စစ်ကိုင်းတိုင်း၊ ဟင်္သာကြီးကျေးရွာ ပျူစောထီးစခန်းအပါအဝင် စစ်ကောင်စီ အထိုင်စခန်း (၃)ခု ကို တပြိုင်တည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အရာခံဗိုလ်အပါအဝင် အယောက် ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၈ ရက် မနက်ပိုင်းက ရွှေဘိုမြို့နယ် ပကဖ ဦးဆောင်မှုနဲ့ ပူးပေါင်းတပ်တွေဟာ ဟင်္သာကြီး(ပျူ) ကျေးရွာစခန်းနဲ့ စစ်ကောင်စီတပ် စခန်းကုန်းတို့ကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့​တာဖြစ်ပြီး ဘိုးနတ်တောင်ရန်သူ့အထိုင်ချစခန်းကိုလည်း ဒရုန်းဗုံးသီးတွေ အကြိမ်ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါစခန်း ၃ ခုမှာ ပျူစောထီးနဲ့ စစ်သား အင်အား (၇၀)ကျော်ရှိပြီး ဟင်္သာကြီး(ပျူ) ကျေးရွာရှိ ပျူဘန်ကာ (၅)ခုကို အောင်​မြင်စွာ သိမ်းပိုက်ရရှိနိုင်ခဲ့ပေမယ့် အနီးရှိ စစ်တပ် စခန်းကုန်းကို ဆက်လက်သိမ်းယူနေချိန်အတွင်း ကျောက်မြောင်းရှိ ခမရ(၁၂) နဲ့ ရွှေဘိုရှိ ခလရ(၄၂) တို့ကနေ ဟောင်ဝစ်ဇာ ၁၀၅ မမ၊ ၁၂၀ မမ တို့နဲ့ အကြိမ်ကြိမ် ပစ်ကူပေးခဲ့သလို စစ်ကောင်စီတပ်က စစ်ကူအင်အားတွေ ထပ်ရောက်လာတာကြောင့် ပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က (၁၇) ယောက် သေဆုံးခဲ့တာကို တိုက်ပွဲဝင်ရဲဘော်တွေက မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး အရာခံဗိုလ် (၁) ယောက် အပါအဝင် (၇) ယောက် ထပ်မံသေဆုံးခဲ့တာကို နယ်မြေခံတွေရဲ့ အတည်ပြုချက်အရ သိရှိိရကြောင်း ရွှေဘိုမြို့နယ် ပကဖ က ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း သုံ့ပန်း (၁၈) ယောက် ဖမ်းဆီးရမိခဲ့ပေမယ့် ကလေးသူငယ်၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်တာအပါအဝင် စစ်ရေးအခြေအနေတင်းမာလာမှုနဲ့ နယ်မြေအနေအထားအရ ဘေးလွှတ်ရာ ပြန်လည်လွှတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဆီက ကာဘိုင် (၂) လက်၊ ကိုးလုံး (၁)လက်၊ G-3 (၁)လက်၊ ကိုးလုံးကျည် (၆၆) တောင့်၊ G-3ကျည် (၆၃၅) တောင့်နဲ့ ကျည်အိမ် (၄) ခု သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစစ်ဆင်ရေးတွေကို ရွှေဘိုမြို့နယ်ပကဖတာဝန်ခံရဲ့ ကွပ်ကဲမှုနဲ့ ရွှေဘိုမြို့နယ်ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ တိုက်နယ်(၂)(၄)(၅) ပကဖတိုက်ခိုက်ရေးအဖွဲ့၊ ပူးပေါင်းအဖွဲ့အဖြစ် ရွှေဘိုခရိုင်ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ ရေဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ ဒီပဲယင်းမြို့နယ်ပကဖ Group – 3 အဖွဲ့၊ ရွှေဘိုမြို့နယ်ပကဖ PDO (Shwebo Faderal Tech-Drone တပ်ဖွဲ့)၊ ဘုတလင်မြို့နယ် ပကဖ Drone တပ်ဖွဲ့နဲ့ တိုက်နယ် (၅)ပကဖDrone တပ်ဖွဲ့တို့ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဘက်ကလည်း ပကဖရဲဘော် (၂) ယောက် ကျဆုံးခဲ့ပြီး ရဲဘော် (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဆားလင်းကြီးမြို့ပေါ်က စစ်ကောင်စီရဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံး အပါအဝင် နေရာ ၄ ခုကို တစ်ချိန်ထဲမှာ ဝင်ရောက်တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ် တပ်စွဲထားတဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံး အပါအဝင် နေရာ ၄ ခုကို တစ်ချိန်ထဲမှာ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီအထူး ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

သီပေါမြို့တွင် စစ်‌ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၅၀၀)ဗုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင်(၅၀၀) ဗုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးတွင် Bluetooth Speaker Box အားသွင်းရာမှ မီးလောင်ပြီး နေအိမ် ၈ လုံး ပျက်စီး

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ၃၆ လမ်း၊ ၇၁လမ်း နဲ့ ၇၂လမ်း ကြားမှာ မနေ့ညက မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၈လုံး မီးလောင်ပျက်စီးသွားကြောင်း မြို့ခံတွေဆီက သိရပါတယ်။
Read More

မြိုင်မှာ ညောင်ဂျစ်ပင်ပျူရွာကနေထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းနင်းမိလို့ ၅ ယောက်သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေထောင်ထားတဲ့ နင်းမိုင်း နင်းမိလို့ ကင်းပုန်းထွက်လာတဲ့ စစ်ကောင်စီတပ်သား ၅ယောက်သေဆုံးခဲ့ပြီး နယ်မြေရှင်းလင်းရေး သွားရောက်လုပ်ဆောင်ရာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်ပကဖ က ထုတ်ပြန်ပါတယ်။
Read More

ပအိုဝ်းပြည်သူ့စစ်က စစ်ရှောင်ပြည်သူများအား ပြည်သူ့စစ်အဖြစ် စုဆောင်းနေ

အင်းလေးဒေသမှာ ပအိုဝ်းပြည်သူ့စစ်တွေက စစ်ရှောင်ပြည်သူတွေကို ပြည်သူ့စစ်အဖြစ် ခေါ်ဆောင်နေတယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (IPDF) က အသိပေးထုတ်ပြန်ပါတယ်။
Read More

ရွှေပေါက္ကံမြို့သစ် ၂၂ ရပ်ကွက်ရုံးကို လက်ပစ်ဗုံး၂လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုဝင် တစ်ယောက်သေ

ရန်ကုန်တိုင်း၊ ရွှေပေါက္ကံမြို့သစ်က (၂၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ယောက်သေဆုံးပြီး ၁ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။