စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်ပွဲမှာ ဝက်လက်မြို့နယ်အခြေစိုက် Acid ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက် ကျဆုံးသွားခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။

Acid ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်ဖြစ်တဲ့ ရဲဘော် အာနိုး (ခ) ဝေယံထက်ဟာ ဇွန်လ ၂၈ ရက်မှာ စစ်အုပ်စုက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

“လက်နက်ကြီး counter ကျပြီး ဦးခေါင်းကို ထိမှန်ပြီးတော့ ကျခဲ့တာပေါ့။ ကျနော်တို့ အဖွဲ့ထဲက ၂ ယောက် ထိပါတယ်။ တစ်ယောက်ကတော့ အဲဒီ ရဲဘော် အာနိုးပေါ့။ နောက်တစ်ယောက်ကတော့ မစိုးရိမ်ရတဲ့ ဒဏ်ရာနဲ့ အခု ဆေးဝါးကုသမှုခံယူလျက် ရှိပါတယ်” လို့ Acid တပ်ဖွဲ့ ပြန်ကြားရေးနှင့် ဘဏ္ဍာရှာဖွေရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

ကျဆုံးရဲဘော် အာနိုး (ခ) ဝေယံထက်

ကျဆုံးသွားတဲ့ ရဲဘော် အာနိုးရဲ့ ရုပ်အလောင်းကို ရအောင် ယူဆောင်ခဲ့ပြီး ဇွန်လ ၂၉ ရက် ဒီနေ့မှာ အဆိုပါ ရဲဘော်ရဲ့ မိသားစုဝင်တွေနဲ့အတူ သဂြိုဟ်ပေးခဲ့ပြီး ကျန်ရှိ ရဲဘော်တွေကလည်း သွေးကြွေးဆပ်တဲ့အနေနဲ့ ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဆိုကြပါတယ်။

“ကျနော်တို့ ရဲဘော်အာနိုးရဲ့ အလောင်းကို ဖြစ်ဖြစ်ချင်းမှာပဲ ရအောင် ဆွဲထုတ်ပြီး ကျနော်တို့ ဌာနအထိရောက်အောင် သယ်ယူနိုင်ခဲ့ပါတယ်။ ကျနော်တို့ သူ့အတွက် ဈာပနကိုလည်း ပြုလုပ်ပြီးပါပြီ။ ရဲဘော် အာနိုးရဲ့ ဈာပနကို ရဲဘော်မိသားစုနဲ့ ရဲဘော်ရဲ့ အမျိုးသမီးပါ လိုက်ပါပို့ဆောင်ခွင့် ရရှိခဲ့ပါတယ်” လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

မင်းကွန်းမြို့နယ်ထဲကို ဇွန်လ ၁၂ရက်နေ့ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာကတည်းက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး လက်ရှိမှာလည်း မင်းကွန်းနယ်ထဲ စစ်ရေးအခြေအနေ တင်းမာနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ကျဆုံးရဲဘော် အာနိုး (ခ) ဝေယံထက်
0 Shares:
You May Also Like
Read More

မတ္တရာမြို့နယ်မှာ မြို့နယ်ပကဖ က ကာကွယ်ရေးဝန်ကြီးဌာနထုတ် စစ်သတင်းလွှာများကို ဖြန့်ဝေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အပတ်စဥ် ထုတ်ဝေတဲ့ စစ်သတင်းလွှာတွေ ဖြန့်ဝေပေးခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းတိုင်းမှာ ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၅၉ ဦး သေဆုံးခဲ့…

စစ်ကိုင်းတိုင်းအတွင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဧပြီလ ၈ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ ၅၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆိပ်ဖြူမြို့နယ် စစ်ဆေးရေးဂိတ်ရှိ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ် တိုက်ပွဲဖြစ်၊ စစ်ကော်မရှင်တပ်သား ၄ဦး သေပြီး တော်လှန်ရေးဘက်မှ စစ်ကြောင်းမှူး ကျဆုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်စခန်းက စစ်အုပ်စုနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်းထံက သိရပါတယ်။
Read More

တော်လှန်အနုပညာရှင် မင်းမော်ကွန်း၏ ဖြတ် ရုပ်ရှင် ကနေဒါမှာ ပြသ (ဓာတ်ပုံသတင်း)

အာဏာသိမ်း စစ်ကောင်စီကို အနုပညာအားနဲ့ တော်လှန်တိုက်ခိုက်နေတဲ့ မင်းမော်ကွန်းရဲ့ ဖြတ် ရုပ်ရှင်ပြပွဲကို မတ်လ ၁၅ ရက်က ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ်၊ ဗန်ကူးဗားမြို့၊ BCIT မှာ ကျင်းပခဲ့ပါတယ်။
Read More

ငလျင်လှုပ်ခတ်စဉ် ငွေသားလုံခြုံရေးအကြောင်းပြကာ တံခါးပိတ်ခဲ့တဲ့ ပျော်ဘွယ် KBZ ဘဏ်မှာ သေဆုံးသူ ၂၀ အထိရှိခဲ့

ငလျင်ကြောင့် ဆိုးရွားစွာ ပြိုကျခဲ့တဲ့ ပျော်ဘွယ်က KBZ ဘဏ်အဆောက်အအုံအတွင်း သေဆုံးသူ ၂၀ အထိရှိခဲ့တယ်လို့ပျော်ဘွယ်မီးသတ်က ဧပြီ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ဒီပဲယင်းမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၃ နှစ်အရွယ် ကလေးအပါ ၅ ဦးသေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၃ နှစ်အရွယ်ကလေးငယ်အပါအဝင် ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။