မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းပျူရွာကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Ah Nyar Heroes အဖွဲ့က ဇွန်လ ၂၉ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

မြောက်ခင်ရန်းရွာအတွင်း စစ်ကောင်စီလက်အောက်ခံတွေရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့ ရဲဘော် ၂ ယောက်အတွက် လက်တုန့်ပြန့်တဲ့အနေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆိုပါ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားအများအပြား ထိခိုက်မှုရှိခဲ့တယ် ဒေသခံသတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်အရ သိရကြောင်း Ah Nyar Heroes က ထုတ်ပြန်ထားပါတယ်။

Video- Ah Nyar Heroes

0 Shares:
You May Also Like
Read More

ထားဝယ်ခရိုင် အမှတ်(၂)တပ်ရင်း ရဲ​ဘော်တွေရဲ့ မြို့ပြစစ်ဆင်​ရေးပုံစံ စစ်​ရေး​လေ့ကျင့်မှု (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်း ရဲဘော်တွေရဲ့ မြို့ပြစစ်ဆင်ရေးပုံစံ စစ်ရေးလေ့ကျင့်မှု ရုပ်သံမှတ်တမ်းကို PDF Dawei District Battalion 2 - P23302 က ဒီနေ့ ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်တောင်းမြစ်အရှေ့ခြမ်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ် စစ်တောင်မြစ်အရှေ့ခြမ်းမှာ ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်းက အင်အား ၁၀၀ ခန့်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ Nay Pyi Taw PDF-Battalion 901မှ ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်း ပျူစခန်းတွေကို ၃ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက သီးလုံးပျူစခန်း၊ ပန်းရံပျူစခန်း၊ မင်္ဂလာပျူစခန်းနဲ့ ဇီးကုန်းပျူစခန်းတွေကို စက်တင်ဘာ ၂၅ ရက်ကနေ ၂၇ ရက်အတွင်း ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile  အဖွဲ့ကနေ သိရပါတယ်။
Read More

ကျောက်ပန်းတောင်းတွင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ ‌ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Taung Tha People Defense Force က သတင်းထုတ်ပြန်ပါတယ်။
Read More

တန့်ဆည်မြို့နယ် ကံထူးမရွာကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲ ပြည်သူ ၈ ယောက်သေဆုံးပြီး ၁၂ ယောက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကံထူးမရွာရှိ စက်သုံးဆီဆိုင်နဲ့ စားသောက်ဆိုင်ကို လူစည်ကားနေ ချိန် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၈ ယောက်သေဆုံးပြီး ၁၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တန့်ဆည်မြို့နယ် ပကဖ မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းတွင် စားသောက်ဆိုင်ကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦး သေဆုံး၊ ယာဉ် ၄ စီး မီးလောင်ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တောင်းရင်းရွာအနီး မော်တော်ယာဉ်တွေရပ်နားတဲ့ စားသောက်ဆိုင်ကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သား ၆ ယောက်သေဆုံးပြီး ယာဉ် ၄ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။