ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အတွက် ဂုဏ်ပြု ကဗျာရွတ်ခဲ့ကြတဲ့ မြင်းခြံထောင်က နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက် တိုက်ပိတ်ခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ကို ဂုဏ်ပြု ကဗျာရွတ်ဖတ်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြင်းခြံ‌ထောင်ရှိ ဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ပြီး ခြေချင်းခတ် တိုက်ပိတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

(ပုံဟောင်းကို အသုံးပြုထားပါတယ်)

အဲဒီလို ရိုက်နှက်တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဒီနေ့အချိန်ထိ ‌တိုက်ပိတ်ထားတဲ့အပြင် ရိုက်နှက်ထားစဉ်က ရရှိထားတဲ့ ဒဏ်ရာတွေကို ဆေးကုသခြင်း၊ ဆေးပေးခြင်းတွေမရှိဘဲ ထောင်ဝင်စာတွေ့ခွင့်နဲ့ ပါဆယ် ပို့ဆောင်ခွင့်တွေကိုပါ ကန့်သတ်ခံထားရတယ်လို့ သိရပါတယ်။

PPNM အနေနဲ့ အခုလို ကဗျာရွတ်ဖတ်ရုံမျှနဲ့ လူ့အခွင့်အရေးချိုးဖောက်နေကြတဲ့ ထောင်ဝန်ထမ်းတွေကို လူ့အခွင့်အရေး ပြန်လည်ရရှိချိန်မှာ တရားမျှတမှုရရှိအောင် ကြိုးစားလုပ်ဆောင်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ဝမ်းတွင်းတွင် ဆိုင်ကယ်စီးလာသည့် အရပ်သား ၂ ဦးကို အကြမ်းဖက်စစ်တပ် ၂ ရက်သာ ခြားပြီး ပစ်သတ်ခဲ့

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ ဆိုင်ကယ်မရပ်ပေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အရပ်သား ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က ၂ ရက်ပဲ ခြားပြီး ပစ်သတ်ခဲ့ကြောင်း Voice Of Wundwin အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

NUG အစိုးရဟာ ဥပဒေအရရော မြေပြင်အချက်အလက်အရပါ မြန်မာအစိုးရဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက အာဆီယံအလှည့်ကျဥက္ကဋ္ဌ မရှားဝန်ကြီးချုပ်ဆီ သဝဏ်လွှာပေးပို့၊ အကြမ်းဖက်စစ်တပ်ဟာ တိုင်းပြည်နယ်မြေရဲ့ ၂၅ ရာခိုင်နှုန်းအောက်သာ ထိန်းချုပ်ထားနိုင်ဟု ဆို

အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၊ ယာယီသမ္မတ ဒူဝါလရှီးလက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Dato' Seri Anwar Ibrahim ဆီ ဇန်နဝါရီ ၇ ရက်မှာ သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့တယ်လို့ NUG သမ္မတရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးက အိုးဝေသမားတစ်ယောက် လူရော အိုးဝေပါ ပျောက်ဆုံးနေ

မန္တလေးမြို့၊ မဟာအောင်‌မြေမြို့နယ်မှာ နေထိုင်တဲ့ အိုးဝေသမားတစ်ယောက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက် ညနေပိုင်းကနေ ဒီနေ့အချိန်ထိ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

PDF နည်းဗျူဟာ (၃၃) နှင့် မွန်ပြည်တော်လှန်ရေးတပ် MSRF တို့ ညီနောင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ နည်းဗျူဟာ (၃၃)နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ညီနောင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းလိုက်ပြီလို့ ဒီနေ့ ဩဂုတ်လ ၂၇ရက်မှာ သက်ဆိုင်ရာ တပ်ဖွဲ့တွေက အသိပေး ထုတ်ပြန်ပါတယ်။
Read More

ရခိုင်ပြည်နယ် စေလွှတ်ခံရတဲ့ ခလရ ၉၈ အကြမ်းဖက်စစ်တပ် အသေအပျောက်များခဲ့လို့ မော်လမြိုင်ကျွန်းအခြေစိုက် ခလရ ၅၃၆ ကို ထပ်ပို့

ဧရာဝတီတိုင်း ဖျာပုံအခြေစိုက်တဲ့ ခလရ ၉၈ တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီးနောက် မော်လမြိုင်ကျွန်းမြို့နယ် အခြေစိုက်တဲ့ ခလရ ၅၃၆ ရခိုင်ပြည်နယ်သို့ ထပ်မံ အပို့ခံရကြောင်း အကြမ်းဖက်စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

သင်္ကြန်ကာလအတွင်း မူးယစ်သောက်စားပြီး ခိုက်ရန်ဖြစ်ပွားတာ၊ ကခုန်ပျော်ပါးတာတွေမလုပ်ဖို့ ကော့သောင်းပကဖ သတိပေး

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်အတွင်း ငလျင်ဒဏ်သင့်ပြည်သူတွေကိို စာနာကြောင်းပြသတဲ့အနေနဲ့ သင်္ကြန်ကာလ မူးယစ်သောက်စားတာတွေနဲ့ အသံချဲ့စက်ဖွင့် ကခုန်ပျော်ပါးတာ၊ ခိုက်ရန်ဖြစ်ပွားတာတွေမလုပ်ဆောင်ကြဖို့ ကော့သောင်းပကဖ က သတိပေးထုတ်ပြန်ထားပါတယ်။