ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့တွင်း နေရာတော်တော်များများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတဲ့အတွက် လမ်းပိုင်းတချို့ကို ပိတ်ထားတယ်လို့ ရှမ်းတောင် – (ကယား) ကရင်နီတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် ဇွန်လ ၃၀ ရက်နေ့ကစပြီး မိုးဗြဲမြို့အတွင်းရှိ အဓိကလမ်းမကြီးကို အရပ်သားပြည်သူတွေ လုံးဝ (လုံးဝ) ဖြတ်သန်းသွားလာခြင်းမပြုဖို့ သတိပေးရေးသားထားပါတယ်။ ဒါ့အပြင် မိုးဗြဲမြို့အနီး ကျေးရွာတွေမှာနေထိုင်တဲ့ ပြည်သူတွေလည်း စစ်ရေးအခြေအနေကို စောင့်ကြည့်ပြီး သွားလာနေထိုင်ကြဖို့ မေတ္တာရပ်ခံထားပါသေးတယ်။

“အရေးပေါ် အခြေအနေမလို့ ပြည်သူလူထုကို အသိပေးတာလောက်ပဲ ရလို့ပါ၊ လောလောဆယ်တော့ ဖြေကြားလို့ မရသေးလို့ပါ” လို့ South Shan Tactical Operation Command – 1 PDF တပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကို ပြောပါတယ်။

အလားတူ ဇွန်လ ၂၈ရက်နေ့ကလည်း စလင်းမြို့နယ်ကတဆင့် စစ်ကောင်စီတပ်သားတွေဟာ တင့်ကား ၂စီး၊ သံချပ်ကာကား ၂စီး၊ ဖောကားတွေသုံးပြီး ဆင်ဖြူကျွန်းမြို့နယ်ထဲကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပါတယ်။

အဆိုပါ စစ်ကြောင်းထိုးမှုကြောင့် စလင်း – မိုးဝန်း – သရက်ချဥ် – ဆင်ဖြူကျွန်းလမ်းပိုင်းကို ခရီးသွားပြည်သူတွေ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြဖို့ စလင်း ပကဖ က အသိပေးထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ရေးအခြေအနေအရ ထိတွေ့တိုက်ပွဲ အချိန်မရွေးဖြစ်ပွားနိုင်ပြီး စစ်အုပ်စုဘက်ကနေ ခရီးသွားကားတွေကို ချောဆွဲတာမျိုးတွေ ရှိနေတာကြောင့် မှားယွင်းပစ်ခတ်နိုင်တဲ့အတွက် အဆိုပါ လမ်းပိုင်းတွေကို ယာယီပိတ်ထားရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ချင်းတောင်ပေါ် စစ်ကြောင်းထိုးလာသည့် စစ်တပ်စစ်ကြောင်းမှ ဒုတပ်ကြပ် ဦးဆောင်ကာ စစ်မှုထမ်းတပ်သား ၁၈ ဦးနှင့်အတူ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းတောင်ပေါ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းက ဒုတပ်ကြပ် ၁ ယောက် ဦးဆောင်ပြီး စစ်မှုထမ်းတပ်သား ၁၈ ယောက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Ranger Kalay Defend Force က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဘုတ်ပြင်းမြို့နယ်အခြေစိုက် စကခ (၁၃) နှင့် ခလရ (၄၃၂)တပ်ရင်းမှ စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက်မဲ့ အလင်းဝင်

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ (၁၃) နဲ့ ခလရ (၄၃၂) တပ်ရင်းက စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ် ၃ ယောက် လက်နက်မဲ့အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင်အမှတ် ၁ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲများကြောင့် ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီးကို အသုံးမပြုရန် KNDF ထုတ်ပြန်

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းမှာ စစ်တပ်က ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီးဖက်ကို ဦးတည်ပြီး စစ်ရေးလှုပ်ရှားမှု လုပ်လာနိုင်တာကြောင့် အဆိုပါ လမ်းမကြီးကို ဒီနေ့ နိုဝင်ဘာလ ၆ ရက်ကစပြီး ဖြတ်သန်းသွားလာခြင်းမပြုဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်လိုက်ပါတယ်။
Read More

မြန်မာစစ်တပ်ပိုင် Mytel ကို အမေရိကန် ပိတ်ဆို့အရေးယူ

စစ်ကောင်စီရဲ့ အကျိုးအမြတ်များစွာ ပါဝင်ပတ်သက်နေတဲ့ Mytel ကုမ္ပဏီကို အမေရိကန်က ပိတ်ဆို့အရေးယူမှုစာရင်းထဲ ထည့်သွင်းလိုက်တယ်လို့ ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။
Read More

တွံတေး ပကဖ တတိယအကြိမ်မြောက် တပ်သားသစ်တွေ ခေါ်ယူနေ

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ထံ ဝင်ရောက်တာဝန်ထမ်းလိုတဲ့ လူငယ်တွေကို တတိယအကြိမ်မြောက် တပ်သားသစ်တွေအဖြစ် ခေါ်ယူနေပါတယ်။
Read More

ကမ္မမြို့ပေါ်တွင် စစ်ကောင်စီတပ် ယာယီအထိုင်ချစဥ် ပိတ်ဆို့ထားသည့် လမ်းများကို ပြည်သူများနှင့်အတူ တော်လှန်ရေးတပ်များ ပြန်လည်ရှင်းလင်းပေးခဲ့ (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ယာယီအထိုင်ချစဥ်က ပိတ်ဆို့ထားတဲ့ လမ်းတွေကြောင့် ပြည်သူတွေ အခက်အခဲတွေ့နေတဲ့အတွက် ပြန်လည်ရှင်းလင်းပေးခဲ့တယ်လို့ RED GIANT တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။