အကြမ်းဖက်စစ်ကောင်စီဟာ တအာင်းတပ် TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၆ယောက် ထိမှန် ဒဏ်ရာရခဲ့တယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၉ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာက ကျောက်မဲမြို့ ၊ ရပ်ကွက် (၁) ကို ပေါင် (၂၅၀) ဗုံး ၂ လုံး လာရောက်ကြဲချခဲ့တာကြောင့် အမျိုးသမီး ၂ယောက်၊ အမျိုးသား ၄ယောက် ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် နေအိမ် ၁၀ လုံးလည်း ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ဇွန်လ ၂၄ရက်နဲ့ ၂၆ရက်နေ့တွေတုန်းကလည်း ကျောက်မဲမြို့အတွင်းကို လေကြောင်းအသုံးပြုကာ ဗုံး ၄လုံး ကြဲချခဲ့တာကြောင့် ပြည်သူ ၅ယောက် သေဆုံးပြီး ကလေးငယ် ၂ယောက် အပါအဝင် ၁၆ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ လူနေအိမ် ၅၁ လုံးနဲ့ စာသင်ကျောင်း ၂ကျောင်း ထိမှန် ပျက်စီးသွားခဲ့ပါတယ်။

စစ်အုပ်စုဟာ လေကြောင်းကို အဓိက အသုံးပြုကာ အရပ်သားပြည်သူတွေကို ဦးတည်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် ပြည်သူလူထုအနေနဲ့ တိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ရေးအတွက် စစ်ရေးသတိ အမြဲရှိကြဖို့ လိုအပ်သလို လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကိုလည်း လိုက်နာဆောင်ရွက်ကြဖို့ TNLA က အသိပေးတိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

အင်္ဂလန်နိုင်ငံမှာ ဆွစ်ဇလန်နိုင်ငံနဲ့ ဖင်လန်နိုင်ငံတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနများ ကြီးမှူးကျင်းပသည့် “Improving the support and protection of Human Rights Defenders to strengthen civic space” ညီလာခံကို NUG ဝန်ကြီးတက်ရောက်

အင်္ဂလန်နိုင်ငံမှာ ဆွစ်ဇလန်နိုင်ငံနဲ့ ဖင်လန်နိုင်ငံတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ကြီးမှူးကျင်းပတဲ့ “Improving the support and protection of Human Rights Defenders to strengthen civic space” ညီလာခံကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေကျင် ခမရ ၅၉၈ တပ်ရင်းဌာနချုပ်သိမ်းတိုက်ပွဲမှ စစ်ဆင်ရေးမှတ်တမ်းအချို့ Cloud Wings ထုတ်ပြန်

စစ်ကောင်စီ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ပူးပေါင်းမဟာမိတ်တော်လှန်ရေးတပ်တွေက ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ PDFစစ်ရုံးချုပ်က ဒီကနေ့ သတင်းထုတ်ပြန်ပြီးဖြစ်ပါတယ်။
Read More

လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးရာမှာ ပါဝင်နေသည့် စစ်မှုထမ်းဟောင်းနှင့် ချွေးမဖြစ်သူတို့ကို ဖမ်းဆီး၊ သေနတ်လုပြေးသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့…

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးရာမှာ ပါဝင်နေတဲ့ စစ်မှုထမ်းဟောင်း ကြည်အေးနဲ့ သူရဲ့ ချွေးမဖြစ်သူ နွယ်နွယ်ဝင်းတို့ကို ဖမ်းဆီးခေါ်ဆောင်လာချိန် လမ်းမှာ သေနတ်လုပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့​ဘက်တော်သားအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ်၏ တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်)ကို ရှော့တိုက်ဒုံးများ ပစ်ခတ်မှုအတွင်း သင်တန်းသား စစ်အရာရှိများအပါ အယောက် ၃၀ ခန့် ပွဲချင်းပြီး သေဆုံး၊ သင်တန်း ဒုကျောင်းအုပ်ကြီးအပါ အယောက် ၅၀ ကျော် ဒဏ်ရာရကာ ထိခိုက်ပျက်စီးမှု များပြား

အကြမ်းဖက် စစ်ကော်မရှင်တပ်ရဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်) ကို ရှော့တိုက်ဒုံး ၉ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့မှုမှာ သင်တန်းသား စစ်အရာရှိ အယောက် ၂၀ ထက်မနည်း သေပြီး အယောက် ၅၀ ကျော် ဒဏ်ရာရခဲ့ကြောင်း Brave Warriors for Myanmar (BWM) က ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးမြို့ ပေါ်ရှိ မဲရုံကို ကာကွယ်ရေး ပူးပေါင်းတပ်က ၂ ရက်ဆက် တိုက်ခိုက်

စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့ပေါ်ရှိ မဲရုံကို ကာကွယ်ရေးပူးပေါင်းတပ်က ၂ ရက်ဆက် သွားရောက် တိုက်ခိုက် ခဲ့တယ်လို့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး - BLDF ( စစ်ဒေသ - ၃)ဆီက သိရပါတယ်။
Read More

ရွှေဘိုတွင် စစ်တပ် မီးရှို့သတ်ဖြတ်မှုကြောင့် ရုပ်အလောင်း ၄ လောင်း တွေ့ရှိ၊ နေအိမ် ၂၀၀ နီးပါး ပြာကျခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သပြေသာရွာမှာ အကြမ်းဖက်စစ်တပ် မီးရှို့ သတ်ဖြတ်ထားတဲ့ ရုပ်အလောင်း ၄ လောင်းတွေ့ရှိပြီး စစ်ကောင်စီ တပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀၀ နီးပါး ပြာကျခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။