စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ဝန်းထဲကို ရှော့တိုက်ရော့ကတ်တွေ ပစ်ခတ်တိုက်ခိုက်မှုမှာ အဆောက်အဦးတွေ ထိခိုက်ပျက်စီးပြီး အရာရှိတွေအပါအဝင် သေဆုံးသူ  ၂၂ ယောက်အထိ ရှိခဲ့တယ်လို့ Chindwin Rocket Brother-CRB တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇွန်လ ၂၇ရက် ညနေပိုင်းမှာ Chindwin Rocket Brothers -CRB နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက နမခ  ဌာနချုပ်ရှိရာကို ရှော့တိုက်ရော့ကတ် ၁၀လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို Chindwin Rocket Brothers -CRB နဲ့ မဟာမိတ်တွေက ၆ကြိမ်မြောက်အဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီတစ်ခေါက်မှာလည်း စစ်ကောင်စီဘက်က အထိအခိုက်တွေ များပြားခဲ့တယ်လို့ ဆိုပါတယ်။

ရော့ကတ်တွေ ကျရောက်ပေါက်ကွဲမှုကြောင့် နမခ စစ်တိုင်းရုံးအတွင်းက ဆီဂိုဒေါင် ပေါက်ကွဲကာ တန့် ၂ လုံး ပျက်စီးခဲ့ပြီး စခန်းရုံးနဲ့ ရိက္ခာဂိုဒေါင်တွဲပါ မီးလောင်သွားခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် (RB=12/14) လိုင်းခန်း ထိမှန်ပျက်စီးခဲ့သလို အရာရှိရိပ်သာအတွင်း ရပ်ထားတဲ့ အိမ်စီးကား ၂ စီးလည်း မီးလောင်ပျက်စီးသွားခဲ့တယ်လို့ Chindwin Rocket Brother-CRB ကထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း စစ်တိုင်းရုံးအတွင်းက အရာရှိ ၂ယောက်နဲ့အတူ အရာရှိဇနီးသည် ၄ယောက်၊ စစ်သည် ၁၂ယောက် ပွဲချင်းပြီး သေဆုံးခဲ့ပြီး အရာရှိ ၄ယောက်၊ စစ်သည် ၁၅ယောက်နဲ့ ဗိုလ်မှူး ကလေး၂ယောက်လည်း  ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တာကြောင့် အဲ့ဒီနေ့ ညနေပိုင်းမှာပဲ တဆ(ခွဲ) ၄/၃၀၀ တပ်ဆေးရုံဆီ  ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ဇွန်လ ၂၈ ရက်နေ့မှာတော့ တဆ(ခွဲ) ၄/၃၀၀ အထူးကြပ်မတ်ဆောင်ကို ရောက်ရှိနေတဲ့ ထိခိုက်ဒဏ်ရာရသူတွေထဲက  အရာရှိ ၁ယောက်နဲ့အတူ ဗိုလ်မှူးကလေး ၁ယောက်နဲ့ စစ်သည် ၂ယောက် ထပ်မံသေဆုံးခဲ့ကြောင်း Chindwin Rocket Brother-CRB တာဝန်ရှိသူက ပြောပါတယ်။

“၁၀ လုံးပစ်ခဲ့ပေမယ့် ၁၀လုံးလုံး မအောင်ပါဘူး။ ၆လုံးပဲ အောင်မြင်ခဲ့ပြီး ၄လုံးက Error တက်သွားလို့ မပစ်ခဲ့ရပါဘူး။ စခတွေရဲ့ ထိခိုက်မှုကို အထက်ဗမာပြည် Air Defense force and Civil နဲ့ CDM ဗိုလ်ကြီးတချို့ အတည်ပြုပေးပါတယ်” လို့ Chindwin Rocket Brother-CRB တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်ရဲ့  နာရေးကိုလည်း ဒီနေ့ ဇွန်လ ၂၉ ရက် မုံရွာမြို့  နမခ စစ်သင်္ချိုင်း နဲ့ အလုံမြို့ သရဏဂုံသင်္ချိုင်းတွေထဲ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ချင်းတွင်းရော့ကတ်ညီနောင် (Chindwin Rocket Brothers -C.R.B) ဦးဆောင်ပြီး  မဟာမိတ်အဖွဲ့တွေဖြစ်ကြတဲ့ ချိုမိုင်မိုင်(ကနီ)၊  Anonymous Heroes နဲ့ Chindwin Brothers အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တော်လှန်ရေး ထိန်းချုပ်နယ်မြေများကို စစ်သည်အင်အား အကုန်ထုတ်သုံး၍ ကာကွယ်နေကြောင်း မတ္တရာ ပကဖ ထုတ်ပြန် 

မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး တိုက်ပွဲအတွင်း တော်လှန်ရေးခြေလှမ်း မရပ်တန့်ဘဲ စစ်သည်အင်အား အကုန်သုံးပြီး တိုက်ခိုက်နေကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်မဲမြို့တွင် အကြမ်းဖက်စစ်တပ် လေကြောင်း ဗုံးကြဲချတိုက်ခိုက်၊ နေအိမ် (၅) လုံး ဗုံးစထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊‌ မြောက်ကုန်းရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးတွေ ကြဲချတိုက်ခိုက်ရာ နေအိမ် (၅) လုံး ဗုံးစထိမှန်ပျက်စီးသွားတယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကော့ကရိတ်မြို့နယ် နောင်မိကျေးရွာလမ်းပိုင်းတွင် KNLA နှင့် DKBA ဗိုလ်ဘိတပ်တို့ တိုက်ပွဲဖြစ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် နောင်မိကျေးရွာလမ်းပိုင်းမှာ KNLA ပူးပေါင်းတပ်နဲ့ DKBA ဗိုလ်ဘိတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး DKBA ဗိုလ်ဘိတပ်သားတချို့ကို အရှင်ဖမ်းမိထားတယ်လို့ KNLA စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

အင်းလေး PDF က တောင်ရိုး အမျိုးသားများ၏ (၁၆)ကြိမ်မြောက်အမျိုးသားနေ့ ဂုဏ်ပြုအခမ်းအနား ပြုလုပ်…

မတ်လ(၁)ရက်၊ တပေါင်းလဆန်း(၃)ရက် ဒီနေ့မှာ ကျရောက်တဲ့ တောင်ရိုး အမျိုးသားတွေရဲ့ (၁၆) ကြိမ်မြောက်အမျိုးသားနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၊အမှတ်(၁၀၀၉)တပ်ရင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တောင်ရိုးအမျိုးသားနေ့ ဂုဏ်ပြုအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ULA/AA ၏ နိုင်ငံရေးမှူး ဦးဦးလှစော ကွယ်လွန်

၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/ ရက္ခိုင့်တပ်တော် AA ရဲ့ နိုင်ငံရေးမှူးအဖြစ် တာဝန်ယူထားတဲ့ ဦးဦးလှစောဟာ မနေ့က ညပိုင်းမှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
Read More

နိုင်ငံတကာပိတ်ပင်ထား‌သော ကလက်စတာ ဆင့်ကဲဗုံးများဖြင့် ရခိုင်ကျေးရွာများကို အကြမ်းဖက်စစ်တပ် ဆက်တိုက်ဗုံးကြဲ

ရခိုင်ပြည်နယ်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော်မြောက်ဦးက ပြည်သူ့ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ကာ အရပ်သားပြည်သူ ၃၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီးနောက်၊အကြမ်းဖက်စစ်တပ်က ဒေသခံတွေနေထိုင်တဲ့ အခြားရခိုင်ကျေးရွာတွေကို နိုင်ငံတကာကသုံးစွဲခွင့် ပိတ်ပင်ထားတဲ့ ဆင့်ကဲဗုံး (cluster) ဗုံးတွေနဲ့ပါ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော် (AA) က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။