စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ဟင်္သာကြီးပျူစခန်းနဲ့ စစ်တပ်စခန်းကုန်းတွေကို စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂၈ ရက် မနက်အစောပိုင်းက  ဟင်္သာကြီးပျူစခန်းနဲ့ စစ်တပ်စခန်းကုန်းတွေကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ပြီး ဘိုးနတ်တောင်စစ်တပ်အထိုင်စခန်းကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဟင်္သာကြီးပျူစခန်းရှိ ဘန်ကာ ၅ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး အနီးစစ်တပ်စခန်းကုန်းကို ဆက်လက် တိုက်ခိုက်နေစဉ်အတွင်း ကျောက်မြောင်းခမရ ၁၂နဲ့ ရွှေဘို ခလရ ၄၂ ကနေ လက်နက်ကြီးတွေ ပစ်ကူပေးကာ စစ်ကောင်စီတပ်သားတပ်ကူတွေ ရောက်ရှိလာတဲ့အတွက် တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်လို့ သိရပါတယ်။ 

တိုက်ပွဲအတွင်း အရာခံဗိုလ်အပါအဝင် စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့ပြီး ကာဘိုင် ၂ လက်၊ ကိုးလုံး ၁ လက်၊ G-3 ၁ လက်၊ ကိုးလုံးကျည် ၆၆ တောင့်၊ G-3ကျည် ၆၃၅ တောင့်နဲ့ ကျည်အိမ် ၄ ခု သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

ရွာအတွင်းက ကလေး၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေကို ဘေးလွတ်ရာ ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ တိုက်နယ်(၂)(၄)(၅) ပကဖတိုက်ခိုက်ရေးအဖွဲ့၊ ပူးပေါင်းအဖွဲ့အဖြစ် ရွှေဘိုခရိုင်ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ ရေဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ ဒီပဲယင်းမြို့နယ်ပကဖ Group – 3 အဖွဲ့အပြင် ရွှေဘိုမြို့နယ်ပကဖ PDO (Shwebo Faderal Tech-Drone တပ်ဖွဲ့)၊ ဘုတလင်မြို့နယ် ပကဖ Droneတပ်ဖွဲ့နဲ့ တိုက်နယ် (၅)ပကဖDrone တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပကဖရဲဘော် ၂ ယောက်ကျဆုံးခဲ့ရကာ ရဲဘော် ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video – ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

0 Shares:
You May Also Like
Read More

စစ်မှုထမ်းဥပဒေ အိမ်တံခါးလာခေါက်တာ ခံမလား၊ ပြည်သူတွေချစ်တဲ့ တော်လှန်ရေးတပ်ထဲ လာမလား (ရုပ်/သံ)

မြန်မာနိုင်ငံအနှံ့ အမျိုးသား အမျိုးသမီး အသက်အရွယ်စုံကို ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကနေ ရှောင်တိမ်းလိုတဲ့ လူငယ်တွေအတွက် ထွက်ပေါက်တစ်ခုအနေနဲ့ ကျားသစ်နက်စစ်ကြောင်းကနေ တော်လှန်ရေးတပ်သားသစ်တွေကို ခေါ်ယူနေပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အမတ ၃၅၄ အမြောက်တပ်ရဲ့ လက်နက်ခဲယမ်းတိုက် လက်နက်ကြီးကျည်ကျပြီး မီးလောင်ပေါက်ကွဲ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ခမ်းရွာအနီးရှိ ကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အမတ ၃၅၄ အမြောက်တပ်ရဲ့ လက်နက်ခဲယမ်းတိုက် ယနေ့ ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက လက်နက်ကြီးကျည်ကျပြီး မီးလောင်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
Read More

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းလမ်းမပေါ် တော်လှန်ရေးပူးပေါင်းတပ်နဲ့ အကြမ်းဖက်စစ်တပ် တိုက်ပွဲဖြစ် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းလမ်းမပေါ်မှာ တော်လှန်‌ရေး ပူးပေါင်းတပ်နဲ့ အကြမ်းဖက်စစ်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားအများအပြား သေဆုံးခဲ့တယ်လို့ ဝေဟင်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမြို့နယ်ထဲမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင့်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ ဇန်နဝါရီ ၂၀ ရက် မနေ့နေ့လယ်ပိုင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)ထံက သိရပါတယ်။
Read More

PRA-Magway က ကပစ-၁၄ ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်စဉ် ထိခိုက်ပျက်စီးမှုတွေကို စစ်သုံ့ပန်းအဖြစ်ဖမ်းမိထားတဲ့ တပ်ကြပ်ရွှေဥအားမေးမြန်းချက် (ရုပ်/သံ)

စစ်ကောင်စီတပ်ရဲ့ ဝမ်ဗိုက်လို့တင်စားကြတဲ့ ကပစ-၁၄ ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်စဉ် ထိခိုက်ပျက်စီးမှုတွေကို ကပစ-၁၄ မှ နှစ်ပေါင်း ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ကြပ် ရွှေဥအား မေးမြန်းချက်ကို PRA-Magway မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

မန်ကျည်းကုန်းရွာအနီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဒီဇင်ဘာ ၁၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား ၁၁ ယောက်သေခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။