မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မြန်မာပြည်မြောက်ပိုင်း) ABSDF ကျောင်းသားတပ်မတော် အမှတ် -၂ စစ်ကြောင်းက အမှတ်စဉ် ၁/၂၀၂၅ ၊ အပတ်စဉ် (၉) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၂၅ ရက်က အမှတ်-၂ စစ်ကြောင်း အခြေခံစစ်ပညာ သင်တန်းဌာနမှာ ပြုလုပ်ခဲ့တယ်လို့ ABSDF က ဒီနေ့က ထုတ်ပြန်ပါတယ်။

အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားကိုတော့ ABSDF ဒုဥက္ကဋ္ဌ နဲ့ မဟာမိတ်အဖွဲ့စည်းတွေဖြစ်တဲ့ အာရက္ခတပ်တော် ULA/AA က တပ်မှူးတွေ၊ KIO/KIA က အုပ်ချုပ်ရေးအဖွဲ့၀င်တွေ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)မှ အရာရှိကြီးတွေ၊ ကျောက်ဆည်ခရိုင် အမှတ်(၃)တပ်ရင်းက တပ်မှူးတွေ၊ ABSDF အမှတ်-၂ စစ်ကြောင်း အပတ်စဉ်(၂) ဆေးသင်တန်းသူ၊သင်တန်းသားတွေ၊ အပတ်စဉ် (၁၀)အခြေခံစစ်ပညာသင်တန်းသားတွေနဲ့ ပြည်သူတွေ တက်‌ရောက်ခဲ့တယ်လို့ သိရပါတယ်။

သက်ဆိုင်ရာ မဟာမိတ်အဖွဲ့စည်း အသီးသီးရှိ ခေါင်းဆောင်တွေက အားပေးစကားပြောကြားခြင်းနဲ့ ထူးချွန်ဆုရ သင်တန်းသူ၊ သင်တန်းသားတွေကိုလည်း ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ ABSDF အလံတော်နဲ့ ကျဆုံးရဲဘော်တွေကို အလေးပြုခြင်း၊”အရေးကြီးပြီ”သီချင်း သံပြိုင်သီဆိုခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စဥ့်ကူးမြို့နယ်က စစ်ရှောင်ပြည်သူတွေကို PDF အမှတ် ၁၂၂၂ တပ်ရင်းက စားနပ်ရိက္ခာတွေနဲ့ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ကျွန်းထဲကျေးရွာ (၄) ရွာက စစ်ရှောင်ပြည်သူတွေကို စားနပ်ရိက္ခာတွေနဲ့ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်(TRI ဗျူဟာ) - အမှတ် ၁၂၂၂ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

လက်ပံတန်းတွင် စစ်မှုထမ်းကြေးကောက်ပြီး ပြန်လာသည့် စစ်သားနှင့်ရဲများ တိုက်ခိုက်ခံရကာ ၂ ဦး သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု၊ ကမ်းပြိုကြီးရွာကနေ စစ်မှုထမ်းကြေးကောက်ပြီး ထွက်ခွာလာကြတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာ စစ်တပ်ဘက်က ၂ ယောက် သေဆုံးခဲ့ပြီး လက်နက်နဲ့ ငွေကြေးတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း (၃၈၀၂) တပ်ခွဲ (၂⁩) က သတင်းထုတ်ပြန်ပါတယ်။
Read More

ချင်းပြည်အတွင်း ရွေးကောက်ပွဲ ဝင်ပြိုင်သူ၏ ပိုင်ဆိုင်မှု​များကို ပြည်သူပိုင်သိမ်းပြီး ထောင်ဒဏ်ပါ ကျခံရမည်ဟု ချင်းပြည်ကောင်စီကြေညာ

လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရင် ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်သိမ်းမှာ ဖြစ်သလို ထောင်ဒဏ်ပါ ကျခံရမယ်လို့ ချင်းပြည်ကောင်စီ (CC) ကနေ ဒီနေ့ နိုဝင်ဘာလ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ပြည်မြို့တွင် စစ်တပ်၏ ရွေးကောက်ပွဲအတုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ကမ်ပိန်းပြုလုပ်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပြည်မြို့မှာ အကြမ်းဖက်စစ်ကော်မရှင် ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို မြို့ခံပြည်သူတွေက ဆန့်ကျင်ကန့်ကွက်ကြောင်း ကမ်ပိန်းလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ကျောက်တော်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေရှိ…

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့က လူနေရပ်ကွက်နဲ့ စျေးကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ရက္ခိုင့်တပ်တော် AA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ရေးပစ်မှတ်မဟုတ်သည့် ခင်ဦးမြို့နယ် ဗျူဟာလမ်းပိုင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်၊ ဒေသခံ ၁ ဦး မီးလောင်သေဆုံးပြီး ၆ ဦး ဒဏ်ရာရ

အကြမ်းဖက်စစ်ကော်မရှင်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ခင်ဦးမြို့နယ်က ဗျူဟာလမ်းပိုင်းကို လေကြောင်းတိုက်ခိုက်မှု များစွာပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။