ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဝဲဒေါင့်ဝဲကြီးကျေးရွာက စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်တွေ  ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဖြူးကပဖ က  သတင်းထုတ်ပြန်ထားပါတယ်။

မနေ့က ဇွန်လ ၂၉ ရက်၊ မနက် ၂ နာရီအချိန်မှာ အဆိုပါ စစ်တပ်ကင်းစခန်းကို ဖြူးမြို့နယ်ပကဖ၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ (၃)၊ ဧရာဝတီအမှတ် (၃)တပ်ရင်းနဲ့ အာဠာဝကစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲဟာ ၅ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“တိုက်တာကတော့ စခန်းအထိုင်ကြီး မဟုတ်ပါဘူး ကင်းစခန်းပါပဲ။ ပုတ်ဖြတ်နဲ့ ဖြူးကြားက ပြည်သူတွေ သွားလာနေတာကို ဖမ်းဆီး စစ်ဆေး နှိပ်စက်နေတဲ့ ဂိတ်ကိုပါ။ ရန်သူကတော့ အထိနာပြီးတော့ ပြည်သူတွေ နေတဲ့ နေရာတွေကိုပါ ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီးနဲ့ရော လေယာဉ်နဲ့ရော ပစ်ခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်” လို့ မြေပြင်ရဲဘော်တစ်ယောက်က မောင်းကို ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်တစ်ယောက် မြင့်မြတ်စွာ ကျဆုံးခဲ့ပြီး ဖြူးမြို့နယ် ပကဖ ရဲဘော်တစ်ယောက်လည်း (မစိုးရိမ်ရတဲ့) ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်နေချိန်အတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် ဂျက်ဖိုက်တာနဲ့ပါ  ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူတွေရှိသလို ထိခိုက်ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိတယ်လို့ ကနဦး သိရပါတယ်။

0 Shares:
You May Also Like
Read More

နမ့်ဆန်၊ မန်တုံနှင့် မိုင်းငေါ့မြို့နယ်တွင် စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၂) ဦး ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်၊ မန်တုံနဲ့ မိုင်းငေါ့မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ (၂) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းကွန်းတိုက်ပွဲအတွင်း Acid ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် အာနိုး ကျဆုံး

စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်ပွဲမှာ ဝက်လက်မြို့နယ်အခြေစိုက် Acid ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက် ကျဆုံးသွားခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မန္တလေးက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၃ ကြိမ်မြောက် ရှော့တိုက်ဒုံးပစ်ခတ်မှုမှာ ၄ လုံး အောင်မြင်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေရှိနိုင်

မန္တလေးမြို့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းကို Mission 22 အဖြစ် ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၄လုံးအောင်မြင်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့ထံက သိရပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများကို စားနပ်ရိက္ခာထောက်ပံ့ပြီး ကူညီကယ်ဆယ်ရေး လုပ်ဆောင် (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်နေတဲ့ ပြည်သူတွေနဲ့ စစ်ရှောင်ပြည်သူတွေကို ဇူလိုင်လ ၂၈ ရက် ဒီနေ့မှာ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ တိုက်နယ်(၅)ပကဖ အဖွဲ့က ထမင်းထုပ်ဝေတာအပါအဝင် ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့နှစ်ပတ်လည်စုံညီအစည်းအဝေး ပြုလုပ်…

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ယပကတ) - YPDF ရဲ့ နှစ်ပတ်လည်စုံညီအစည်းအဝေးကို ဒီဇင်ဘာလ (၂၇) ရက် မနေ့က တပ်ဖွဲ့ ဗဟိုဌာနချုပ်ရှိ ယောနကခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံရေးအရ ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် သူ့ကို အဖက်ပင်မလုပ်ကြောင်း မင်းအောင်လှိုင် ပြောဆို

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးဖို့ သူ့ဘက်က ဖိတ်ခေါ်ခဲ့ပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက သူ့ကို အဖက် မလုပ်ဘဲ ဆက်လက်တိုက်ခိုက်နေကြောင်း ပြောကြားလိုက်ပါတယ်။