စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာမယ့်  စစ်သင်္ဘောတွေအတွက် စစ်ကောင်စီက ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာတွေကို စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဇွန်လ ၂၈ ရက်၊ မနေ့က မနက်အစောပိုင်းမှာ ဆားလင်းကြီးမြို့နယ်၊ သရက်ကိုင်းကျေးရွာကို စစ်ကောင်စီက အနောက်မြောက်တိုင်းစစ်ဌာနချုပ် (မုံရွာနမခ) တက် စက်တပ်လေထီး ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် ချင်းတွင်းမြစ်ကမ်းနံဘေး၊ သရက်ကိုင်းကျေးရွာ၊ နေအိမ်၁လုံးအတွင်းရှိနေတဲ့ အရပ်သား ၄ ယောက် နေရာမှာတင်သေဆုံးခဲ့ကြောင်း ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုဗိုက်က မောင်းကို ပြောပါတယ်။

“၂၇ရက်နေ့ ညနေမှာ စစ်ကိုင်းဆင်ဖြူရှင်တံတားမှာ စစ်သင်္ဘောတွေ ဆိုက်တယ်။ မနက် ၆ နာရီလောက်ကျ  မုံရွာဘက် ဆန်တက်လာတယ်ပေါ့ ။ အဲ့မှာ နမခကနေပါ စက်တပ်လေထီး ၂ စီးနဲ့ တက်လာပြီး ဗုံးသီး ၂ လုံး ချသွားတာပါ။ ချသွားတဲ့ရွာတွေက နှောတကူးရယ် သရက်ကိုင်းရယ်ပါ။ သေတာအမျိုးသားတွေချည်းပါပဲ။ အသက်အရွယ်တွေတော့ အတိအကျမသိရပါဘူး” လို့ ပြောပါတယ်။

ကွဲပြီးသားဗုံးစကို တွေ့ရစဥ်
ကွဲပြီးသားဗုံးစကို တွေ့ရစဥ်

စစ်ကောင်စီသင်္ဘောတွေဟာ ချင်းတွင်းမြစ်ကြောင်းကိုအသုံးပြုရာမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုကို မကြာခဏခံရလေ့ရှိတာကြောင့် စစ်ကောင်စီဘက်က အခုလို ကာဗာယူ ဗုံးကြဲတိုက်ခိုက်တာမျိုးတွေ လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။

ဇွန်လ ၂၈ ရက် မနေ့က နေ့လယ်ပိုင်းမှာလည်း မုံရွာဘက်ကနေ ဆန်တက်လာတဲ့ စစ်ကောင်စီ ဖလက်ရေယာဥ်နဲ့ သင်္ဘောတွေကို ချင်းတွင်းမြစ်ကမ်းဘေး တစ်နေရာကနေ တော်လှန်ရေးတပ်တွေက အသင့်စောင့်ကြို တိုက်ခဲ့ကြပါသေးတယ်။

လက်ရှိမှာတော့ ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်ခဲ့တဲ့ စစ်ကောင်စီ သင်္ဘော ၃ စင်းနဲ့ ကုန်တင်သင်္ဘော ၁၁ စင်းဟာ မြစ်ကမ်းနံဘေးကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်တာ၊ စက်တပ်လေထီး (ပါရာမော်တာ)  ဗုံးသီးကြဲတာတွေ လုပ်ဆောင်ရင်း မုံရွာမြို့ကို ရောက်ရှိသွားပြီလို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

စစ်ကောင်စီက လူငယ်တွေကို အပျော်အပါးနဲ့ ဖျက်ဆီးကာ စစ်မှုထမ်းဖို့ ဆွဲဆောင်နေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်မှာ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ်တွေကို စစ်ကောင်စီက ပျော်ပါးခွင့် အပြည့်ပေးထားကာ စစ်မှုထမ်းဖို့ ဆွဲဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
Read More

သြဂုတ်လအတွင်း TNLA စိုးမိုးနယ်မြေမှာ စစ်တပ်၏ လက်နက်ကြီးနှင့် ဗုံးကြဲမှုကြောင့် ပြည်သူ ၄၆ ဦး သေဆုံး၊ ၅၅ ဦး ထိခိုက်ဒဏ်ရာရ

သြဂုတ်လတစ်လအတွင်း ကျောက်မဲ၊ မိုးကုတ်၊ မိုင်းငေါ့၊ သီပေါနဲ့ မိုင်းလုံမြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့နဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတော်၊ သီလရှင်၊ ကလေးငယ်အပါအဝင် ပြည်သူ (၄၆) ယောက် သေဆုံးခဲ့ပြီး သံဃာတော် (၆)ပါး၊ သာမဏေ (၆)ပါးအပါအဝင် ပြည်သူ (၅၅)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အောက်တိုဘာ တစ်လအတွင်း ယောမှာ စစ်တပ်လေကြောင်း ၈ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၁၁ ယောက် သေဆုံးခဲ့

ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လအတွင်းမှာတင် မကွေးတိုင်း၊ ယောဒေသမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း ပဉ္စမ မဏ္ဍိုင်( PMCSG ) က ထုတ်ပြန်ပါတယ်။
Read More

နမ့်ပေါင်ရွာကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

လားရှိုးမြို့နယ်၊ နမ့်ပေါင်ရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ အရပ်သားတစ်ယောက် ဒဏ်ရာရပြီး စာသင်ကျောင်း ပျက်စီးခဲ့တယ်လို့ MNDAA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ပြည်သူတွေရဲ့ အားကြိုးမာန်တက် ထောက်ခံမှုကြောင့် ဦးကျော်မိုးထွန်း ကုလစင်မြင့်မှာဆက်လက်ရှိနေခဲ့တယ်လို့ GSCB ထုတ်ပြန်

ပြည်သူတွေရဲ့  တောင်းဆိုမှုတွေကြောင့်  ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရပ်တည်ခွင့်ရခဲ့မှုကို ထောက်ခံဂုဏ်ပြု ကြိုဆိုတယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု GSCB ကထုတ်ပြန်ပါတယ်။
Read More

ညောင်ကျိုးစခန်း ကို သိမ်းပိုက်ခဲ့အပြီး ကပစ စက်ရုံတွေကို အနီးကပ်ခြိမ်းခြောက်လာပြီဖြစ်တဲ့ AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထိုးစစ်

အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်နဲ့ ပဲခူးရိုးမအစပ်ကြားက ပန်းတောင်းမြို့နယ်၊ ညောင်ကျိုး စစ်တပ်စခန်းကို ပြီးခဲတဲ့ မတ်လ ၁၄ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီလို့ သိရပါတယ်။