ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ညီညွတ်သောတိုင်းရင်းသားများ အဖွဲ့အစည်း (ဂျပန်) AUN-Japan ရဲ့ နှစ်ပတ်လည် ညီလာခံအခမ်းအနားနဲ့ ၂၀၂၅/၂၀၂၆ ခုနှစ်အတွက် အလုပ်အမှုဆောင်သစ် ရွေးချယ်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်ရုံးက ဇွန်လ ၂၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

အခမ်းအနားကို AUN Founder တွေနဲ့  နာယကကြီးတွေ၊ အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပြီး AUN ဥက္ကဋ္ဌကိုဘုန်းမြင့်က အဖွင့်အမှာစကားပြောကြားကာ ဒုဥက္ကဋ္ဌကိုသံလွင်က အမှုဆောင်ဟောင်း ဖြတ်သန်းမှု အတွေ့အကြုံကို ရှင်းလင်းတင်ပြခဲ့တယ်လို့ သိရပါတယ်။

NUG ကိုယ်စားလှယ် ဦးစောဘလှသိန်းကလည်း လက်ရှိ နိုင်ငံရေးအခင်းအကျင်းတွေကို ရှင်းလင်ပြောကြားခဲ့သလို သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေ အပြန်အလှန် ဆွေးနွေးဖလှယ်ကြပြီး AUN-Japan ရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးတင်ပြခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် AUN-Japan ရဲ့ ရွေးကောက်/ကော်မရှင်အဖွဲ့က တာဝန်ယူဆောင်ရွက်ပြီး အ​​မှုဆောင်ဟောင်းကနေ အဖွဲ့အစည်းနဲ့ ဆိုင်တဲ့စာရွက်စာတမ်းတွေကို ကော်မရှင်ဆီ အပ်နှံခဲ့ပြီး အမှုဆောင်သစ်ကို မဲစနစ်နဲ့ ရွေးချယ်တင်မြှောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ဆက်လက်တည်ရှိရေး နယူးယောက်မြို့ UN  ရုံးချုပ်​ရှေ့ ချီတက်ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကမ္ဘာ့ကုလသမဂ္ဂ ရုံးချုပ်အနီးက Dag Hammerskjold Plaza မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်တည်ရှိရေးအတွက် Global Action for Credential Campaign 2025 အဖြစ် Our UN Ambassador U Kyaw Moe Tun, The True Voice of Myanmar ခေါင်းစဉ်နဲ့ လူထုထောက်ခံချီတက် ဆန္ဒပြမှု ပြုလုပ်ခဲ့ပါတယ်။
Read More

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်

(၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ (IPU) ညီလာခံမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်လိုက်တယ်လို့ CRPH က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုဟာ အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် ထရန့် ဆက်လက်သက်တမ်းတိုး

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားမှုဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် ဆက်လက်သတ်မှတ်ပြီး စစ်ဗိုလ်ချုပ်တွေကိုလည်း ဆက်လက်အရေးယူပိတ်ဆို့ထားဦးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး ထုတ်ပြန်ပါတယ်။ 
Read More

ကစားသမားဘဝကို နိုင်ပွဲနှင့်အတူ စွန့်ခွာသွားခဲ့တဲ့ ကချင်တိုင်းရင်းသား MMA ဖိုက်တာ အောင်လအန်ဆန်

ထိုင်းနိုင်ငံမှာ ဒီနေ့ အောက်တိုဘာ (၄)ရက် မနက်ပိုင်းက ကျင်းပခဲ့တဲ့ ONE Fight Night ပွဲစဉ်မှာ MMA ဖိုက်တာ အောင်လအန်ဆန်ဟာ ပြိုင်ဘက်ဖြစ်သူ ဆွီဒင်နိုင်ငံသား ဖိုက်တာ ကာဒက်စတမ်ကို အလဲထိုးကာ ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
Read More

ထိုင်းမှ မလေးရှားသို့ ဝင်ရောက်ရန် ကြိုးပမ်းသည့် အထောက်အထားမဲ့ မြန်မာ ၁၀ ဦးကို မလေးရှားစစ်တပ်ဖမ်းဆီး

ထိုင်းနိုင်ငံကနေ မလေးရှားနိုင်ငံထဲ တရားမဝင် ဝင်ရောက်ဖို့ Golok မြစ်ကို ဖြတ်ဖို့ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံသား ၁၀ ယောက်ကို မလေးရှားစစ်တပ် (TDM) က ဖမ်းဆီးထားတယ်လို့ Malay Mail သတင်းက ဖော်ပြထားပါတယ်။
Read More

မြန်မာကို ကာလဝမ်းရောဂါဆေးတွေ ထိုင်း အကူအညီပေး

မြန်မာပြည်မှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါ ကာကွယ်တိုက်ဖျက်ရေး အကူအညီဖြစ်စေဖို့ ကာလဝမ်းရောဂါဆေးတွေကို ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပေးထားကြောင်း Bangkok Post က ဒီဇင်ဘာ ၂၄ ရက်မှာ ဖော်ပြထားပါတယ်။