မကွေးတိုင်း၊ ရေစကြိုမြို့အထွက်မှာ စစ်ဆေးမှုကိုလက်မခံဘဲ ထွက်ပြေးတဲ့ စစ်ကောင်စီ တပ်ကြပ်ဟောင်းတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် ပကဖ ဆီက သိရပါတယ်။

ငြိမ်းဇာနည် စစ်မှုထမ်းဟောင်းရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ကြပ်ကြီး ထွန်းအောင်(ငြိမ်း) ဆိုင်ကယ်နဲ့ ထွက်လာချိန် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စစ်ဆေးဖို့လုပ်ဆောင်နေစဉ် ထွက်ပြေးတဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

“ရေစကြိုမြို့အတွက် ဆိုင်းဘုတ်နားလေးမှာ သူ့ကိုတားပြီးတော့ ကျနော်တို့ဖမ်းတာပေါ့နော်။ ဖမ်းတဲ့အချိန်မှာ သူကအဖမ်းမခံဘူး။ ထွက်ပြေးတဲ့အချိန်မှာ ကျနော်တို့က ပစ်ခတ်ဖမ်းရတာပေါ့ အဲ့မှာမှန်ပြီးတော့ လဲသွားတာ” လို့ ရေစကြိုမြို့နယ် ပကဖ မှတာဝန်ရှိသူက မောင်း ကိုပြောပါတယ်။

တပ်ကြပ်ကြီး ထွန်းအောင် (ငြိမ်း) ဆီကနေ ဖုန်းတစ်လုံး၊ ဆိုင်ကယ်၊ ငွေကြေးအနည်းငယ်နဲ့ မှတ်ပုံတစ်ခုကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ(၃)ရက်နေ့ကလည်း ရေစကြိုမြို့နယ် ပကဖ က ရေစကြိုမြို့ပေါ် စီမံရုံးပေါင်းစုံထဲ ခဲယမ်းပို့ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

သေဆုံးသူ တပ်ကြပ်ကြီးထံမှ သိမ်းဆည်းရရှိသည့် ပစ္စည်းများ (ဓာတ်ပုံ ရေစကြိုမြို့နယ်ပကဖ)

0 Shares:
You May Also Like
Read More

လျှပ်စစ်မီးပင် လုံလောက်စွာ မပေးနိုင်တဲ့ မင်းအောင်လှိုင်က တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် AI နည်းပညာကို အသုံးပြုရမယ်လို့ဆို

တိုင်းပြည်ကို လျှပ်စစ်မီးပင် လုံလောက်စွာ မပေးနိုင်တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် AI နည်းပညာနဲ့ တိုင်းပြည်ရဲ့ဖွံ့ဖြိုးရေးမှာ အသုံးချရမယ်လို့ ပြောကြားလိုက်ပါတယ်။
Read More

လေကြောင်းတိုက်ခိုက်မှုများ နေ့စဥ်ရှိနေသည့် စစ်ကိုင်းတိုင်းအတွင်း လေကြောင်းအန္တရာယ်နှင့် ဗုံးခိုကျင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ ပြုလုပ်…

စစ်ကိုင်းတိုင်းအတွင်း လေကြောင်းအန္တရာယ်နဲ့ ဗုံးခိုကျင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွေ ပြုလုပ်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး-BLDF ( Burma Liberation Democratic Front ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲရှောင်ပြည်သူများကို နေပြည်တော် PDF လူသားချင်းစာနာမှု အကူအညီများ ပေးအပ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ ပြည်သူ့လုံခြုံရေးဌာနက တိုက်ပွဲရှောင်ပြည်သူတွေဆီ သွားရောက်က လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပံ့ပိုးပေးနေကြောင်း Nay Pyi Taw PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်အတွင်း သတင်းမီဒီယာသမား ၂၀၀ ကျော် ဖမ်းဆီးခဲခဲ့ရပြီး ၅၀ ကျော်က အကျဉ်းထောင်တွေထဲ ရောက်ရှိနေ

စစ်တပ်က အာဏာသိမ်းထားတဲ့ ၃နှစ်ကျော်အတွင်း သတင်းထောက် ၂၁၅ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၅၄ ယောက်က အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံထားရတယ်လို့ အသံအဖွဲ့က အသိပေးထုတ်ပြန်လာပါတယ်။
Read More

မော်လမြိုင်တွင် ကျောင်းဆရာမ တဦး အသတ်ခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ အငြိမ်စားကျောင်းဆရာမ တယောက်နေအိမ်အတွင်းထဲ အသတ်ခံရပြီး သေဆုံးနေတာကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ မော်လမြိုင်မြို့ခံတွေဆီက သိရပါတယ်။
Read More

မင်္ဂလာဒုံတွင် ပွဲစားဆိုသူက ကျောင်းသား ၂ ဦး၊ အမျိုးသား ၁ ဦးကို အလုပ်ရမယ်ဆိုကာ စစ်တပ်ထဲရောင်းစား

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာ ကျောင်းသားတွေအပါအဝင် လူငယ်အမျိုးသား ၃ယောက်ကို ပွဲစားဆိုသူက အလုပ်ရမယ်ဆိုပြီး အကြမ်းဖက်စစ်တပ်ထံ လိမ်လည်ရောင်းစားခဲ့ကြောင်း Rangoon Scout Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။