ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်မှာရှိတဲ့ အနုစာဝရီကျောက်တိုင် – Victory Monument မှာ ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် နုတ်ထွက်ရေး ဆန္ဒပြနေကြတဲ့ ဧရိယာ အနီးတတိုက်က မြန်မာနိုင်ငံသား ၇ ယောက်နဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၁ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

မနေ့က ဇွန်လ ၂၈ ရက် နေ့လယ်ပိုင်းမှာ ကျင်းပခဲ့တဲ့ ဆန္ဒပြပွဲအနီး ပစ်ကပ်ကားတစ်စီးကို ထိုင်းရဲတပ်ဖွဲ့က သံသယရှိတာကြောင့် စစ်ဆေးခဲ့ရာကနေ ဒင်ဒိုင် ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် ဖမ်းဆီးခံရသူတွေကတော့ သူတို့ဟာ ဘန်ကောက်မြို့၊ လတ်ဖရောင်းကို ပစ္စည်းတင်ဆောင်ဖို့သွားတာဖြစ်ကြောင်း ထိုင်းရဲတွေကို ပြောဆိုပေမယ့် ဆန္ဒပြပွဲအနီး ရောက်ရှိနေတာကြောင့် သံသယမှုနဲ့ နေထိုင်ခွင့်အထောက်အထာ၊ အလုပ်လုပ်ခွင့်ပါမစ်၊ နိုင်ငံကူးလက်မှတ် စတာတွေကို စစ်ဆေးနေဆဲဖြစ်တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။

ကမ္ဘောဒီယားနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆင်နဲ့ ဖုန်းပြောဆိုခဲ့တဲ့ အသံဖိုင်ပေါက်ကြားလာပြီးနောက် ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်ထရာကို ရာထူးကနေ နုတ်ထွက်ပေးဖို့ကို လူပေါင်းထောင်ချီ စုဝေးဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ မနက် ၉ နာရီလောက်ကတည်းက လာရောက်စုရုံးနေကြတာဖြစ်ပြီး နာမည်ကြီး နိုင်ငံရေးတက်ကြွသူတွေက မိန့်ခွန်းပြောတာတွေ၊ နယ်စပ်အရေး ထိုင်းရဲ့အချုပ်အခြာကို ကာကွယ်ဖို့ ညီညွတ်ရေးပြတဲ့အနေနဲ့ ထိုင်းနိုင်ငံတော်သီချင်း စုရုံးသီဆိုတာတွေ လုပ်ဆောင်ခဲ့ကြကြောင်း သိရပါတယ်။

(ဓာတ်ပုံ TheNationThailand)

0 Shares:
You May Also Like
Read More

“ဝ” ထိန်းချုပ်ဒေသတွင်း ရွှေတူးဖော်မှုများကြောင့် ဒေသတွင်း ပတ်ဝန်းကျင်ညစ်ညမ်းမှု အပါအဝင် နယ်စပ်ဖြတ်ကျော်ကိစ္စများ ထိုင်းနှင့် စစ်ကောင်စီတို့ ဆွေးနွေးဟု ဆို

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

တရုတ်နိုင်ငံသားတွေကို အလုံးအရင်းလိုက် နေရပ်ပြန်ပို့ရေး စီစဉ်ဖို့ တရုတ်ဒုဝန်ကြီး မဲဆောက်သွား

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ထိုင်းနိုင်ငံမှ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနှင့် လုံး၀ ပတ်သက်မှုမရှိကြောင်း KNLA ဗဟိုစစ်ဦးစီးဌာနချုပ် ထုတ်ပြန်…

ထိုင်းနိုင်ငံအတွင်း မတ်လ ၂၁ ရက်မှာ ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်လို့ လုံး၀ စပ်ဆိုင်ပတ်သက်မှုမရှိကြောင်း ကရင်အမျိုသားအစည်းအရုံး(KNU) ရဲ့ နိုင်ငံရေးဦးဆောင်မှုကို ခံယူထားတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုစစ်ဦးစီးဌာနချုပ်က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

အတုအယောင်ရွေးကောက်ပွဲ ရလဒ်များကို ဇန်နဝါရီလကုန် ကြေညာမည်ဟု ရွေးကောက်ပွဲကော်မရှင် ပြော

စစ်အုပ်စုက ပြုလုပ်ဖို့ရှိတဲ့ အတုအယောင်ရွေးကောက်ပွဲရဲ့ နောက်ဆုံးရလဒ်တွေကို လာမယ့်နှစ် ဇန်နဝါရီလကုန်ပိုင်းမှာ ကြေညာမယ်လို့ စစ်တပ်ရဲံ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တာဝန်ရှိသူတယောက်က စက်တင်ဘာ ၁၁ ရက် ကြာသပတေးနေ့မှာ ပြောပါတယ်။
Read More

ကလေးငယ် ၂ ဦး အပါအဝင် ရွှေ့ပြောင်းမြန်မာ ၁၁၀ ကျော် ကန်ချနဘူရီမှာ ဖမ်းဆီးခံရ 

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ၊ ထောင်ဖာဖုမ်မှာ မြန်မာပြည်ကနေ တရားမဝင်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သား ၁၁၀ ကျော်ကို အာဏာပိုင်တွေက စက်တင်ဘာလ ၁၆ ရက်မှာ ထပ်မံ ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ ဥကရစ်ထစစ်ကောင်စီတပ်စခန်းကို KNU ပူးပေါင်းတပ်များ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်၊ စစ်သား ၁၀၀ နီးပါး ထိုင်းနိုင်ငံဘက် ထွက်ပြေး

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ဥကရစ်ထတပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်တွေနဲ့ ပူးပေါင်းတပ်တွေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်နဲ့ ထိုင်းသတင်းတွေအရ သိရပါတယ်။