မန္တလေးတိုင်းထဲက ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း ဖက်ဒရယ်ပြည်ထောင်စု လွတ်မြောက်ရေးတပ်တော် တပ်ရင်းအမှတ် ၁၇၅ ဥဒေါင်းမင်းစစ်ကြောင်းက ရဲဘော် ၂ယောက် ကျဆုံးခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။

ရဲဘော် ဗလကြီးနဲ့ ရဲဘော် ရှဲဒိုးတို့ ၂ယောက်ဟာ ဇွန်လ ၂၇ရက်နေ့မှာ ကျဆုံးခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဘက်ကလည်း သေဆုံးမှုတွေ ရှိတယ်လို့ သိရပါတယ်။

“ထိတွေ့မှုနေရာကတော့ မန္တလေးတိုင်းထဲမှာလို့ပဲ သိစေချင်တယ်ဗျ။ အခုထိ တိုက်ပွဲက ဖြစ်နေဆဲမလို့ပါ။ တောက်လျှောက်ဖြစ်နေတာ.. သူထိုးကိုယ်ထိုးနယ်မြေ” လို့ ဥဒေါင်းမင်းစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော် ၂ယောက်ဟာ တခြားတပ်ဖွဲ့ဝင်တွေရဲ့ ဆုတ်လမ်းကို ကာပစ်ပေးရင်း ထိမှန်သွားခဲ့တာဖြစ်ပြီး သူတို့ ၂ယောက်ရဲ့ ရုပ်အလောင်းကို ခက်ခက်ခဲခဲ ပြန်လည်ယူဆောင်လာကာ မနေ့က ဇွန်လ ၂၈ရက်မှာ သဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

“အခုဖြစ်စဥ်ကလည်း တခြားသူတွေ ဆုတ်လမ်းတက်လမ်းကို ကာပစ်ပေးချိန်မှာ ထိခိုက်သွားခဲ့ရတာပါ။ ကျန် ရဲဘော်တွေကလည်း ထိခိုက်တဲ့အချိန်မှာ အကုန် ညီညီညာညာနဲ့ ခံပစ်ကာပစ်နဲ့ DB ကို ရအောင် ပြန်ဆွဲခဲ့ကြတယ်” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

တိုက်ပွဲအတွင်း ကျဆုံးရဲဘော် ၂ယောက်ရှိခဲ့တဲ့အပြင် ရဲဘော် ၅ယောက်လည်း အသေးစား ထိမှန်ဒဏ်ရာ ရရှိခဲ့ကာ ဆေးကုသမှု လုပ်ဆောင်ပြီးတဲ့နောက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ အခြေခံစစ်သင်တန်း (၅/၂၀၂၄) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ရှမ်းမန်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော်အနေနဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း အခြေခံစစ်သင်တန်း (၅/၂၀၂၄) သင်တန်းဆင်းပွဲပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဘေလီတံတားပေါ်မှ လက်ချင်းကြိုးချည် ခုန်ချသွားသည့် စုံတွဲရုပ်အလောင်းကို လက်ချင်းချည်လျက် ပြန်လည်တွေ့ရှိ

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နဘ် ဘေလီတံတားပေါ်ကနေ အချင်းချင်း လက်ကိုကြိုးနဲ့ချည်ပြီး ခုန်ချသွားတဲ့ စုံတွဲရဲ့ ရုပ်အလောင်းတွေကို လက်ချင်းချည်လျက်ပဲ ဒီနေ့မှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ ရုပ်အလောင်းတွေ သွားရောက်သယ်ဆောင်ခဲ့တဲ့ ဝန်းရံမှူး လူမှုကူညီရေးအသင်းထံက သိရပါတယ်။
Read More

သီပေါမှာ စစ်ကောင်စီတပ်ရဲ့ လက်ကျန်မြေမြှုပ်မိုင်းကို အရပ်သား ၂ ယောက်က ဖြုတ်ယူရာမှာ ပေါက်ကွဲပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်ကျန်မြေမြှုပ်မိုင်းကို အရပ်သား အမျိုးသား (၂) ယောက်က ဖြုတ်ယူရာမှာ ပေါက်ကွဲပြီး သေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တီးတိန်မြို့နယ်မှာ စိုက်ပျိုးထားတဲ့ ဘိန်းဧက ၂၀ ကျော်ကို PDF Zoland ဖျက်ဆီးခဲ့

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း စိုက်ပျိုးထားတဲ့ ဘိန်းဧက ၂၀ ကျော်ကို PDF Zoland က ဖျက်ဆီးခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်ကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၄ ဦး သေဆုံး

အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ကို ဒီနေ့ နေ့လယ်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။
Read More

တပ်မ ၁၀၁နဲ့ လက်အောက်ခံတပ်ရင်းတွေကို အဝေးပစ်ဒုံး ပစ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၁ ယောက် သေပြီး အများအပြားထိခိုက်

ပခုက္ကူတပ်မ ၁၀၁ အပါအဝင် လက်အောက်ခံ တပ်ရင်းတွေကို အဝေးပစ်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ တပ်သားလိုင်းခန်းတွေပေါ် ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်သား ၁ ယောက်သေကာ အများအပြားထိခိုက်သွားကြောင်း Cobra One အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။