ဧရာဝတီတိုင်းမှာ စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် မေလ ၁၅ ရက်ကနေ ဇွန်လ ၃၀ ရက်အတွင်း ပြည်သူ ၉ ယောက် သေဆုံးခဲ့တယ်လို့ People’s Liberation Force – ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ကနေ သတင်းထုတ်ပြန်ပါတယ်။

တော်လှန်စစ် တိုးချဲ့လာတာနဲ့အမျှ စစ်ရေးရှုံးနိမ့်လာတဲ့ စစ်ကောင်စီဟာ ရေကြည်မြို့နယ်အခြေစိုက် အမတ (၃၄၄) တပ်စခန်းနဲ့ လေးမျက်နှာမြို့နယ်တို့က သူတို့လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ လူနေကျေးရွာတွေက အိမ်ခြေအဆောက်အအုံနဲ့ အရပ်သားပြည်သူတွေကို လေယာဥ်၊ ဒရုန်း၊ စက်တပ်လေထီး (Paramotor)၊ လက်နက်ကြီး (မီးလောင်ဗုံး) တွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧရာဝတီတိုင်းအတွင်းက ၁၀ နှစ်အရွယ် ကလေး ၁ယောက် အပါအဝင် ၉ ယောက် သေဆုံးခဲ့ရပြီး အယောက် ၂၀ ထိခိုက်ဒဏ်ရာရသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့အနေနဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့် အသက်အိုးအိမ် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ပြည်သူလူထုတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းနဲ့ ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီအပေါ် အပြင်းထန်ဆုံး လက်တုံ့ပြန်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဆင်ဖြူကျွန်းမြို့နယ် နွယ်တမယ်တံတားအနီးကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ

မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့နယ် နွယ်တမယ် တံတားအနီးကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်နေတာလို့လည်း သိရပါတယ်။
Read More

CDF – Thantlang ရဲ့ အပတ်စဉ် (၁၁) Basic Military Training သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

Chinland Defense Force (CDF)- Thantlang ရဲ့ အပတ်စဉ် (၁၁) Basic Military Training သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီလ ၂၈ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အင်းတော်ကြီး PDF က စိုးမိုးနယ်မြေများမှာ ကျန်းမာရေး၊ ရိုးရာယဉ်ကျေးမှုနှင့် စာပေ မြှင့်တင်ရေး လုပ်ဆောင်နေ (ဓာတ်ပုံသတင်း)

ကချင်ပြည်နယ်အခြေစိုက် အင်းတော်ကြီးဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (K PDF) အနေနဲ့ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ စိုးမိုးနယ်မြေတွေမှာ ကျန်းမာရေး၊ ရိုးရာယဉ်ကျေးမှုနဲ့စာပေတို့ မြှင့်တင်ရေးအတွက် ပြည်သူတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

မန်းရွှေစက်တော်ဘုရားအနီး သွားလာမှုတွေ မပြုလုပ်ဖို့ မင်းဘူးခရိုင် PDF တပ်ရင်း သတိပေး

စစ်ကောင်စီက ပြည်သူတွေကို အကြမ်းဖက် ဖမ်းဆီးမှုတွေရှိနေတာကြောင့် မန်းရွှေစက်တော်ဘုရားအနီးကို ပြည်သူတွေ လာရောက်ခြင်းမပြုဖို့ ပြည်သူ့ကာကွယ်‌ရေးတပ်မတော် မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းက သတိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ရန်ကုန်တိုင်း ပကဖ (၁) နှင့် ခရမ်း PDF မှ ကျဆုံးရဲဘော်များကို ရည်စူးပြီး ကုသိုလ်ပြု (ဓာတ်ပုံသတင်း)

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁) နဲ့ PDF-Khayan က နွေဦးတော်လှန်ရေးမှာ အသက်ပေးလှူခဲ့သူတွေနဲ့ တပ်ဖွဲ့မှာ ကျဆုံးခဲ့သူတွေအတွက် ရည်စူးပြီး လွတ်မြောက်နယ်မြေတစ်နေရာမှာ သံဃာတော်တွေကို ဆွမ်း၊ သင်္ကန်းကပ်လှူကာ ကုသိုလ်ပြုအမျှဝေတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ရန်ကုန်တိုင်း ပကဖ (၁) က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
Read More

ကျုံဒိုးမှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံး ပျက်စီး

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။