မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ People’s Defence Force – Yenangyaung (YNG-PDF) က ထုတ်ပြန်ပါတယ်။

စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်သားတွေဟာ ဇွန်လ ၂၅ရက်နေ့မှာ ‌ဂွေးကုန်း၊ ဝက်ချုပ်လမ်းကတဆင့် ဝင်‌ရောက်လာကာ သရက်တောကျေးရွာထဲမှာ တစ်ညအိပ် စခန်းချခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဇွန်လ ၂၆ ရက်နေ့ မနက်ပိုင်းမှာ ချိုင်းကျေးရွာထဲ စစ်ကြောင်းထိုးလာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေ ထောင်ထားတဲ့ မိုင်းကိုနင်းမိပြီး အရာရှိတစ်ယောက် သေဆုံးကာ အများအပြား ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“မိုင်းထိတဲ့အရာရှိက မိုင်းထိမှန်တဲ့နေရာမှာတင် သွေးထွက်လွန်ပြီး သေသွားတယ်။ သေသွားတဲ့ အဲ့ဒီ မိုင်းထိတဲ့ဟာကိုပဲ ကားနဲ့ပေါ့နော် ရေနံချောင်းကိုလိုက်ပို့တယ်၊ အဲ့ဒါ ကျနော်တို့တွေ ဒရုန်းနဲ့ ဝေဟင်ကနေ  ကြည့်ရာမှာ သိရပါတယ်” လို့ ရေနံချောင်း PDF တာဝန်ရှိသူတစ်ယောက်က မောင်းကိုပြောပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်သားတွေဟာ ချိုင်းကျေးရွာထဲ တစ်ညအိပ်စခန်းချသွားပြီး ရွာသားတွေရဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ယူဆောင်ကာ ဇွန်လ ၂၇ ရက်နေ့ မနက်မှာတော့ ရေနံချောင်းမြို့ထဲကို ပြန်လည်ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို People’s Defence Force -Yenangyaung (YNG-PDF) ၊ Yenanthar Column ၊ Tamar Myay Special Column နဲ့ အင်တောတိုက်နယ်(ပကဖ)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ကတုန်းလည်း People’s Defence Force -Yenangyaung (YNG-PDF) ပူးပေါင်းတပ်ဖွဲ့ဟာ ရေနံချောင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုနဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

(ဓာတ်ပုံ YNG-PDF)

0 Shares:
You May Also Like
Read More

ငဖဲမြို့နယ်မှာ ကားလမ်း လုံခြုံရေး လုပ်ဆောင်ရန်လာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၉ ဦး သေပြီး လက်နက် ၉ လက် သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ ကားလမ်း လုံခြုံရေး လုပ်ဆောင်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၉ ယောက် သေဆုံးပြီး လက်နက် ၉ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထောင်တွင်းထောင်ပြင် ပဋိပက္ခဖြစ်စဉ်များအပြီး မကွေးထောင်မှ နိုင်ကျဥ်းများ ဆေးကုသခွင့်နှင့် ထောင်ဝင်စာများ ပိတ်ပင်ခံထားရ

မကွေးအကျဉ်းထောင်မှာ တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ကျော် ဆေးကုသခွင့်မရရှိသလို ထောင်ဝင်စာတွေလည်း ပိတ်ခံထားရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) တာဝန်ခံ ကိုသိုက်ထွန်းဦး က မောင်းကို ပြောပါတယ်။
Read More

ကျောက်တော်မြို့နယ် ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်၊ ကလေးငယ်များအပါ ၁၈ ဦး သေဆုံးပြီး ၂၀ ကျော် ပြင်းထန်ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာကို အများပြည်သူ အိပ်မောကျနေချိန် အကြမ်းဖက်စစ်တပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တွေအပါအဝင် အရပ်သား ၁၈ ယောက် သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ဒီမနက်မှာ ထုတ်ပြန်ပါတယ်။
Read More

ကချင်ပြည်နယ် တိုက်ပွဲများအတွင်း ကလေးခရိုင်အမှတ် (၉) တပ်ရင်း၊ မင်းကင်း PDF တပ်ရင်း (၃) ၏ ဒုတပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင် ၁၅ ဦး ကျဆုံးခဲ့

ကချင်ပြည်နယ်၊ ရှေ့တန်းစစ်မြေပြင်တိုက်ပွဲတွေအတွင်း ကလေးခရိုင် အမှတ် (၉) တပ်ရင်း၊ မင်းကင်း PDF တပ်ရင်း (၃) က ဒုတပ်ရင်းမှူး ၁ ယောက်နဲ့ တပ်ဖွဲ့ဝင် ၁၄ယောက် အသီးသီး ကျဆုံးထားကြောင်း အဆိုပါတပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဘားအံမှာ လိုင်စင်မဲ့ကား၊ ဆိုင်ကယ်နှင့် အရေးပေါ်ကားများကိုပါ စစ်အုပ်စု ဖမ်းဆီး

ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်မှာ လိုင်စင်မဲ့ ကားနဲ့  ဆိုင်ကယ်မှန်သမျှကို စစ်အုပ်စုက ဖမ်းဆီးတဲ့အပြင် အရေးပေါ်ကားတွေပါ ဖမ်းဆီးနေတယ်လို့  မြို့ခံတွေဆီက သိရပါတယ်။
Read More

မတ္တရာအရှေ့တောင်ဘက်ကို စစ်အုပ်စု ဂျက်ဖိုက်တာများဖြင့် ဗုံးသီးအလုံး ၄၀ ခန့် ကြဲချတိုက်ခိုက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကော်မရှင်က ဗုံးသီးအလုံး ၄၀ ကျော်ကြဲချတိုက်ခိုက်ရင်း စစ်ကြောင်းထိုး မီးရှို့တာတွေလုပ်ဆောင်ခဲ့ကြောင်း Voice Of Mandalay အဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။