ကော့မြစ်အတွင်း အာဆင်းနစ်ညစ်ညမ်းမှုနဲ့ပတ်သက်လို့ စစ်ကောင်စီအရာရှိတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ကို လာမယ့်သတင်းပတ်ထဲ စေလွှတ်မယ်လို့ ဒီနေ့ ဇွန်လ ၃၀ ရက်မှာ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်း ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရဲ့ ချင်းရိုင်ခရီးစဉ်အတွင်း ရေအရည်အသွေးပြဿနာနဲ့ ပတ်သက်လို့ မေးခွန်းထုတ်မှုအပေါ် နိုင်ငံခြားရေးဝန်ကြီး မာရစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဖြေရှင်းပြီး မကြာမီ အခုလို ဆုံးဖြတ်ချက် ထွက်ခဲ့တာပါ။ 

ဒေသခံတွေရဲ့ အစီရင်ခံမှုတွေကြောင့် ရေညစ်ညမ်းမှုက ထိုင်းအစိုးရအတွက် အဓိက စိုးရိမ်စရာဖြစ်လာကြောင်း၊ ဒီအပေါ် တုံ့ပြန်တဲ့အနေနဲ့ ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်တဲ့ သဘောတူညီချက်တစ်ရပ် ချမှတ်နိုင်ဖို့ ဝန်ကြီးဌာနက မြန်မာ၊ တရုတ်တို့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ မာရစ်က ပြောဆိုထားပါတယ်။ 

နိုင်ငံခြားရေး အတိုင်ပင်ခံ ဦးဆောင်တဲ့ အဆိုပါ ပညာရှင်အဖွဲ့ဟာ ညစ်ညမ်းမှုစီမံခန့်ခွဲရေး ပူးတွဲအစီအစဉ်ကို ဆွေးနွေးဖို့ နေပြည်တော်ကို သွားရောက်မှာဖြစ်ကြောင်း၊ ညစ်ညမ်းပစ္စည်းတွေ မြစ်ရေထဲမဝင်နိုင်အောင် ထိန်းချုပ် ကာကွယ်မယ့်စနစ်တွေ အကောင်အထည်ဖော်ပြီး ပြဿနာကို အရင်းကနေ ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။ 

Picture courtesy of Thairath

ရေညစ်ညမ်းမှု စီမံခန့်ခွဲရေးအတွက် စစ်ကောင်စီနဲ့ဆွေးနွေးမှုအတွင်း နိုင်ငံတကာအဖွဲ့တစ်ခုရဲ့ နည်းပညာအကူအညီ ရယူမှာဖြစ်ကြောင်း မာရစ်က ပြောပါတယ်။ 

ရေမျက်နှာပြင် အရည်အသွေးမြှင့်တင်ရေး ဆပ်ကော်မတီကလည်း ရေအရည်အသွေးမြှင့်တင်ရေးကို အာရုံစိုက်ဖို့ ချင်းရိုင်အုပ်ချုပ်ရေးမှူးကို ညွှန်ကြားထားပြီး၊ ညစ်ညမ်းမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ချင်းရိုင်မှာ လေ့လာစောင့်ကြည့်ရေးစင်တာတစ်ခု တည်ထောင်ဖို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဝန်ကြီးကို တာဝန်ပေးထားကြောင်း သိရပါတယ်။ 

မြန်မာစစ်ကောင်စီဘက်ကလည်း မြစ်ကို စစ်ဆေးဖို့ အရာရှိတွေ စေလွှတ်ထားကြောင်း၊ ရလဒ်တွေကို လာမယ့် ဇူလိုင် ၂-၃ ရက်မှာ ပြုလုပ်မယ့် ထိုင်း-မြန်မာ နယ်စပ်ကော်မတီ အစည်းအဝေးမှာ တင်ပြမှာဖြစ်ကြောင်း ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။ 

ပြီးခဲ့တဲ့လအတွင်း ထိုင်းမြောက်ပိုင်းရှိ ပြည်သူတွေက အထူးသဖြင့် တရုတ်ကုမ္ပဏီများမှ စည်းကြပ်မှုမရှိသော ရွှေတူးဖော်မှုကို ပြဿနာဖြစ်စေတဲ့ အဓိကအကြောင်းအရင်းအဖြစ် ထောက်ပြခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။ 

ချင်းရိုင်က စိုင်မြစ်နဲ့ ကော့မြစ်ပိုင်းတွေမှာ အန္တရာယ်ရှိတဲ့ အာဆင်းနစ်နဲ့ ခဲဓာတ်တွေ အများအပြားတွေ့ရပြီး အဆိပ်အတောက် ဖြစ်စေနိုင်တာကြောင့် ဒေသခံတွေရဲ့ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသတွင်း အစားအစာဘေးကင်းရေးတို့အတွက် စိုးရိမ်စရာ ဖြစ်နေကြောင်း အလားတူ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။

မူရင်းသတင်း – Thailand sends team to Myanmar for Kok River pollution talks

0 Shares:
You May Also Like
Read More

မြန်မာစစ်ပွဲအပေါ်  နိုင်ငံတကာရဲ့တုံ့ပြန်မှု ‘အလုပ်ဖြစ်မနေဘူး’ လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြော

မြန်မာ့ပြည်တွင်းစစ်ကို ရပ်တန့်ဖို့ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုတွေဟာ အလုပ်မဖြစ်တာ ရှင်းလင်းနေတယ်လို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကအောက်တိုဘာလ ၁၀ ရက်နေ့မှာ ပြောကြားခဲ့ပြီး စစ်ကောင်စီကို ငွေ၊ လက်နက်နဲ့ တရားဝင်မှုတွေ ဖြတ်တောက်ဖို့ တိုက်တွန်းထားပါတယ်။
Read More

တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ သမ္မတကို လွှတ်တော်က တာဝန်ဆိုင်းငံ့…

တောင်ကိုရီးယားနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ သမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို စွပ်စွဲပြစ်တင်ဖြုတ်ချဖို့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှုအောင်မြင်ခဲ့ပြီးနောက် ယွန်းဆွတ်ခ်ယိုးလ်ရဲ့ သမ္မတာဝန်တွေကို ဆိုင်းငံ့လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ထိုင်းကို လာမည့် နိုင်ငံခြားသားခရီးသွားများအား ဘတ် ၃၀၀ ပြည်ဝင်ကြေး ကောက်ခံတော့မည်ဟုဆို

"ဒီဝင်ကြေးကို ရှုထောင့်နှစ်မျိုးနဲ့ ကြည့်လို့ရတယ်။ ခရီးသွားတွေကတော့ ဒါကို ဝန်ထုပ်ဝန်ပိုးတစ်ခုလို့ မြင်ကောင်း မြင်နိုင်ပေမယ့်၊ ဒီပိုထည့်ရတဲ့ ဘတ် ၃၀၀ က သူတို့ ဘေးကင်းဖို့၊ ကောင်းဖို့၊ ခရီးသွား အခြေခံအဆောက်အအုံတွေ ပိုကောင်းဖို့၊ ပိုအဆင်ပြေဖို့ဆိုတာကို အစိုးရက သေချာနားလည်အောင် ရှင်းပြပေးမှာပါ" လို့ ၎င်းက ဆိုပါတယ်။
Read More

မြန်မာ့ငလျင်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၉.၇၅ သန်း ကနေဒါ ထောက်ပံ့မယ်

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ခံနေရတဲ့ ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၉.၇၅ သန်း ပေးအပ်သွားမယ်လို့ ကနေဒါအစိုးရက ထုတ်ပြန်ပါတယ်။
Read More

အင်ဒိုနီးရှားမှာ ခရီးသည်တင်သင်္ဘော မီးလောင်မှုဖြစ်ပွားပြီး ၅ ယောက် သေဆုံး

အင်ဒိုနီးရှားနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ ခရီးသည်တင် ၂၈၀ ‌ကျော် လိုက်ပါစီးနင်းလာတဲ့ သင်္ဘော ၁ စီး မီးလောင်မှုဖြစ်ပွားပြီး လူ ၅ ယောက်ခန့် သေဆုံးခဲ့တယ်လို့ အင်ဒိုနီးရှားသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ထိုင်းရဲ့ ဒေသတွင်း အလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီရွေးကောက်ပွဲကိစ္စ ဆွေးနွေးဖွယ်ရှိ

ဘန်ကောက်မှာ ပြုလုပ်တဲ့ ဒီဇင်ဘာ ၁၉ ရက်ဆွေးနွေးပွဲမှာ စစ်ကောင်စီရွေးကောက်ပွဲအကြောင်း ဆွေးနွေးနိုင်တယ်လို့ Reuters သတင်းဌာနက ဖော်ပြထားပါတယ်။