ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) နဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်က တပ်ရင်းတပ်ဖွဲ့တွေ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့အပြင် ဘဏ္ဍာရေးဆိုင်ရာ ရင်းမြစ်တွေကို မျှဝေအသုံးပြုနိုင်ဖို့ သဘောတူညီမှုရရှိခဲ့ကြောင်း SF/SAF က ထုတ်ပြန်ပါတယ်။

ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်ရဲ့ ဗဟိုကော်မတီဝင်တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့ ဇွန်လ ၂၉ရက်မှာ အွန်လိုင်းကတဆင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အခုလို သဘောတူညီမှု ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ တွေ့ဆုံမှုမှာ မကွေးတိုင်း စစ်ဆင်ရေးစီမံချက်နဲ့ပတ်သက်လို့ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ကျောင်းသားလက်ရုံးတပ်တော်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်က တပ်ရင်းတပ်ဖွဲ့တွေ တာဝန်ခွဲဝေကာ စစ်ဆင်ရေးလုပ်ငန်းတွေကို လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်သွားမယ့်အပြင် ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ်တွေကို မျှဝေအသုံးပြုနိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူထားတယ်လို့ ဆိုပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်းစစ်ဌာန တာဝန်ရှိသူတွေနဲ့ ပိုမိုရင်းနှီးစွာ တွေ့ဆုံပြီး မြေပြင်လုပ်ငန်းစဥ်တွေကို ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ ကျောင်းသားလက်ရုံးတပ်တော်က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ဆောမှာ စစ်ရှောင်စခန်းတစ်ခုက သားအမိနှစ်ယောက် တောင်ကျချောင်းရေနဲ့အတူ မျောပါသေဆုံး၊ရေတိုက်စားသွားလို့ ပိတ်ထားရတဲ့လမ်းပိုင်းကို တစ်ရက်တည်း ဝိုင်းဝန်းပြုပြင်ခဲ့ကြ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်မှာ တောင်ကျချောင်း​ရေထိုးကျပြီး စစ်ရှောင်စခန်းနေ သားအမိ ၂ယောက် ရေထဲမျောပါသေဆုံးခဲ့သလို လက်ရှိမှာ ကလေးအလောင်းကိုသာ ပြန်လည်ရှာတွေ့ထားတယ်လို့ ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။
Read More

ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးလမ်းခွ တိုက်ပွဲအတွင်း DMO Local PDF တပ်ရင်း ၂ မှ ၂၁ နှစ်အရွယ် ရဲဘော် ၃ ဦးနှင့် ၂၃ နှစ်အရွယ် ရဲဘော် ၁ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF) တပ်ရင်း ၂ မှ ရဲဘော် ၄ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

မုံရွာမှာ ဗိုလ်ကြီးအဆင့်ရှိသူအပါ စစ်ကောင်စီတပ်သား ၂ ဦးကို တိုက်ခိုက်ရာ ၂ ဦးလုံး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ စက်တွင်းအထိုင်စခန်းကနေ ဆိုင်ကယ်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို စောင့်ကြိုတိုက်ခိုက်ရာ ၂ ယောက်လုံး နေရာမှာတင် သေဆုံးသွားတယ်လို့ ပြည်သူ့လူမိုက်အဖွဲ့  (Local PDF) ထံက သိရပါတယ်။
Read More

တောင်ငူမြို့ရှိ စစ်ကောင်စီ၏ ခလရ ၃၉ ကို ၁၀၇ မမရှော့ဒုံးများဖြင့် တိုက်ခိုက်၊ အရာရှိ ၂ ဦးအပါ ၅ ဦးပွဲချင်းပြီးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် ၃၉ ခြေလျင်တပ်ရင်း(ခလရ) ကို ၁၀၇ မမ ရှော့ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ အရာရှိ ၂ ယောက်အပါအဝင် ၅ ယောက်သေဆုံးပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မော်ချီးဒေသ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၃၂ ဦးအထိ ရှိလာ

ကရင်နီပြည်နယ်၊ မော်ချီးဒေသက အရပ်သားပြည်သူတွေ နေထိုင်ရာနေရာကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ အရေအတွက်ဟာ ၃၂ ယောက်အထိ ရှိလာနေပြီလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က သတင်းထုတ်ပြန်လာပါတယ်။
Read More

စစ်အာဏာသိမ်းမှုကို ထောက်ခံခဲ့တဲ့ ဒေါ်သက်သက်ခိုင်နဲ့ ပြည်ထောင်စုဝန်ကြီးအချို့ကို စစ်ကောင်စီက ရာထူးမှရပ်ဆိုင်း

မင်းအောင်လှိုင်ကို အာဏာသိမ်းဖို့ အားပေးခဲ့တဲ့ ဒေါ်သက်သက်ခိုင်အပါအဝင် ပြည်ထောင်စုဝန်ကြီး ၃ဦးကို စစ်ကောင်စီက တာဝန်ကရပ်ဆိုင်းလိုက်တယ်လို့ မနေ့က ဇန်နဝါရီ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။