ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့တွင်း နေရာတော်တော်များများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတဲ့အတွက် လမ်းပိုင်းတချို့ကို ပိတ်ထားတယ်လို့ ရှမ်းတောင် – (ကယား) ကရင်နီတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် ဇွန်လ ၃၀ ရက်နေ့ကစပြီး မိုးဗြဲမြို့အတွင်းရှိ အဓိကလမ်းမကြီးကို အရပ်သားပြည်သူတွေ လုံးဝ (လုံးဝ) ဖြတ်သန်းသွားလာခြင်းမပြုဖို့ သတိပေးရေးသားထားပါတယ်။ ဒါ့အပြင် မိုးဗြဲမြို့အနီး ကျေးရွာတွေမှာနေထိုင်တဲ့ ပြည်သူတွေလည်း စစ်ရေးအခြေအနေကို စောင့်ကြည့်ပြီး သွားလာနေထိုင်ကြဖို့ မေတ္တာရပ်ခံထားပါသေးတယ်။

“အရေးပေါ် အခြေအနေမလို့ ပြည်သူလူထုကို အသိပေးတာလောက်ပဲ ရလို့ပါ၊ လောလောဆယ်တော့ ဖြေကြားလို့ မရသေးလို့ပါ” လို့ South Shan Tactical Operation Command – 1 PDF တပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကို ပြောပါတယ်။

အလားတူ ဇွန်လ ၂၈ရက်နေ့ကလည်း စလင်းမြို့နယ်ကတဆင့် စစ်ကောင်စီတပ်သားတွေဟာ တင့်ကား ၂စီး၊ သံချပ်ကာကား ၂စီး၊ ဖောကားတွေသုံးပြီး ဆင်ဖြူကျွန်းမြို့နယ်ထဲကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပါတယ်။

အဆိုပါ စစ်ကြောင်းထိုးမှုကြောင့် စလင်း – မိုးဝန်း – သရက်ချဥ် – ဆင်ဖြူကျွန်းလမ်းပိုင်းကို ခရီးသွားပြည်သူတွေ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြဖို့ စလင်း ပကဖ က အသိပေးထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ရေးအခြေအနေအရ ထိတွေ့တိုက်ပွဲ အချိန်မရွေးဖြစ်ပွားနိုင်ပြီး စစ်အုပ်စုဘက်ကနေ ခရီးသွားကားတွေကို ချောဆွဲတာမျိုးတွေ ရှိနေတာကြောင့် မှားယွင်းပစ်ခတ်နိုင်တဲ့အတွက် အဆိုပါ လမ်းပိုင်းတွေကို ယာယီပိတ်ထားရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ရွှေပေါက္ကံမြို့သစ် ၂၂ ရပ်ကွက်ရုံးကို လက်ပစ်ဗုံး၂လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုဝင် တစ်ယောက်သေ

ရန်ကုန်တိုင်း၊ ရွှေပေါက္ကံမြို့သစ်က (၂၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ယောက်သေဆုံးပြီး ၁ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်း အမှတ် (၂၂) ရဲ့ (၂) နှစ်ပြည့်မွေးနေ့ (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် အမှတ် (၈) ဗျူဟာလက်အောက်ခံ တပ်ရင်း အမှတ် (၂၂) ရဲ့ (၂) နှစ်ပြည့်မွေးနေ့ အခမ်းအနားကို ဒီဇင်ဘာ ၁၉ ရက် ညပိုင်းက ဂုဏ်ပြုကိတ်ခွဲကာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ဆီဆိုင်မြို့နယ် တွေပူးကျေးရွာ ရွာသူကြီးကို စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ် ဖမ်းခေါ်သွား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တွေပူးကျေးရွာ ရွာသူကြီးကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဖမ်းဆီးသွားခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ထုတ်ပြန်ထားပါတယ်။
Read More

ရေစကြိုတွင် စစ်တပ် စက်တပ်လေထီးဖြင့် ဗုံးကြဲမှုကြောင့် အရပ်သား ၃ ဦး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ စစ်အုပ်စုရဲ့ စက်တပ်လေထီး (ပါရာမော်တာ) နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၃ရက်အတွင်း အရပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း Yesagyo Township Info Committee တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရေဦးမှာ စစ်ကောင်စီက စစ်ကြောင်း ၂ ကြောင်း အပြိုင်ထိုးကာ ကျေးရွာတွေကို မီးရှို့နေ၊ ပြည်သူ ၇၀၀၀ နီးပါး ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မြောက်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်း ၂ကြောင်း အပြိုင်ထိုးကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့  ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

မတ်လ ပထမအပတ်အတွင်း စစ်ကောင်စီတပ်မှ အလင်းဝင်လာသူနှင့် ဖမ်းဆီးခံရသည့် စစ်သုံ့ပန်း စုစုပေါင်း ၂၇ ဦး ရှိ

၂၀၂၅ ခုနှစ် မတ်လ ပထမအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကနေ အလင်းဝင်လာသူတွေနဲ့ ဖမ်းဆီးခံရတဲ့ စစ်သုံ့ပန်း စုစုပေါင်း ၂၇ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ စကစ၏ "ပြေးဟပရောဂျက် ယခုတစ်ပတ်" အစီအစဉ်မှာ ဖော်ပြထားပါတယ်။