မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကပစ ၂၁ သို့ ပို့လွှတ်နေတဲ့ လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ဟန့်တားခဲ့တယ်လို့ People Defence Force – Chauk – သခင်ဖိုးလှကြီးတပ်ခွဲက သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂၆ ရက်က ဆိပ်ဖြူမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတွေကို ၆၀ မမ၊ ၈၁ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိခဲ့ပြီး ဇွန်လ ၂၉ ရက်မှာ စစ်ကြောင်း ပြန် လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ချောက်သခင်ဖိုးလှကြီးတပ်ဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေဖြစ်တဲ့ ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း၊ စလင်းမြို့နယ်ပကဖ ဇုန် ၃ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရ ပါတယ်။

Video-People Defence Force – Chauk – သခင်ဖိုးလှကြီးတပ်ခွဲ

0 Shares:
You May Also Like
Read More

အမှတ် (၁) အထူးတပ်ရင်း Special Regiment-1 ရဲဘော်များ၏ စစ်ဆင်ရေးလေ့ကျင့်မှု (ရုပ်/သံ)

အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် (၁) အထူးတပ်ရင်း Special Regiment-1 ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်မှု မှတ်တမ်း ရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။
Read More

ပခုက္ကူတပ်မ ၁၀၁ မှ ဒုတပ်မမှူးဦးဆောင်ထွက်လာတဲ့ စစ်ယာဉ်တန်းအား ပြင်းအားမြင့်မိုင်းနဲ့ ဖောက်ခွဲပြီး ပြောက်ကျားခြုံခိုတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂ ယောက် အလင်းဝင်ရောက်လာ (ရုပ်/သံ)

ဇွန်လ ၂၄ ရက်မှာ စစ်ကောင်စီတပ်သား ၁ ယောက်နဲ့ ဇွန်လ ၂၅ ရက်မှာ ၁ ယောက် မြိုင်ပကဖထံ ဆက်သွယ်အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်-၂ ရဲ့ စွမ်းရည်မြှင့်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြီးစီး (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်းစစ်ဌာန၊ အမှတ် ၃ ရှမ်းတောင်စစ်ဒေသ၊ ဗျူဟာ (၁) ​လက်အောက်ခံ တပ်ရင်းအမှတ် ၁၀၀၇ - မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်-၂ ရဲ့ ၄၅ ရက်တာ စွမ်းရည်မြှင့်သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

ဆင်ဖြူကျွန်းမြို့နယ်အတွင်း အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်သားများကို ခုခံတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ဆင်ဖြူကျွန်းမြို့နယ် နွယ်တမင်‌ကျေးရွာကနေ အင်အား ၁၈၀ ခန့်စုဖွဲ့ပြီး တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ခုခံတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်းထံက သိရပါတယ်။
Read More

မန္တလေးမြို့ မစိုးရိမ်ဓမ္မရက္ခိတကျောင်းတိုက် ပြိုကျခဲ့တဲ့ မြင်ကွင်း (ရုပ်/သံ)

မန္တလေးတိုင်း မန္တလေးမြို့ရှိ မစိုးရိမ်ဓမ္မရက္ခိတကျောင်းတိုက် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့ရတယ်လို့ သိရပါတယ်။
Read More

ရွာအပြင်က စစ်ရှောင်တဲများကို ရွာအတွင်း တပ်စွဲထားသည့် စစ်တပ်က မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငယှန်ရွာထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ရွာသားများ လက်ရှိရှောင်တိမ်းနေထိုင်နေရတဲ့ ရွာပြင်က စစ်ရှောင်တဲတွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက မောင်းကိုပြောပါတယ်။