စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သလဲဘာပျူစခန်းကနေ ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်သား တွေကို တိုက်ခိုက်ခဲ့ရာ ၆ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Ngwe Dwin Revolution Force အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂၅ ရက်က အရာတ်ေမြို့နယ် သလဲဘာပျူစခန်းကနေ ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ကင်းပုန်းဝတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၆ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်(၂၁)တပ်ရင်း၊ တိုက်နယ်(၉၊၁၀၊၁၁)၊ရွာခံမဟာမိတ်တွေက ပူး ပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-Ngwe Dwin Revolution Force
0 Shares:
You May Also Like
Read More

ရေနံချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေ မိုင်းဆွဲပြီး တိုက်ခိုက်ခံရမှုကြောင့် ၇ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်အတွင်း ၁၈ ရက်ကြာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၅၀ ခန့်ကို တိုက်ခိုက်ခဲ့ရာ ၇ ယောက် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ People's Defence Force -Yenangyaung အဖွဲ့ထံက သိရပါတယ်။
Read More

မိုးကုတ်ဗျူဟာ အပတ်စဉ် (၅) မှ သင်တန်းသားရဲဘော်များ သင်တန်းကာလနဲ့ သင်တန်းဆင်း မှတ်တမ်း (ရုပ်/သံ)

မိုးကုတ်ဗျူဟာ အပတ်စဉ် (၅) က သင်တန်းသားရဲဘော်တွေရဲ့ သင်တန်းကာလ ဖြတ်သန်းပုံတွေနဲ့ သင်တန်းဆင်းမှတ်တမ်း ရုပ်သံကို Red Wolves Of Mogok က ထုတ်ပြန်ပြသလိုက်ပါတယ်။
Read More

မုံရွာ-အရာတော်လမ်းတွင် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်သားနှင့်ပျူ ၄ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်သားနဲ့ ပျူစောထီး ၄ ယောက် သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မုံရွာခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီ နေ့စဉ် လေကြောင်းဗုံးကြဲပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေ (ရုပ်/သံ)

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်က နေ့စဉ်နှင့်အမျှ လေကြောင်းဗုံးကြဲ၊ နေအိမ်တွေကို မီးရှို့၊ ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့  တနင်္သာရီမြို့နယ် ပကဖ က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

အာဏာရှင် အကြမ်းဖက်စစ်တပ်ကို တော်လှန်ရင်း ရေးပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော် ၂ ဦး ကျဆုံးခဲ့ရ (ရုပ်/သံ)

ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း မတ်လ ၁၅ ရက်မှာ ရေးပြောက်ကျားတပ်ဖွဲ့ (YGF) ရဲဘော် ၂ ယောက် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။