လာမယ့် နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြွေးကြော်ထားတဲ့ စစ်ကောင်စီဟာ လူထုထောက်ခံမှု မရှိတဲ့ ပါတီတွေနဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။

ဒီနေ့ ဇူလိုင်လ ၁ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ “ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကား ပြောကြားခြင်း” အစီအစဥ်မှာ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ပြည်သူ့အာဏာကို မတရားသိမ်းယူဖို့ ကြိုးစားနေတဲ့ တရားမဝင် စစ်အုပ်စုဟာ ရွေးကောက်ပွဲကို ကျင်းပဖို့ အခွင့်အာဏာမရှိသလို ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ဟာ တရားဝင်နေဆဲဖြစ်ကြောင်း၊ အဲဒီရွေးကောက်ပွဲ ရလဒ်အရ ပေါ်ပေါက်လာတဲ့ ဥပဒေပြုရေး မဏ္ဍိုင်၊ အုပ်ချုပ်ရေး မဏ္ဍိုင်တွေဟာလည်း အခိုင်အမာ တည်ရှိနေကြောင်း ဆိုပါတယ်။

ဒါ့အပြင် ပြည်သူလူထုရဲ့ သဘောထားကို ဆန့်ကျင်နေတဲ့ တရားမဝင် ရွေးကောက်ပွဲကို ဖန်တီးပြုလုပ်နေတာဟာ ဒီမိုကရေစီကို ချိုးဖောက်နေတာ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ်လို့ မှတ်ပုံတင်ထားကြတဲ့ ပါတီတွေကလည်း လူထုထောက်ခံမှု မရှိတဲ့ ပါတီတွေဖြစ်တယ်လို့ ‌ဝေဖန်ပြောဆိုပါတယ်။

“တရားမဝင် အတုအယောင် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ မှတ်ပုံတင်ထားကြတဲ့ နိုင်ငံရေး ပါတီတွေဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပါတီအားလုံးပေါင်းရင်တောင် ပြည်ထောင်စုလွှတ်တော်နေရာ ၁၀ ရာခိုင်နှုန်းပြည့်အောင် အနိုင်မရရှိခဲ့ကြတဲ့ လူထုထောက်ခံမှု မရှိသော နိုင်ငံရေးပါတီတွေ ဖြစ်ပါတယ်” လို့ ဦးနေဘုန်းလတ်က ဆိုပါတယ်။

စစ်ကောင်စီဟာ ရွေးကောက်ပွဲ မလုပ်ခင်မှာ အတုအယောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဟန်ပြ ပြုလုပ်နေကာ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီး ပြည်သူတွေဒုက္ခရောက်နေချိန်မှာလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၉၈၂ ကြိမ် ကျူးလွန်ခဲ့တာကြောင့် သေဆုံးသူ ၆၀၈ ယောက်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းမှသာ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ ဖြစ်တာကြောင့် ပြည်သူလုထု အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ အတုအယောင် ရွေးကောက်ပွဲ အပါအဝင် အတုအယောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ဒီလုပ်ငန်းစဉ်တွေမှာ ပါဝင်နေသူတွေအားလုံးကို တော်လှန် ဆန့်ကျင်ကြဖို့ကိုလည်း တိုက်တွန်း နှိုးဆော်ထားပါတယ်။

0 Shares:
You May Also Like
Read More

နိုင်ငံတစ်ဝန်း မတ်လ ဒုတိယအပတ်အတွင်း စစ်ကောင်စီတပ်က ၂၈ ဦး အလင်းဝင်၊ စစ်သုံ့ပန်းအဖြစ် ၄၈ ဦး ဖမ်းဆီးရမိ…

နိုင်ငံတစ်ဝန်း မတ်လဒုတိယအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ၂၈ ယောက် အလင်းဝင်လာပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကောလင်းခရိုင်တပ်ရင်း ၂ ဆီ လက်နက်နဲ့ အလင်းဝင်လာသူတွေကို ကျပ်သိန်း ၃၀ စီ ဆုချီးမြှင့်

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့တွင်းက အကြမ်းဖက်စစ်ကောင်စီတပ်တွေကနေ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင် တပ်ရင်း ၂ ထံ လက်နက်နဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကျပ်သိန်း ၃၀ စီ ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန် မြို့တော်ခန်းမရှေ့ အကြမ်းဖက်စစ်တပ်လုံခြုံရေးဂိတ် ဗုံးခွဲခံရ

ရန်ကုန်မြို့လယ်ခေါင်၊ မြို့တော်ခန်းမရှေ့မှာ လုံခြုံရေးယူထားတဲ့ အကြမ်းဖက်စစ်သားတွေ ဗုံးခွဲတိုက်ခိုက်ခံရပြီး စစ်အုပ်စုက ပိတ်ဆို့ရှာဖွေမှုတွေလုပ်ဆောင်ခဲ့ကြောင်း Freeland Attack Force (FLA) က ထုတ်ပြန်ပါတယ်။
Read More

ဇူလိုင်လမှ ဩဂုတ်လအတွင်း စစ်အုပ်စုကြောင့် အရပ်သား အမျိုးသမီး ၇၈ ဦး သေဆုံးဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံဝန်း ဇူလိုင်လကစလို့ ရက်ပေါင်း ၅၀ အတွင်း အကြမ်းဖက်စစ်တပ်ကြောင့် အရပ်သား အမျိုးသမီး ၇၈ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ကျန်းမာရေးဝန်ထမ်း ၁၄၀ နီးပါး သေဆုံးခဲ့ရ

စစ်အာဏာသိမ်း ၄နှစ်တာအတွင်း စစ်ကောင်စီကြောင့် ကျန်းမာရေးဝန်ထမ်း ၁၄ဝ နီးပါးသေဆုံးပြီး ရှစ်ရာကျော် ဖမ်းဆီးခံထားရတယ်လို့ Reliefweb  အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ သေဒဏ်ချထားတဲ့ CDM ရေတပ်သား ကိုပြည့်စုံဦး အင်းစိန်ထောင်ထဲမှာပဲ ကွယ်လွန်

ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်မှာ သေဒဏ်ကျခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုပြည့်စုံဦးဟာ အကျဉ်းထောင်ထဲမှာပဲ ကွယ်လွန်သွားပြီဖြစ်ကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။