စစ်ကိုင်းတိုင်း၊ စဉ့်ကူးမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကြံ့ခိုင်ရေးပါတီ ရုံးအဆောက်အဦး ထိမှန်ပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က  သတင်းထုတ်ပြန်ထားပါတယ်။ 

မနေ့က ဇွန်လ ၂၉ ရက် ည ၁၀ နာရီအချိန်မှာ စစ်ကောင်စီရဲ့ တံတားဦးလေတပ်ကနေ တက်လာတဲ့ MIG 29 ဂျက်ဖိုက်တာတစ်စီးဟာ စဉ့်ကူးမြို့ပေါ်ကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် စဉ့်ကူးမြို့ပေါ်က ကြံ့ခိုင်ရေးပါတီရုံး အဆောက်အဦး ထိမှန် ပျက်စီးခဲ့ပြီး ပြည်သူတွေတော့ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။ 

အလားတူ ဇွန်လ ၂၉ ရက် နေ့လယ်ပိုင်းမှာလည်း စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ၊ ပြည်စိုးအောင်ရပ်ကွက်ကို တံတားဦးလေဆိပ်တက် စစ်ကောင်စီ ဂျက်ဖိုက်တာတစ်စီးက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပါသေးတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှာလည်း အသက် ၄၀ အရွယ် ဒေသခံအမျိုးသမီး ၁ ယောက် ရုပ်အလောင်း မကျန်ရှိဘဲခ န္ဓာကိုယ်တစ်ခုလုံးပျက်စီး သေဆုံးသွားကာ လက်ပန်လှကျေးရွာက နေအိမ် အဆောက်အဦး ၃လုံးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူ့လွတ်လပ်ရေးတပ်တော်ရဲ့ အခြေခံ စစ်ပညာသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့လွတ်လပ်ရေးတပ်တော် (People Independence Army) ရဲ့ အပတ်စဥ် (၁) အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို ရေကြီးရေလျှံနေတဲ့အတွက် တပ်တော်ရဲ့ ဗဟိုဌာနချုပ်မှာ အကျဥ်းချုံး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တနင်္သာရီမြို့နယ်တွင် ခရစ်ယာန်ဘုရားကျောင်းကို အကြမ်းဖက်စစ်တပ် ဗုံးကြဲ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စု၊ ပဝထိန်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘုရားကျောင်း အနည်းငယ် ထိခိုက်ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ခလရ ၂၅၆ မှ တပ်သားတစ်ဦး အရက်မူးနေသည့် တပ်ကြပ်ကြီး၏ သေနတ်ကိုပါ ယူဆောင်အလင်းဝင်လာ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ စစ်ကော်မရှင်တပ် ခလရ ၂၅၆ က တပ်သားတစ်ယောက်ဟာ အရက်မူးနေတဲ့ တပ်ကြပ်ကြီးရဲ့ သေနတ်ကိုပါ ယူဆောင်ကာ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။
Read More

စက်တင်ဘာလအတွင်း ဖော်ဆောင်ခဲ့သည့် MSFC ကာကွယ်ရေးဌာနအောက်ခံ တပ်များနှင့် မဟာမိတ် စစ်ဆင်ရေးများ 

အခုလ စက်တင်ဘာ (၁) လတာအတွင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန (DoD) အောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို MSFC က ထုတ်ပြန်ပါတယ်။ 
Read More

စစ်အုပ်စု ပစ်ခတ်သည့် လက်နက်ကြီးကြောင့် စစ်ရှောင် ၂ ဦး သေဆုံး၊ ၉ ဦးဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မော်စီစာကျေးရွာအပိုင်၊ အမှိုက်ပုံရွာထဲကို စစ်အင်အားထပ်မံဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
Read More

ထောက်ကြံ့မြို့နယ်က ရဲအကြပ်အတက်သင်တန်းကျောင်း (လှော်ကား) ကို ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်…

ရန်ကုန်တိုင်း၊ ထောက်ကြံ့မြို့နယ်က ရဲအကြပ် အတက်သင်တန်းကျောင်း ( လှော်ကား) ကို လောင်ချာနဲ့ပစ်ခတ်တိုက်ခိုက်မှုမှာ ရဲတွေ ထိခိုက်မှုရှိတယ်လို့ Rangoon Urban Column ( RUC) ရဲ့ တာဝန်ရှိသူ ကိုရဲခေါင်က မောင်းသတင်းဌာနကို ပြောပါတယ်။