မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုးကုန်ကာကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာအနီးတဝိုက်သို့ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှု ကြောင့် နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားစည်းရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၁၅) ရက် မနက်ပိုင်းမှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီရဲ့ အမှတ် ၃၁၀ အမြောက်တပ်က လက်နက်ကြီး ၁၂ဝ မမ (၄) လုံး ပစ်ခတ်ခဲ့ရာ အရပ်သား ပြည်သူလုပ်ငန်းခွင်ထဲမှာ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မွန်းတည့်ချိန်မှာလည်း အဆိုပါစစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီး (၁) လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်းကျေးရွာအုပ်စု ဇီးပြောင်းရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်ကို လက်နက်ကြီးကျည်စ ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ (၂၆) ရက်နေ့ ညပိုင်းမှာ တိုက်ပွဲ မဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တောင်ငူ လက်အောက်ရှိ ခမရ−၅၉၈ အခြေစိုက်တဲ့ ဇလုတ်ကြီးကနေ ဝင်းကံကျေးရွာအုပ်စုအတွင်းရှိ ဝင်းကံရွာအတွင်း ၈၁ မမ လက်နက်ကြီး (၂) လုံး ပစ်ခတ်ခဲ့ရာ နေအိမ် ၁ လုံး လက်နက်ကြီးကျည်စ ထိမှန်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ပုံစာ − အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့မှုများ…
0 Shares:
You May Also Like
Read More

ထိုင်း-မြန်မာနယ်စပ် မောတောင်ကုန်သွယ်ရေးလမ်းပိုင်းမှာ ၄ လကျော် တိုက်ပွဲအတွင်း စစ်တပ်က တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် ဒုဗိုလ်မှူး အပါ ထိခိုက်သေဆုံးသူ ၁၅၀ ခန့် ရှိ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာနဲ့ ထိုင်း-မြန်မာနယ်စပ် မောတောင်ကုန်သွယ်ရေးလမ်းပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ တိုက်ပွဲ ၄ လကျော် ဖြစ်ပွားခဲ့ရာ စစ်တပ်က တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနဲ့ ဒုဗိုလ်မှူး ၁ ယောက်အပါအဝင် ထိခိုက်သေဆုံးသူ ၁၅၀ ခန့် ရှိတယ်လို့ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ် ပကဖ ဒေသတွင်းပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ က ဒေသတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။
Read More

TNLA ​က အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း အပတ်စဉ် (၂) ဖွင့်လှစ်

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA စိုးမိုးနယ်မြေ တစ်နေရာမှာ တရားဥပဒေစိုးမိုးရေးအတွက် အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း အပတ်စဉ် (၂) ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၄ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်ရေးအရှိန်မြှင့်တင်မည့် PDF အထူးတိုင်းစစ်ဌာနအား NUG ဖွဲ့စည်း

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေရှိ တပ်ရင်းတွေနဲ့ ဗျူဟာတွေကို စနစ်တကျ စုဖွဲ့မှု ပြုလုပ်ပြီး အထူးတိုင်းစစ်ဌာနကို ဖွဲ့စည်းတာဝန်ပေးအပ်ကြောင်း ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက် မင်းအောင်လှိုင်နှင့် သူ့မိန်းမ ကြူကြူလှ မင်းဘူး လာရန်ရှိ၍ လုံခြုံရေး အထူးတင်းကြပ်ထား

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ မကွေးတိုင်း၊ မင်းဘူးမြို့ကို လာဖို့ရှိနေတာကြောင့် မြို့ရဲ့ အဝင်အထွက်တွေနဲ့ မြို့ပေါ်နေရာတွေမှာ လုံခြုံရေး အထူးတင်းကြပ်ထားကြောင်း မင်းဘူးစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးဒရုန်းတွေ အဆင့်မြင့်လာပြီလား

စစ်ကောင်စီဟာ အရင်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်တဲ့အခါ ရဟက်ယာဉ်၊ ဂျပ်ဖိုက်တာတွေကိုသာ အသုံးပြုခဲ့ပေမယ့် နောက်ပိုင်းမှာ တိုက်ခိုက်ရေး ဒရုန်းတွေကို တွယ်ကျယ်စွာ အသုံးပြုလာနေပါပြီ။