စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘောတွေကို ဆားလင်းကြီးအခြေစိုက် တော်လှန်ရေးတပ်တွေက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း 5/Fighter Group Local PDF သတင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဇွန်လ ၂၈ရက် မနေ့က နေ့လယ်ပိုင်းမှာ ချင်းတွင်းမြစ်ကူး ဆင်ဖြူရှင်တံတားဘက်ကနေ မုံရွာဘက်​ဆီ ဆန်တက်လာတဲ့ စ​စ်ကောင်စီ ဖလက်ရေယာဥ်နဲ့ သင်္ဘောတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဆားလင်းကြီးမြို့နယ်တစ်နေရာ ချင်းတွင်းမြစ်ကမ်းနံဘေးကနေ ရှေ့ထွက်မိုင်းနဲ့ လက်နက်ငယ်တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“သတင်းအရတော့ ၁၈ စီးတက်လာတာလို့ သတင်းရတာ။ ရိက္ခာပို့ဖို့လားတော့ မသိဘူး။ ကျနော်တို့ကတော့ ပစ်ခတ်တာကတော့ နောက်ဆုံး ၃စီးကိုပဲ ဦးတည်ထား တိုက်ခိုက်ခဲ့တာပါ။ ရှေ့ထွက် မိုင်းအပါ ၆၀ မမ ရော ၈၀မမ အဖူးတွေနဲ့ပါ ပစ်ခဲ့ပါတယ်။ နောက်ပြီး လက်နက်ငယ်တွေနဲ့လည်း ပစ်ခဲ့ပါတယ်။ ပစ်ခတ်မှုက ၄၅ မိနစ်လောက်ကြာတယ်။ အဲ့မှာ စခတွေကလည်း သူတို့အထိနာတော့ ကျနော်တို့ဘက်ကို လက်နက်အငယ်ရော အကြီးတွေနဲ့ပါ ပြန်ပစ်ခဲ့တယ်။” လို့ 5/Fighter Group Local PDF သတင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အဲ့ဒီနောက်မှာတော့ စစ်ကောင်စီသင်္ဘောတွေဟာ ပစ်ကူယူရင်း ချင်းတွင်းမြစ်အတိုင်း ဆန်တက်သွားခဲ့တယ်လို့လည်း သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ဆားလင်းကြီးအခြေစိုက် တော်လှန်ရေးတပ်တွေဖြစ်တဲ့ 5/FighterGroup Local PDF (MONYWA) နဲ့အတူ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi)၊ တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့ (Salingyi)၊ SOLO AUNG GYI(Salingyi)၊ ယင်းမာပင်ခရိုင် ဗျူဟာ အမှတ်(၄၈) တပ်ရင်း (၃) တပ်ခွဲ (၃) Defender Of Our Motherland နဲ့ (SPECIAL GUERILLA FORCE SGF (MONYWA) တို့ အတူ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

“ကျနော်တို့အဖွဲ့ အခုလို ဆက်လက်ပြီး တိုက်ပွဲတွေဖော်ဆောင်နိုင်ဖို့ ပြည်တွင်း၊ ပြည်ပထောက်ပို့အဖွဲ့အစည်းတွေက ကျည်တစ်တောင့်ဖိုးဖြစ်စေ ပါဝင်ထောက်ပို့ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။” လို့ 5/Fighter Group Local PDF သတင်းတာဝန်ရှိသူက မောင်းကိုပြောခဲ့ပါတယ်။

တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ (5/Fighter Group Local PDF)

0 Shares:
You May Also Like
Read More

ပေါက်၊ ဂန့်ဂေါ၊ တောင်သာမြို့တို့မှာ စစ်တပ်လက်အောက်ခံ ပျူနှင့် ရဲများ ဆက်သွယ်အလင်းဝင်ရောက်မှုတွေရှိနေ

မကွေးတိုင်း ပေါက်၊ ဂန့်​ဂေါနဲ့ မန္တလေးတိုင်း တောင်သာမြို့နယ်တွေမှာ ရဲတပ်သား ၃ ယောက်နဲ့ ပျူစောထီး ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်ခဲ့ကြောင်း သက်ဆိုင်ရာ အဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ (၄) ယောက် ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားပြီး ပြည်သူတွေနေထိုင်ရာ ကျေးရွာအတွင်း ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

သာစည်ထောင်နဲ့ ရဲကင်းက စစ်အုပ်စုတွေကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ သာစည်အကျဥ်းထောင်နဲ့ ရဲကင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေအပါအဝင် ဒရုန်းတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁၀ယောက်ကျော်သေဆုံးပြီး စစ်ကောင်စီက သတင်းဖုံးဖို့ကြိုးစားနေတယ်လို့ Snipe Rangers Force ( Local PDF ) ဦးဆောင်သူ ရဲ​ဘော်ဆလိုင်းက မောင်းကိုပြောပါတယ်။
Read More

ကမ္ဘာကလေးများနေ့ အထိမ်းအမှတ်စွမ်းရည်ပြိုင်ပွဲ အကြိုဆုရ ကျောင်းသူ၊ ကျောင်းသားတွေကို သပိတ်ကော်မတီက ဆုချီးမြှင့်

စစ်ကိုင်းတိုင်းအတွင်း နိုဝင်ဘာ ၂၀ ရက် ဒီနေ့မှာ ကျရောက်တဲ့ ကမ္ဘာကလေးများနေ့  အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊လူငယ် နှင့် ကလေးသူငယ် ရေးရာဝန်ကြီးဌာန၊ တာဝန်ခံ နဲ့ တိုက်နယ် (၃) ပညာရေး တာဝန်ခံတို့ကြီးမှူးကျင်းပတဲ့ စွမ်းရည်ပြိုင်ပွဲ အကြိုပြုလုပ်ရာ ဆုရတဲ့ ကျောင်းသားကျောင်းသူတွေကို မုံရွာ-အမြင့်လမ်း သပိတ် ဦး‌ဆောင်ကော်မတီက သွားရောက်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဘန်ကောက်တွင် မြန်မာအချင်းချင်း ဘတ် ၁၀ သန်း ဖောက်ထွင်းခိုးယူမှု ဖြစ်ပွား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့က မြန်မာအချင်းချင်း ဘတ်ငွေ ၁၀ သန်း ဖောက်ထွင်းခိုးယူမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ကရင်ပြည်နယ်က အကြမ်းဖက်စစ်တပ်ရဲ့ ဥကရစ်ထ စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဒရုန်းနဲ့ဗုံးချခဲ့လို့ စစ်သား ၄ ယောက်ထက်မနည်း သေဆုံး

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်အထိုင်ချထားတဲ့ ဥကရစ်ထ စခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက အောက်တိုဘာလ ၅ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့လို့ အကြမ်းဖက်စစ်သား ၄ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။