာနဲ့ လေ့ကျင့်သင်ကြားရေးအတွက်ပါ နှစ်နိုင်ငံဆက်ဆံရေးတိုးချဲ့လာနိုင်တယ်လို့ Justice For Myanmar က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ 
Read More

မြန်မာခရိုနီတချို့အပေါ် အရေးယူပိတ်ဆို့မှု ရုပ်သိမ်းတာဟာ မင်းအောင်လှိုင်ရဲ့ပြန်စာနဲ့ မဆိုင်ဘူးလို့ အမေရိကန်ပြော

“ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ချက်ဟာ အရင်အစိုးရလက်ထက်က စတင်ခဲ့တဲ့ ရှည်လျားတဲ့ လုပ်ငန်းစဉ်ကို ထင်ဟပ်စေပါတယ်” "ဒီဆုံးဖြတ်ချက်တွေနဲ့ စာကြားမှာ ဆက်စပ်မှုမရှိပါဘူး" လို့ ၎င်းက ဆိုပါတယ်။
Read More

နီပေါဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွင်းမှုအတွင်း လူ ၁၉ ဦး သေဆုံး၊ ၁၀၀ ကျော် ဒဏ်ရာရ၊ အစိုးရဆန့်ကျင် ဆန္ဒပြမှု ပိုမိုကျယ်ပြန့်လာ

နီပေါမှာ လူမှုကွန်ရက်ပိတ်ပင်မှုကြောင့် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်ပြိုခွဲမှုတွေကြောင့် လူ ၁၉ ယောက် သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
Read More

တရားမဝင် မြန်မာလုပ်သားများကို မြန်မာစစ်တပ်ထံ ပြန်လည်မပို့ဆောင်ရန် ထိုင်းအစိုးရကို CRPH တောင်းဆို 

ထိုင်းအစိုးရအနေနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာပြည်သူတွေကို အကြမ်းဖက်စစ်တပ်ထံ ပြန်မပို့ဘဲ NUG ၊ CRPH နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေထံ လွှဲပြောင်းပေးဖို့ CRPH နဲ့ တော်လှန်ရေး အင်အားစုတွေက တောင်းဆိုလိုက်ပါတယ်။