မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး – ABSDF (ကျောင်းသားတပ်မတော်) ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်းရှိ ရဲဘော်တွေအတွက် ဇွန်လ ၁၄ ရက်နဲ့ ၁၅ ရက်မှာ Women, Peace and Security (WPS) သင်တန်း ကျင်းပခဲ့တယ်လို့ ABSDF က ဒီနေ့ ထုတ်ပြန်ပါတယ်။

သင်တန်းမှာတော့ အမျိုးသမီးတွေရဲ့ ပါဝင်မှုနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေးကဏ္ဍတွေမှာ အရေးပါမှုတွေကို ဆွေးနွေးသင်ကြားခဲ့ပြီး တာဝန်ထမ်းဆောင်ရာနေရာတွေမှာ အသုံးချနိုင်ရေးအတွက် လမ်းညွှန်ချက်တွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ညောင်ပင်သာရွာခံ ၁၉ဦး အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှုဖြစ်စဥ်ကို ခမရ ၄၈ တပ်ရင်းမှူးကိုယ်တိုင် ဦးဆောင်လုပ်ကိုင်ခဲ့တာဖြစ်ကြောင်း ဖမ်းဆီးခံသုံ့ပန်း ထွက်ဆို

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ညောင်ပင်သာကျေးရွာမှာဖြစ်ပွား​ခဲ့တဲ့ အရပ်သားတွေ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှုဖြစ်စဥ်ဟာ ခမရ ၄၈ တပ်ရင်းမှူး မင်းဇော် နဲ့ အဆင့်ဆင့်သော စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့တာဖြစ်ကြောင်း PDF  အမှတ်(၂) စစ်ဆင်ရေးနယ်မြေအတွင်း ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်း ၁ ယောက်က ဝန်ခံထွက်ဆိုပါတယ်။
Read More

ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲမှ စစ်သုံ့ပန်း ၄ ဦးကို ပြန်လွှတ်ပေး၊ အသက် ၁၅ နှစ်အပါ စစ်သုံ့ပန်း ၃ ဦးဟာ ပေါ်တာဆွဲ စစ်မှုထမ်းစေခိုင်းခံရသူများဖြစ်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း ၄ ယောက်ကို ဇူလိုင်လ ၁၁ ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိန်းချုပ်နယ်မြေအသစ်များမှာ စေတုတ္တရာ ပကဖ ရပ်ကျေး ပ.က.ဖ များ ဖွဲ့စည်း… (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ မင်းဘူးခရိုင်ရှိ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အနေနဲ့ စိုးမိုးထိန်းချုပ်နယ်မြေသစ်တွေက ကျေးရွာတွေမှာ ရပ်​ကျေး ပ.က.ဖ တွေ ဖွဲ့စည်းခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

နေပြည်တော် သာဝတ္ထိနယ်မြေရဲစခန်းအား လက်လုပ်ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ သာဝတ္ထိနယ်မြေ ရဲစခန်းထဲကို 79 (40)mm ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိနိုင်ကြောင်း မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ Black Leopard UG အဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကောင်စီတပ်သားတွေ မိုင်းရှင်းဖို့ထွက်လာရင်း မိုင်းခွဲခံရကာ ၂ ယောက်သေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ မိုင်းရှင်းဖို့ကြိုးစားတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက်သေကြောင်း BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့ထံက သိရပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့တွေ ဈေးလာဝယ်တယ်ဆိုပြီး အကြမ်းဖက်စစ်တပ်က ပုသိမ်မြို့မဈေးကို ဝင်ရောက်စစ်ဆေးကာ ဈေးရောင်းချိန် ကန့်သတ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ မြို့မဈေးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဈေးလာဝယ်တယ်ဆိုပြီး စစ်ကောင်စီတပ်က ဈေးကို ရှောင်တခင် ဝင်ရောက်စစ်ဆေးကာ ဈေးခေါင်းကိုခေါ်ပြီး ညနေ ၅ နာရီ ဈေးပိတ်ရမယ်လို့ အချိန်ကန့်သတ်လိုက်ကြောင်း သိရပါတယ်။