မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်တာဝါတိုင်စခန်းကုန်းက စစ်ကောင်စီတပ်သားတစ်ယောက် ထွက်ပြေးကာ မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းထံ အလင်းဝင်လာတယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သားဟာ တိုက်ပွဲတစ်နေရာမှာ လက်နက်ချ ထွက်ပြေးလာတာဖြစ်ပြီး အဲ့လို ထွက်ပြေးပြီးနောက် ၁၀ရက်ခန့်ကြာချိန် ဇွန်လ ၂၇ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တွေ့ရှိတဲ့အတွက် ဖမ်းဆီးခေါ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“သူက ဘယ်သူနဲ့မှ ဆက်သွယ်လာတာ မဟုတ်ဘူးဗျ။ သူတို့တိုက်ပွဲထဲမှာ သူ့ဟာသူ သေနတ်ပစ်ချပြီး ထွက်ပြေးလာတာ။ ထွက်ပြေးလာရင်းနဲ့ ကျနော်တို့ နယ်မြေဘက်ကို ထွက်ပြေးလာတဲ့အတွက် ကျနော်တို့က ဖမ်းထားတာပါ” လို့ မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်း တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။

လက်ရှိမှာ အဆိုပါ စစ်ကောင်စီတပ်သားကို ရာဇဝတ်မှု ကျူးလွန်ထားခြင်း ရှိမရှိ စစ်ဆေးနေပြီး ကျူးလွန်ထားခြင်း မရှိရင်တော့ သူသွားချင်တဲ့နေရာကို ပို့ဆောင်ပေးမယ်လို့ သိရပါတယ်။

“ရာဇဝတ်မှု ကျူးလွန်ထားတယ်ဆိုတာက ရွာတွေထဲဝင်ပြီးတော့ ဖမ်းဆီးနှိပ်စက်တာမျိုး၊ ရွာတွေ မီးရှို့တာမျိုး၊ ဒီရွာသားတွေကို အနိုင်ကျင့်တာမျိုး အဲ့လို ပြစ်မှု ကျူးလွန်ထားခြင်း ရှိမရှိ ကျနော်တို့ စစ်ပါတယ်။ အဲ့လိုမျိုး မရှိဘူးဆိုရင်တော့ သူသွားချင်တဲ့နေရာကို ကျနော်တို့ ရောက်အောင်ပို့ပေးဖို့ ကူညီဆောင်ရွက်ပေးပါတယ်” လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သားအပါအဝင် မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းထံ အလင်းဝင်လာသူ ၇ယောက်ရှိပြီဖြစ်ပြီး စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တဲ့ တပ်သားတွေအနေနဲ့ အလင်းဝင်ကြဖို့ မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းက ဖိတ်ခေါ်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၀၀၄) တပ်ရင်း၏ အခြေခံစစ်ရေးသင်တန်းဆင်းပွဲနှင့် တပ်ရင်းပြန်လည်ဖွဲ့စည်းတည်ဆောက်ခြင်း အခမ်းအနား

ရှမ်းတောင်ကယား (ကရင်နီ) တိုင်းစစ်ဌာန ၊ ရှမ်းတောင်စစ်ဒေသ စစ်နည်းဗျူဟာအမှတ် (၁၄) ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၁၀၀၄) တပ်ရင်း ရဲ့ တပ်ရင်း အခြေခံစစ်ရေးသင်တန်းဆင်းပွဲ နဲ့ တပ်ရင်းပြန်လည်ဖွဲ့စည်းတည်ဆောက်ခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကော့ကရိတ်မှာ စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ပြည်သူ ၁ ယောက် သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အခြေစိုက် စစ်ကောင်စီတပ်က ကမိုင်ကုန်းကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို)က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီအုပ်ချုပ်မှု ၄ နှစ်ခွဲကာလသည် ပထမစာမျက်နှာဖြစ်ပြီး ဒုတိယစာမျက်နှာကို ဆက်သွားဦးမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြော

အကြမ်းဖက်စစ်တပ် အာဏာသိမ်းခဲ့ပြီးနောက် ဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီရဲ့ ၄ နှစ်ခွဲ သက်တမ်းကာလဟာ ပထမစာမျက်နှာဖြစ်ပြီး ဒုတိယစာမျက်နှာကို ဆက်သွားမယ်လို့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပြုလုပ်တဲ့ စစ်ကောင်စီ ဂုဏ်ပြုတွေ့ဆုံပွဲမှာ ပြောဆိုလိုက်ပါတယ်။
Read More

မြိုင်မှာ စစ်ကောင်စီတပ်ကို တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်၊ ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ကို တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ရာ ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင် ပကဖ) က သတင်းထုတ်ပြန်ပါတယ်။
Read More

PSLF/TNLA ရဲ့ တရားဥပဒေစိုးမိုးရေး (အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း) အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနား…

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA စိုးမိုးနယ်မြေတစ်နေရာမှာ တရားဥပဒေစိုးမိုးရေး (အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း) အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်-ပြည်လမ်းပိုင်းအပါ ပဲခူး ၃ မြို့နယ်အတွင်းရှိ စစ်တပ်စခန်းများ တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခံရ၊ စစ်တပ်ဘက်က အယောက် ၄၀ နီးပါး သေဆုံးပြီး အများအပြား ဒဏ်ရာရ

ရန်ကုန်-ပြည်အမြန်လမ်းအပါအဝင် နတ်တလင်း၊ ဇီးကုန်းနဲ့ မင်းလှမြို့နယ်တွေက အကြမ်းဖက်စစ်တပ် ဂိတ်စခန်းတွေကို တစ်ပြိုင်နက်တည်း ထိုးစစ် တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးရိုးမ PDF -ဗျူဟာ ၂၂ က သတင်းထုတ်ပြန်ထားပါတယ်။