”သူငယ်ချင်း ၃ ယောက် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ၉ နာရီခွဲလောက် ၇၃ လမ်း ပေါ်က ပြန်လာတဲ့အချိန် ကျနော်တို့ကို လမ်းမှာစစ်ပြီးခေါ်လာတာ။ ပြီးတော့ ကျောက်မီးသွေးစခန်းကို ပို့လိုက်တယ်။  ပြီးတော့ ကျနော်တို့အမေတွေကို ခေါ်ပြီးတော့ ပြန်ထွက်ချင်ရင် ပိုက်ဆံ ၁၅၀ (ကျပ်သိန်း ၁၅၀) ပေးရမယ်ဆိုပြီးပြောတယ်။ ကျနော်တို့ အမေတွေကလည်း ပိုက်ဆံ ၁၅၀ ပေးလိုက်တော့ ကျနော်တို့ကို ညတွင်းချင်းပဲ ပြင်ဦးလွင် စုဆောင်းရေးကို ပို့လိုက်တယ်။ ပြင်ဦးလွင်မှာ ၁၀ ရက်လောက်ထားပြီး ဗထူးသင်တန်းကျောင်းကို ပို့လိုက်တယ်”

0 Shares:
You May Also Like
Read More

ဘုတလင်မြို့ သပြေပင်ရွာထဲ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရကာ အများအပြားသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းရှိ သပြေပင်ရွာထဲ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးခဲ့တယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၉ ရက် ဒီမနက်မှာ သပြေပင်ရွာထဲ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးပြီး ဒဏ်ရာရရှိသွားတဲ့ စစ်သားတွေကို ကားပေါ်တင်ပြီး အထိုင်စခန်းသို့ ပြန်ပို့ခဲ့ကြောင်း သိရပါတယ်။
Read More

KIA နှင့်အတူ စစ်ဆင်ရေးများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဗမာ့တပ်တော်ထုတ်ပြန် (ရုပ်/သံ)

ကချင်ဒေသအတွင်း KIA နဲ့ အတူ စစ်ဆင်ရေးလှုပ်ရှားဆောင်ရွက်နေတဲ့ ဗမာ့တပ်တော်ရဲဘော်တွေရဲ့  စစ်ရေးလှုပ်ရှားမှု မှတ်တမ်းရုပ်သံကို ဗမာ့တပ်တော်က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကျဆုံးသွားတဲ့ စစ်ကြောင်းမှူးကိုနိုင်မင်းရဲ့ လလည် (ရုပ်/ သံ)

စစ်အာဏာရှင်ကို တိုက်ထုတ်ရန်ကြိုးစားရာမှာ  ရဲဘော်အများအပြား ပေးဆပ်ခဲ့ရပြီး ဖြစ်တဲ့အတွက်  ရဲဘော်များအနေနဲ့ ခံယူချက်ပျောက်၍ မရကြောင်း၊ ခံယူချက်ဖြင့်သာ တော်လှန်ရေးကို ရှေ့ဆက်သွားရမှာဖြစ်တယ်လို့ ဆိုပါတယ်။
Read More

ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်မှု ၇ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ အင်အား ၈၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒီဇင်ဘာ ၁၃ ရက်က တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ ၇ ယောက် သေဆုံးခဲ့တယ်လို့ Monywa Inventor အဖွဲ့ထံက သိရပါတယ်။
Read More

ဆိုင်ကယ်စီးလာတဲ့ အကြမ်းဖက်စစ်သား ၂ ယောက်တိုက်ခိုက်ခံရပြီး ၂ယောက်စလုံး သေကာ သေနတ် ၁ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ညောင်ကိုင်းရွာကနေ တည်သီးတောရွာကို ဆိုင်ကယ်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား  ၂ ယောက်ကို အောက်တိုဘာ ၂၂ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ယောက်စလုံး သေဆုံးခဲ့တယ်လို့  ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကသိရပါတယ်။
Read More

လမ်းပေါ်မှာ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်နေတဲ့ စစ်ကောင်စီလက်အောက်ခံတွေ ပစ်ခတ်တိုက်ခိုက်ခံရလို့ ဆိုင်ကယ်တွေနဲ့ထွက်ပြေး (ရုပ်/သံ)

ပဲခူးတိုင်း ဇီးကုန်းမြို့နယ် ဘော်ဘင်ချောင်း သရက်ပင်အိုင်တံတား ဗျူဟာလမ်းပေါ်မှာ အောက်တိုဘာ ၁၆ ရက် ညနေပိုင်းက လမ်းသွားပြည်သူတွေကို ဖမ်းဆီးနှိပ်စက်နေတဲ့ အကြမ်း ဖက်စစ်သားနဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် ၊ တပ်ရင်း ၃၈ဝ၂ ၊ တပ်ခွဲ ၁ ထံက သိရပါတယ်။