၂၀၂၅ ခုနှစ် ဇွန်လ တတိယ ရက်သတ္တပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၁၃ ယောက် အလင်းဝင်လာပြီး ၁၈ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က ထုတ်ပြန်ပါတယ်။

ဇွန်လ ၁၅ ရက်ကနေ ၂၁ ရက်အတွင်း အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ယောက်အထဲက ၁၀ ယောက်ဟာ စစ်သားတွေဖြစ်ပါတယ်။ တနင်္သာရီတိုင်းက ၈ ယောက်၊ စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းက ၁ ယောက်စီဖြစ်ပြီး အဲ့ဒီအထဲက ၆ ယောက်ဟာ စစ်မှုထမ်းတပ်သားသစ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်တဲ့အထဲ မကွေးတိုင်းက ရဲ ၁ ယောက်နဲ့ ပြည်သူ့စစ် ၁ ယောက်၊ စစ်ကိုင်းတိုင်းက ပြည်သူ့စစ် ၁ ယောက်လည်း ပါဝင်တယ်လို့ ပြည်သူ့ပန်းတိုင်က ဆိုပါတယ်။

စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတဲ့ စစ်သား ၁၈ ယောက်ကတော့ မကွေးတိုင်းက (၁၇) ယောက်နဲ့ မန္တလေးတိုင်းက (၁) ယောက်ဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လ တတိယပတ်အထိ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၁၄၂၉ ယောက် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဌာနချုပ်ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA ဌာနချုပ်ကို တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ PNLA က ထုတ်ပြန်ထားပါတယ်။
Read More

ဘောလခဲနှင့် ဖားဆောင်းစစ်ဆင်ရေးအတွင်း KNDF တပ်ရင်း ၁၅ မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် (၁၅) က ရဲဘော် ခွန်းဟဲဒီလင်း(ခ)ဂျေဆန်နဲ့ ရဲဘော် စောဆာဘွယ်မူး(ခ)ခူးထျိုးရယ်တို့ဟာ ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်နဲ့ ဖားဆောင်းမြို့နယ် ရှေ့တန်းစစ်မြေပြင်တွေမှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တယ်လို့ KNDF တပ်ရင်း ၁၅ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒီးမော့ဆိုမြို့ ရှေ့တန်းတစ်နေရာတွင် KNPDP တပ်ရင်းအမှတ်(၃) မှ ၂၃ နှစ်အရွယ် ရဲဘော်ဂျေရုန်း ကျဆုံး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ Karenni National Peace and Development Party (KNPDP) တပ်ရင်းအမှတ် ၃ က ရဲဘော်ဂျေရုန်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရခိုင်စစ်ပွဲအတွင်းကနေ လက်နက်နဲ့အတူ ထွက်ပြေးလာတဲ့ စစ်သား ၃ ယောက်ထဲက ၂ ယောက်ကို အကြမ်းဖက်စစ်တပ် ပြန်ဖမ်းမိ

ရခိုင်ပြည်နယ် ဂွမြို့တိုက်ပွဲထဲကနေ သေနတ် ၂ လက်နဲ့အတူ ဧရာဝတီတိုင်းထဲ ထွက်ပြေးသွားတဲ့ စစ်သား ၃ ယောက်ထဲက ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က ပြန်လည်ဖမ်းဆီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ချင်းတောင်ပေါ် စစ်ကြောင်းထိုးလာသည့် စစ်တပ်စစ်ကြောင်းမှ ဒုတပ်ကြပ် ဦးဆောင်ကာ စစ်မှုထမ်းတပ်သား ၁၈ ဦးနှင့်အတူ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းတောင်ပေါ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းက ဒုတပ်ကြပ် ၁ ယောက် ဦးဆောင်ပြီး စစ်မှုထမ်းတပ်သား ၁၈ ယောက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Ranger Kalay Defend Force က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မူးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၁)ဦး သေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရ…

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင့် ပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။