နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော် အချုပ်ထောင်နဲ့ (၁၄)မိုင် အကွာမှာရှိတဲ့ စစ်ဆင်ရေး အထူးအဖွဲ့ ရုံးစိုက်တဲ့ နေရာမှာ လုံခြုံရေးတင်းကြပ်စွာ မတရား ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ Myanmar Prison Witness (MPW) က သတင်းထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ အသက်အရွယ်အရ သက်ကြီးပိုင်းတွေမှာ ဖြစ်လေ့ရှိတဲ့ ရောဂါဝေဒနာတွေ အတွက်လည်း လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ မရရှိဘဲ အကျဉ်းသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးဖြစ်တဲ့ ထောင်ဝင်စာဧည့်တွေ့ခွင့်ကိုလည်း ခွင့်မပြုဘူးလို့ MPW ကနေ ဆိုထားပါတယ်။

စစ်ခေါင်းဆောင်တွေ အာဏာသိမ်းချိန်ကစလို့ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို မတရားသောစွပ်စွဲချက်တွေ မျိုးစုံတပ်ကာ တရားသူကြီတွေ ကိုယ်တိုင်ကနေ မတရားစီရင်မှုတွေမှာ ပါဝင်ပြီး နှစ်ရှည် ထောင်ဒဏ် (၃၃)နှစ်အထိ ချမှတ်ခဲ့တာပဲ ဖြစ်ပါတယ်။

၂၀၂၃ ဩဂုတ်လ (၁)ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုအမိန့်ချထားတဲ့ ပုဒ်မတွေထဲမှ သဘာဝဘေးပုဒ်မ ၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ၊ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅ (ခ)စတဲ့ အမှု (၄)မှုကို စစ်ကောင်စီကနေ လွတ်ငြိမ်းခွင့်ပြုခ့တယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် လက်ရှိမှာတော့ ထောင်ဒဏ် (၂၇)နှစ်အထိ ချမှတ်ခံထားရဆဲပဲ ဖြစ်ပါတယ်။
“မတရား အမိန့်ချမှုတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့သူတွေ၊ ကိုယ်တိုင် ကျူးလွန်ခဲ့တဲ့သူတွေ၊ ဒီအမိန့်ကို အမိန့်ပေးစေခိုင်းတဲ့သူတွေ အားလုံးဟာ ကူးပြောင်းကာလမှာ ပြည်သူလူထုနဲ့ ကျွန်မတို့ အဖွဲ့အစည်းတွေ ဝိုင်းဝန်းကြိုးပမ်းမှုနဲ့အတူ တရားမျှတရေးကို ပြန်လည်ဆောင်ရွက်ရာမှာသေချာပေါက် ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတိုင်း တဦးယောက်ချင်းစီ တာဝန်ယူမှု၊ တာဝန်ခံမှု ခံရအောင် ကြိုးပမ်းသွားပါမယ်” လို့ MPW ဒုပြန်ကြားရေးတာဝန်ခံ မဆူးငယ်က မောင်းကို ပြောပါတယ်။

ဒါ့အပြင် MPW အဖွဲ့ကနေ စစ်ခေါင်းဆောင်တွေဟာ တရားရေးဌာနကို အသုံချပြီး ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်ဆီခဲ့သလို စစ်ခေါင်းဆောင်တွေရဲ့ အမိန့်ကိုလည်း ဇဗ္ဗူသီရိမြို့နယ်တရားသူကြီး ဦးမောင်မောင်လွင်(တ/၂၈၃၉)၊ ဒဏ္ခိဏခရိုင်တရားသူကြီး ဦးရဲလွင်၊ မန္တ‌လေးတိုင်း‌တရားလွှတ်တော်တရားသူကြီး ဦးမြင့်ဆန်းနဲ့ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေတို့ကန တသွေမသိမ်း လိုက်ပါဆောင်ရွက်ခဲ့ကြတယ်လို့ ထုတ်ပြန်ထားတာပါ။

အခုလို ဒေါ်အောင်ဆန်းစုကြည် မတရား ဖမ်းဆီးခံထားရမှုကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ကိစ္စရပ်တွေကို တာဝန်ခံရမယ့် သူတွေကတော့ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်၊ ဒုကာကွယ်ရေးဦးစီးချုပ် စိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်(လက်ရှိ အနားပေးခံထားရ)၊ ပြည်ထဲရေးဝန်ကြီးဟောင်း ရာပြည့်(လက်ရှိ နယ်စပ်ရေးရာဝန်ကြီး)၊ ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်(လက်ရှိ)၊ ကစထ (၆) မှူးတွေဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး တေဇာကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် တို့အပြင် အကျဉ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ်ဟောင်း ဇော်ဝင်း၊ အကျဉ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ် မျိုးဆွေ (လက်ရှိ)၊ နေပြည်တော်အချုပ်ထောင် ထောင်ပိုင် – ဦးသိန်းဇော်မောင်၊ ဒုထောင်ပိုင် – ဦးကျော်သူရ၊ ဦးစီးအရာရှိ – ဦးအောင်သန်းမြင့်၊ လက်ထောက်ကြီးကြပ်ရေးမှူး – ကျော်မင်းထိုက်၊ ဦးစီးအရာရှိ – သိင်္ဂီမြင့်၊ လက်ထောက်ကြီးကြပ်ရေးမှူး – မေသူအောင် တို့ဖြစ်ပြီး စစ်ခေါင်းဆောင်အလိုကျ ဆောင်ရွက်သူတွေ များစွာရှိနေသေးတယ်လို့ MPW ကနေ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီကနေ မတရားချုပ်နှောင်ထားမှု၊ အကျဉ်းသားအခွင့်အရေးပယ်ဖျက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုအပေါ် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းကနေ ပြင်းပြင်းထန်ထန် တုံ့ပြန်မှုတွေ ပြုလုပ်ကြဖို့ကိုလည်း MPW အဖွဲ့ကနေ တောင်းဆိုထားပါတယ်။
0 Shares:
You May Also Like
Read More

အာဏာသိမ်းစစ်တပ်မှာ တိုက်ခိုက်နိုင်စွမ်းရော တိုက်ခိုက်လိုစိတ်ပါ အားနည်းနေကြောင်း စစ်သုံ့ပန်း ဒုဗိုလ်မှူးကြီး ဝန်ခံ

စစ်ကောင်စီတပ်ရဲ့ အောက်ခြေစစ်သားတွေဟာ လေ့ကျင့်ရည်ရော စိတ်ဓာတ်ရေးရာပါ အားနည်းနေကြောင်းကို အာရက္ခတပ်တော် (AA) ထံ ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်း ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်က ဝန်ခံပြောဆိုခဲ့ပါတယ်။ 
Read More

စေတုတ္တရာတွင် စစ်အုပ်စုကို ၂ ရက်တာ ဒရုန်းဗုံးကြဲ၊ မိုင်းဆွဲတိုက်ခိုက်၊ စစ်အုပ်စုအဖွဲ့ဝင် ၂၀ ခန့် သေဆုံးကာ ဗိုလ်ကြီးအပါ အများအပြား ဒဏ်ရာရ

ကွေးတိုင်း၊ စေတုတ္တရာမြို့နယ်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ၂ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်မှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စေတုတ္တရာမြို့နယ် NUG ထံက သိရပါတယ်။
Read More

NLD အစိုးရလက်ထက် ဝယ်ယူခဲ့သည့် DEMU လူစီးရထားအား မင်းအောင်လှိုင်က သူ့လက်ထက်မှာ တိုးတက်နေသဖွယ် လိုက်ပါစီးနင်းပြ

ပဲခူးတိုင်း၊ တောင်ငူမြို့မှာ ရောက်ရှိနေတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ NLD အရပ်သားအစိုးရလက်ထက်မှာ ဝယ်ယူခဲ့တဲ့ နေပြည်တော်-ရန်ကုန် အမှတ်(၈)အစုန် DEMU လူစီးရထားကို ခရီးသည်တွေနဲ့အတူ လိုက်ပါစီးနင်းခဲ့တယ်လို့ စစ်တပ် လော်ဘီ သတင်းချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
Read More

ရန်ကုန်မှာ သြဂုတ်လ ၁ လအတွင်း စစ်မှုထမ်းရန်အတွက် လူ ၃၀ ကျော် ကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီး၊ စိတ်ကျန်းမာရေးအားနည်းသူနှင့် အသက်မပြည့်သူများပါ ဖမ်းဆီးခံ စာရင်းတွင် ပါဝင်နေ…

"အခုက လူငယ်တွေ တော်တော်ဖမ်းခံနေရတာ။ လွတ်နေတဲ့ ဆယ်လီတွေ ဘာတွေဆိုတာကလည်း စစ်တပ်ရယ်၊ ကြံ့ဖွံ့ရယ်နဲ့ ဆက်စပ်နေတဲ့သူတွေရယ်ပဲ လွတ်နေတာပါ” လို့ ရန်ကုန်မြို့နေအမျိုးသား ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ တစ်လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း (၆) လောင်း တွေ့ရှိပြီး လုယက်ဓားပြတိုက်မှု (၃) ကြိမ် ဖြစ်ပွားခဲ့ကြောင်း TNLA ထုတ်ပြန်

ရှမ်းပြည်မြောက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ ဒီဇင်ဘာလ တစ်လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း (၆) လောင်းတွေ့ရှိပြီး လုယက်ဓားပြတိုက်မှု (၃) ကြိမ် ဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

ဖျာပုံထောင်မှာ ထောင်ဝင်စာ ၇လကြာ ပိတ်ပင်ခံခဲ့ရတဲ့ နိုင်ကျဉ်းတချို့ အင်းစိန်ထောင် ပြောင်းရွှေ့ခံရပြီးနောက်ပိုင်းမှာလည်း ၇ လ ကြာတဲ့အထိ ထောင်ဝင်စာတွေ့ခွင့် မရသေး

ဧရာဝတီတိုင်း၊ ဖျာပုံအကျဉ်းထောင်မှာ ထောင်ဝင်စာ ၇လကြာ ပိတ်ပင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား တချို့ဟာ အင်းစိန်ထောင်ကို ပြောင်းရွှေ့ခံရပြီးနောက် တိုက်ပိတ်ခံရကာ ထောင်ဝင်စာတွေ့ခွင့် မရကြသေးဘူးလို့ မိသားစုဝင်တွေဆီက သိရပါတယ်။