ပဲခူးတိုင်းအနောက်ခြမ်း မြို့နယ်တွေက ပညာရေးဝန်ထမ်းတွေကို စစ်ကောင်စီက တရားမဝင် ရွေးကောက်ပွဲအတွက် မဲရုံမှူးသင်တန်းပေးဖို့ နေပြည်တော်ကို စတင်ပို့ဆောင်နေပြီ ဖြစ်တယ်လို့ ဒေသခံ ပညာရေးဝန်ထမ်းတွေထံက သိရပါတယ်။

အဆိုပါ မဲရုံမှူးသင်တန်းကို လာမယ့် ၄/၅ ရက်အတွင်း နေပြည်တော်မှာ သွားရောက်သင်ကြားရမှာ ဖြစ်ပြီး စစ်ကောင်စီရဲ့ လုံခြုံရေးယာဉ်တန်းနဲ့ သွားရောက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

“သာယာဝတီ၊ မင်းလှ၊ အုတ်ဖို့က group တစ်ခုဖြစ်မှာပေါ့။ ကြို့ပင်ကောက်၊ မိုးညို၊ ဇီးကုန်းတို့ဆို group တစ်ခုပေါ့။ အဲ့လို အသုတ်လိုက်သွားရမှာ” လို့ ပဲခူးတိုင်းအနောက်ခြမ်းရှိ အမည်မဖော်လိုတဲ့ ပညာရေးဝန်ထမ်းတစ်ယောက်က မောင်းကို ပြောပါတယ်။

သင်တန်းတက်ရာမှာ ပညာရေးဝန်ထမ်းအားလုံးကို နေပြည်တော် ခေါ်ယူသင်တန်းတက်စေတာမျိုး မဟုတ်ဘဲ မဲရုံတစ်ရုံကို ကိုယ်စားလှယ်တစ်ယောက်က သင်တန်းသွားတက်ရမှာဖြစ်ပြီး သင်တန်းဆင်းပြီးရင်တော့ ကျန်တဲ့သူတွေကို ပြန်လည်သင်ကြားပေးရတဲ့ ပုံစံမျိုးဖြစ်ကာ မဲရုံရှိသလောက် ကိုယ်စားလှယ်တွေ သင်တန်းသွားတက်ရမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

“အခု မဲကိစ္စနဲ့ ပတ်သက်ရင် အကုန်လုံးက လုံခြုံရေးတွေနဲ့ပဲ လုပ်နေတာ။ ဘာလို့လဲဆိုတော့ အရှေ့မှာတုန်းကလည်း သန်းခေါင်စာရင်း ကောက်တာ ပညာရေးဝန်ထမ်းတွေပဲ လုပ်ရတာ အဲ့တုန်းကဆို ကြောက်ကြောက်နဲ့ လုပ်ကြရတာကိုး။ တချို့ရွာတွေဆို သွားတောင် မကောက်ဘူး။ ရမ်းချလိုက်တာပဲ။ ပုံမှန်ကတော့ တစ်အိမ်တက် တစ်အိမ်ဆင်း ကောက်ရမှာပေါ့လေ” လို့ အထက်ပါ ပညာရေးဝန်ထမ်းက ဆိုပါတယ်။

အဆိုပါသင်တန်းမှာ မူလတန်းပြ၊ အလယ်တန်းပြနဲ့ အထက်တန်းပြ ပညာရေးဝန်ထမ်းတွေ ပါဝင်ပြီး သင်တန်းတက်ရမယ့် ပညာရေးဝန်ထမ်း စစ်တပ်မိသားစုဝင်တွေတောင် လုံခြုံရေးယာဉ်တန်းနဲ့ သင်တန်းသွားတက်ရမှာကို ကြောက်လန့်နေကြတယ်လို့ ဆိုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ဒီပဲယင်းနယ်တွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅ နှစ်အရွယ်ကလေးအပါအဝင် အရပ်သား ၂၀ နီးပါးသေဆုံး

“ထိခိုက်သေဆုံးကတော့ ကျနော်တို့အလောင်းတွေ့ရတာ ၁၈ ဦး၊ ထပ်တိုး တစ်ဦးရှိတယ်လို့လည်း ကြားတယ်၊ အဲဒီမှာ ၅ နှစ်အရွယ် ကလေးတစ်ဦးပါတယ်။ ၂၀ ကတော့ကျော်မယ်လို့ထင်တယ်၊ တစ်ချို့ရှာမတွေ့တာတွေ ရှိတယ်လို့လည်းသိရတယ်” လို့ ဒီပဲယင်းနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။
Read More

AA ၏ စစ်တွေမြို့သိမ်းတိုက်ပွဲ ပိုမိုပြင်းထန်လာ

စစ်တွေမြိုသိမ်းတိုက်ပွဲ စတင်ဆင်နွှဲနေတဲ့ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တွေ စစ်တွေမြို့အနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲများ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ဝက်စာ ရှာထွက်သည့် မြေးအဘိုး ၃ ဦးကို စစ်တပ်က ပစ်လို့ ၂ ဦးသေပြီး၊ ၁ ဦးဒဏ်ရာရ…

“သူတို့ကဆင်းရဲတဲ့မိသားစုတွေ၊ (စစ်တပ်) ပတ်ကင်းနဲ့တွေ့ပြီး သူတို့ဆိုင်ကယ်ကို လှမ်းတားတာ … မကြားမိလို့ပဲလားမသိ မရပ်ပေးတော့ …ပစ်ခံလိုက်ရတာ၊ မြေးအဘိုးတွေက ဆိုက်တွဲနဲ့ ဝက်စာ အစာရှာထွက်တာ၊ အဘိုးက ၆၀ ကျော်၊ မြေးတွေက ၂၀ ဝန်းကျင်ပဲ ” လို့ ဆားလင်းကြီးမြို့နယ် သိမ်တော်ရွာခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ငလျင်ဒဏ် ခံစားနေရချိန် ညောင်ဦးအနောက်ဘက်ခြမ်း ရွာများကို စစ်​အုပ်စု အင်အားအလုံးအရင်းသုံးပြီး မီးရှို့ခဲ့

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီက မတ်လ ၃၁ရက်နေ့ကစပြီး စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုဇီးက မောင်းကို ပြောပါတယ်။
Read More

လေယာဉ်ဗုံးထိမှန်ကျဆုံးခဲ့သည့် မိုးကုတ်ပကဖ ရဲဘော် (၂) ဦးအတွက် အမိန့်ပြန် အခမ်းအနား

အကြမ်းဖက်စစ်ကောင်စီရဲ့ လေယာဉ်ဗုံး ထိမှန်ကာ ကျဆုံးခဲ့တဲ့ ပကဖ ရဲဘော် (၂) ယောက်အတွက် မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပကဖက အမိန့်ပြန်တမ်းထုတ် အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းတပ်ကို အောက်တိုဘာလတစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၅ကြိမ်ထက်မနည်း ပြုလုပ်ခဲ့

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို​အောက်တိုဘာလအတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးသီး ၇၀ကျော်ကြဲတိုက်ခိုက်ခဲ့တယ်လို့ မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Mindat)က ထုတ်ပြန်ပါတယ်။