စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ မင်းကွန်းတောင်ရွာရှိ နဂါးပတ်တောင်ကျောင်းတိုက်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၇ ရက်က မင်းကွန်းတောင်ရွာရှိ နဂါးပတ်တောင်ကျောင်းတိုက်မှာ အင်အား ၃၀ နီးပါးနဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် စခန်းကုန်းကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အလောင်း ၄ လောင်း၊ စစ်သုံ့ပန်း ၄ ယောက်၊ G3 ၄ လက်၊ MA1 ၂ လက်၊ ခဲယမ်းပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့ပြီး စခန်းကုန်း တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ကာ ကျန်တဲ့ စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် မင်းကွန်းရဲစခန်းကနေ စစ်ကူအများအပြား ထွက်ခွာလာသလို ဘုန်းကြီးကျောင်းဖြစ်နေတဲ့အတွက်ကြောင့် စခန်းကုန်းကို မီးရှို့ရှင်းလင်းမှု မလုပ်ဆောင်ခဲ့ဘူးလို့ သိရပါတယ်။

အဆိုပါစစ်ဆင်ရေးကိုတော့ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့နဲ့ No More Dictatorship (NMD) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၂၈ ရက်ကလည်း မင်းကွန်းဒေသရှိ ချောင်းမကြီးနဲ့ ကင်းကျေးရွာက အကြမ်းဖက်စစ်ကြောင်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ် စစ်ကြောင်းပျက်ပြီး တပ်ဆုတ်သွားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အလောင်းနဲ့ လက်နက်တွေ ရရှိသလို တော်လှန်ရေးတပ်တွေဘက်ကလည်း ထိခိုက်ကျဆုံးမှု ရှိတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဝေါလေလမ်းပိုင်းမှာရှိတဲ့ ရွှေအေးမြိုင် ဘုရားကုန်းက အကြမ်းဖက်စစ်တပ် ကာကင်းစခန်းက စစ်သား ၁၆ဦးလတ်နတ်ခဲယမ်းများနဲ့အတူ အလင်းဝင်ရောက်လာ

ကရင်ပြည်နယ်၊ ဝေါလေလမ်းပိုင်းမှာရှိတဲ့ ဥကရစ်ထစခန်းရဲ့ ကာကင်းကုန်းဖြစ်တဲ့ ရွှေအေးမြိုင်ဘုရားကုန်းစခန်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ်က ဗိုလ်ကြီးအဆင့်အပါအဝင် စခန်းတခုလုံးက စစ်သားတွေ KTLA စစ်ကြောင်းဆီကို လက်နတ်ချအလင်းဝင်ရောက်ခဲ့တယ်လို့ KTLA တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ပေါက်မြို့နယ် ကျေးရွာဆေးခန်းကို စစ်ကောင်စီ ဗုံးကြဲ၊ ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့ဘက် စံဖဲကျေးရွာရှိ ဆေးခန်းကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နောင်ချိုနှင့် မိုးကုတ်မြို့နယ်ကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲချမှုကြောင့် အရပ်သားပြည်သူ (၁) ဦး သေပြီး (၂) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းက ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်နေတဲ့ နောင်ချိုနဲ့ မိုးကုတ်မြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချမှုကြောင့် အရပ်သားပြည်သူ (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူ၊ ရှင်မကန်ရွာရှိ စစ်အုပ်စုကို တော်လှန်ရေးတပ်များ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ နယ်မြေရှင်းလင်းရေးလုပ်ဖို့ကြိုးစားနေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေရှိရာ ရှင်မကန်ရွာကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်မှုတွေရှိကြောင်း Cobra One တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မြင်းခြံမှာ MBT အဖွဲ့ရဲ့စခန်းတွေဆီ စစ်​ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စု ပြန်လည်ထိုးစစ်ဆင်ခံရပြီး ၁၈ယောက်ခန့်သေ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ အခြေချရာ တပ်စခန်းတွေဆီ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တွေကို မဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT) အဖွဲ့က ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၂၇ရက်၊ ဒီနေ့မနက်အ​စောပိုင်းမှာ Myingyan Black Tiger ( MBT) အဖွဲ့ရဲ့စစ်ကြောင်း ၃ အခြေချရာ ခြေဆေးကျေးရွာအနီးကို အကြမ်းဖက်စစ်အုပ်စုတွေက ဝင်ရောက်တိုက်ခိုက်ဖို့ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
Read More

ဟားခါးမှာ စစ်သား ၁ ဦးကို အရှင်ဖမ်းမိ၊ စစ်သား ၂ ဦးနှင့် ရဲ ၁ ဦး အလင်းဝင်

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အကြမ်းဖက်စစ်သား ၁ ယောက်ကို အရှင်ဖမ်းမိပြီး စစ်သား ၂ ယောက်နဲ့ ရဲ ၁ ယောက် အလင်းဝင်လာတယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။