မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီး ၁ ယောက် ရုပ်အလောင်း မကျန်ရှိဘဲ သေဆုံးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က နေ့က ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၉ ရက် မွန်းမတည်မီအချိန်က စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာ၊ ပြည်စိုးအောင်ရပ်ကွက်ကို အကြမ်းဖက်စစ်တပ်ရဲ့ တံတားဦးတက် ဂျက်ဖိုက်တာတစ်စီးက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ယောက် ထိမှန်သေဆုံးကာ ရုပ်အလောင်း မကျန်ရှိခဲ့ဘဲ အရိုးနဲ့အသားစတွေသာ ကျန်ရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ က ဆိုပါတယ်။

ဒါ့အပြင် လက်ပန်လှကျေးရွာက နေအိမ်အဆောက်အဦး ၃ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဝေးရာမှာ နေထိုင်ပြီး လေကြောင်းရန် ကာကွယ်နိုင်ရေးအတွက်လည်း ဗုံးခိုကျင်းတွေ ​တူးထားဖို့ ပြင်ဦးလွင်ခရိုင် ပကဖ က တိုက်တွန်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်း၏ Phyu Phyu in Melbourne ဂီတဖျော်ဖြေပွဲ အောင်မြင်စွာ ပြီးဆုံး

တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းရဲ့ သြစတြေးလျ ခရီးစဉ်အဆုံးသတ် Phyu Phyu in Melbourne ဂီတဖျော်ဖြေပွဲ အောင်မြင်စွာ ပြီးဆုံးခဲ့တယ်လို့ ဖြူဖြူကျော်သိန်းက သူ့ရဲ့လူမှုကွန်ရက်ကတဆင့် အသိပေးပါတယ်။
Read More

စေတုတ္တရာတွင် စစ်အုပ်စုကို ၂ ရက်တာ ဒရုန်းဗုံးကြဲ၊ မိုင်းဆွဲတိုက်ခိုက်၊ စစ်အုပ်စုအဖွဲ့ဝင် ၂၀ ခန့် သေဆုံးကာ ဗိုလ်ကြီးအပါ အများအပြား ဒဏ်ရာရ

ကွေးတိုင်း၊ စေတုတ္တရာမြို့နယ်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ၂ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်မှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စေတုတ္တရာမြို့နယ် NUG ထံက သိရပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်မြောက်ချိန် ရှမ်းမြောက်မှာ အရပ်သားပြည်သူ ၁၀၀၀ကျော် ထိခိုက်သေဆုံးခဲ့

"၁၀၂၇ စစ်ဆင်ရေး"  တစ်နှစ်ပြည့်မြောက်ချိန်မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သေဆုံးသူနဲ့ ဒဏ်ရာရသူ စုစုပေါင်း ၁၀၀၀ ကျော်အထိ ရှိခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက် (HRAN)က ထုတ်ပြန်ပါတယ်။
Read More

မင်းတုန်းမြို့အဝင် ဆက်ကြေးကောက်ရန် ထွက်လာသည့် ရဲ ၂ ဦး တိုက်ခိုက်ခံရပြီး သေ

မကွေးတိုင်း၊ မင်းတုန်းမြို့အဝင်လမ်းပိုင်းမှာ ဆက်ကြေးကောက်ဖို့ထွက်လာတဲ့ စစ်ကော်မရှင်လက်အောက်ခံ ရဲ ၂ ယောက်ကို တိုက်ခိုက်ရာ သေဆုံးသွားကြောင်း သရက်ခရိုင် အမှတ် ၄ တပ်ရင်း သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

NUG ၏ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနက ဦးစီးဆောင်ရွက်သည့် ပစ်မှတ်ဆိုင်ရာ ထောက်လှမ်းရေး သင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနား…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနက ဦးစီးဆောင်ရွက်တဲ့ ပစ်မှတ်ဆိုင်ရာ ထောက်လှမ်းရေးသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ (၂၅) ရက်က စစ်ကိုင်းတိုင်းရှိ NUG စိုးမိုးနယ်မြေအတွင်း တစ်နေရာမှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ NUG က မနေ့က ထုတ်ပြန်ပါတယ်။
Read More

သင်္ကြန်ကာလ ဥပုသ်သီလစောင့်တည်နေသည့် ပြည်သူများကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ ကမ်းနီရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ယောက်ထက်မနည်းသေဆုံးပြီး ၂၀ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။