မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီး ၁ ယောက် ရုပ်အလောင်း မကျန်ရှိဘဲ သေဆုံးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က နေ့က ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၉ ရက် မွန်းမတည်မီအချိန်က စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာ၊ ပြည်စိုးအောင်ရပ်ကွက်ကို အကြမ်းဖက်စစ်တပ်ရဲ့ တံတားဦးတက် ဂျက်ဖိုက်တာတစ်စီးက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ယောက် ထိမှန်သေဆုံးကာ ရုပ်အလောင်း မကျန်ရှိခဲ့ဘဲ အရိုးနဲ့အသားစတွေသာ ကျန်ရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ က ဆိုပါတယ်။

ဒါ့အပြင် လက်ပန်လှကျေးရွာက နေအိမ်အဆောက်အဦး ၃ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဝေးရာမှာ နေထိုင်ပြီး လေကြောင်းရန် ကာကွယ်နိုင်ရေးအတွက်လည်း ဗုံးခိုကျင်းတွေ ​တူးထားဖို့ ပြင်ဦးလွင်ခရိုင် ပကဖ က တိုက်တွန်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီရဲ့ တပ်မဟာ (၁) က ၆ လပတ်အစည်းအဝေးနဲ့ တပ်တွင်းစည်းလုံးရေး ဘောလုံးပြိုင်ပွဲ ပြုလုပ်

ချင်းပြည်နယ်အခြေစိုက် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ၊ တပ်မဟာ-၁ (ဆီနိုင်းတပ်ရင်း) က ၆ လပတ်အစည်းအဝေးနဲ့ တပ်တွင်းစည်းလုံးရေးအတွက် ဆီနိုင်းတိုက်နယ် ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာလ ၄ ရက်နဲ့ ၅ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုမြို့တွင် စစ်တပ်နှင့်ဆက်နွယ်သူများသာ သွားသည့် GYM ကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က စစ်သား၊ ရဲတွေနဲ့ သူတို့ရဲ့ ပတ်သက်ဆက်နွယ်နေသူတွေသာ လာကြတဲ့ အားကစားခန်းခ (GYM) ကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၇ ဦး ဒဏ်ရာရပြီး နေအိမ်အများအပြား ပျက်စီး

တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေရှိသလို နေအိမ်တွေလည်း ထိမှန်ပျက်စီးသွားတယ်လို့  ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) ထံက သိရပါတယ်။
Read More

စစ်ရာဇဝတ်မှုများ ဆိုးဆိုးရွားရွား ဆက်တိုက်ကျူးလွန်နေသည့် စစ်ကောင်စီကို  အရေးယူနိုင်ရေး ပြည်သူတစ်ရပ်လုံး ကြိုးစားဆောင်ရွက်ဖို့ အရေးကြီးဟု ဆို 

စစ်ရာဇဝတ်မှုတွေ ဆိုးဆိုးရွားရွား ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီကို  အရေးယူနိုင်ဖို့ တော်လှန်ပြည်သူတွေအားလုံး ကြိုးစားဆောင်ရွက်ကြဖို့  အာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) က ထုတ်ပြန်ပါတယ်။ 
Read More

စလင်းရဲစခန်းမှ ကင်းပတ်ထွက်လာသည့် စစ်အုပ်စု ကြားဖြတ်တိုက်ခိုက်ခံရပြီး ၄ဦး ဒဏ်ရာရ

မကွေးတိုင်း၊ စလင်းမြို့မ ရဲစခန်းကနေ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်း ထံက သိရပါတယ်။ ဒီဇင်ဘာ ၆ ရက် မနေ့ နေ့လယ် ၂နာရီခွဲကျော်လောက်မှာ စလင်းရဲစခန်းက အင်အား ၂၀ ဝန်းကျင်ရှိ စစ်အုပ်စုဟာ စလင်းမြို့အထွက် စိမ်းစိုဂိတ် ကင်းစခန်းကို ဆိုင်ကယ် ၄စီး၊ ကား ၁စီးနဲ့ ကင်းပတ်ထွက်လာချိန် စိမ်းစိုဂိတ်နဲ့ စလင်းမြို့မရဲစခန်းကြား၊ မီးရထားလမ်းပိုင်းအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Read More

ဂန့်ဂေါမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးပေးခန်းအတွင်းရှိ ဆရာဝန်မိသားစုနဲ့ ကလေးငယ်များ အပါအဝင် ၁၁ ဦး သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း နှမ်းခါးကျေးရွာအတွင်းရှိ ဆေးပေးခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဆေးပေးခန်းအတွင်းရှိ ဆရာဝန်မိသားစုအပါအဝင် ၁၁ ယောက် သေဆုံးခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။