စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းမြို့ထဲ ဆိုင်ကယ် ၃ စီးနဲ့ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေ  တိုက်ခိုက်ခံရပြီး ၄ ယောက်သေကာ ၂ ယောက်ဒဏ်ရာရရှိသွားတယ်လို့ Kantbalu Counter Revolution Army က သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ ၃၀ ရက် ဒီနေ့မနက် ၆ နာရီဝန်းကျင်ခန့်က ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ မူးဆုံစစ်ဆေးရေး ဂိတ်စခန်းကနေ ဇီးကုန်းမြို့ထဲ ဆိုင်ကယ် ၃ စီးနဲ့ ကင်းလှည့်လာတဲ့ စစ်သားနဲ့ ပျူစောထီး ၆ ယောက်ကို တော်လှန်ရေးတပ်ဖွဲ့တွေက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်သားနဲ့ ပျူစောထီး ၄ ယောက်သေပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားကာ ဇီးကုန်းရဲစခန်း၊ ဇီးကုန်း MEC  သကြားစက်ရုံ၊ မူးဆုံစခန်းတို့ကနေ လက်နက်ကြီး လက်နက်ငယ်တွေ တပ်ကူပစ်ကူပေးခဲ့တဲ့အတွက် တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရ ပါတယ်။

အဲဒီတိုက်ခိုက်မှုကို Kantbalu Counter Revolution Army(KBU-CRA) အဖွဲ့က ဦးဆောင်ကာ Kantbalu Htaw Gyi ပကဖ၊ Kantbalu လျှပ်ပြေး ပကဖ၊ Kantbalu တောသား ပကဖ မဟာမိတ် ပူးပေါင်းအဖွဲ့တို့  လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မိုင်းငေါ့မြို့ ပြည်သူတွေနေထိုင်ရာ ရပ်ကွက်အတွင်း စစ်ကော်မရှင် လေကြောင်းဗုံးကြဲမှု အရပ်သား ၂ ဦး သေဆုံး (ရုပ်/သံ)

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့ ပြည်သူတွေနေထိုင်တဲ့ ရပ်ကွက်အတွင်း စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ PSLF/TNLA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပေါက်ခေါင်းမြို့နယ် သိုက်ချောင်းရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ သိုက်ချောင်းရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် စကခ(၁၂) လက်အောက်ခံ ခမရ(၃၅၅) ပစ/တပ်သား- ရဲလင်း၏ ပြောကြားချက် (ရုပ်/သံ)

''ဘာကြောင့်အလင်းဝင်လာလဲဆိုတော့ ကျွန်တော်မိဘတွေနဲ့လည်း ပြန်တွေ့ချင်တယ်။ တပ်ထဲမှာ လည်း အနိုင်ကျင့်တာတွေ့ရှိတယ်။ အရာရှိတွေက မိဘတွေနဲ့ ဖုန်းပြောရင်လည်း သိမ်းခံရတယ်။ သူတို့ခိုင်းတာလုပ်၊ သူတို့ကျွေးတာစား အဲလိုပုံစံမျိုးပေါ့။ ကျွန်‌တော်သူငယ်ချင်းတွေကိုလည်း အလင်းဝင်စေချင်တယ်။ ဒီဘက်အဖွဲ့အစည်းနဲ့တွေ့ရင် သတ်ဖြတ်မယ်ထင်တာ။ သူတို့က လန့်နေကြမှာပေါ့။ ဒါပေမယ့် မဟုတ်ပါဘူး။ ဒီမှာ အေးဆေးပါပဲ''
Read More

ဘုတလင်မြို့ပေါ်ရှိ စစ်အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်များ ပိတ်ဆို့ဝန်းရံထား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ စစ်အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ပြီး မြို့ကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ခဲယမ်းမလုံလောက်မှုကြောင့် မြို့ကို စွန့်ခွာကာ မြို့ပြင်ကနေ ပိတ်ဆို့ ဝန်းရံထားတယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

ကရင်နီပြည် ဝံပုလွေစစ်ကြောင်းရဲ့ မိုးတွင်းရိက္ခာ ဆန်အိတ် ၃၀၀ ကမ်ပိန်း (ရုပ်/သံ)

“ကျနော်တို့ စခန်းမှာက စားနပ်ရိက္ခာ အရမ်းခက်ခဲနေတဲ့ အချိန်ဖြစ်နေပါတယ်။ ပြီးတော့ ကရင်နီမှာလည်း ရေကြီးမှုကြောင့် စပါးတွေက အကုန်ပျက်စီးကုန်တော့ ဝယ်စားရတော့မယ့် အခြေအနေဖြစ်တာကြောင့် အခုလို ကမ်ပိန်းလုပ်ရတာဖြစ်တယ်။” လို့ ဝံပုလွေစစ်ကြောင်းက ထောက်ပို့တာဝန်ခံ ထူးယံက မောင်းကို ပြောပါတယ်။
Read More

မြိတ်မြို့ဘက်မှ တနင်္သာရီဘက်သို့လာသည့် စစ်ယာဉ်တန်းကို တော်လှန်ရေးတပ်များ မိုင်းဆွဲကာ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း မြိတ်မြို့ဘက်မှ တနင်္သာရီဘက်သို့ မောင်းနှင်လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။