မန္တလေးတိုင်း၊ မြင်းခြံမြို့ခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထဲ ဝင်ရောက်လာတဲ့ အသက်မပြည့်သေးတဲ့ ကလေးတွေကို မိဘအုပ်ထိန်းသူတွေဆီ ပြန်လည်အပ်နှံပေးခဲ့တယ်လို့ မြင်းခြံခရိုင် ပကဖ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်က ပခုက္ကူခရိုင်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တစ်ခုဆီတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ဖို့ နွားထိုးကြီးမြို့နယ်နေ လူငယ် ၄ ယောက်က ချိတ်ဆက်ဝင်ရောက်သွားခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၂၆ ရက်မှာတော့ အဆိုပါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မြင်းခြံခရိုင် ပကဖ ထံ ကလေးတွေကို လွှဲပြောင်းပေးခဲ့ပြီး မြင်းခြံခရိုင် ပကဖ ကလည်း ဇွန်လ ၂၇ ရက်မှာ သက်ဆိုင်ရာမိဘတွေဆီ ပြန်လည်ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

ကလေးငယ် ၄ ယောက်ဟာ နွားထိုးကြီးမြို့နယ်နေ အသက် ၁၅ နှစ်နဲ့ ၁၇ နှစ်အရွယ်တွေ ဖြစ်တယ်လို့လည်း မြင်းခြံခရိုင် ပကဖ က ပြောပါတယ်။
“ကျနော်တို့ ခရိုင်နယ်မြေထဲက ကလေး၄ယောက်ပါ။ လိုင်းပေါ်ကနေ အဖွဲ့စည်းတစ်ခုကိုချိတ်ပြီးဝင်သွားတာပေါ့နော်။ အဖွဲ့ဆီရောက်ပြီးသေချာစစ်လိုက်တော့ကလေးတွေကအသက်မပြည့်သေးတာသိရတယ်။ အဲ့အခါကျ အဖွဲ့က ကျနော်တို့ကို ချိတ်ဆက် သတင်းပို့လာပါတယ်။ မြင်းခြံ ခရိုင်ထဲကဖြစ်နေလို့ မိသားစုနဲ့ချိတ်ဆက်ပြီး ပြန်အပ်ပေးခဲ့တာပါ” လို့ မြင်းခြံခရိုင် ပကဖ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

ပုံစာ – အသက်မပြည့်သေးတဲ့ကလေးငယ်တွေကို မိဘအုပ်ထိန်းသူတွေထံ ပြန်လည်အပ်နှံပေးနေချိန်…

အရင်ကလည်း အခုလိုမျိုး တော်လှန်ရေးတပ်ဖွဲ့​ဆီဝင်ရောက်သွားတဲ့ ကလေးငယ်တွေကို မိဘထံပြန်လည်အပ်နှံပေးတာမျိုးတွေရှိခဲ့တယ်လို့ မြင်းခြံခရိုင် ပကဖ ကပြောပါတယ်။

” အခုလို မိသားစုကို ပြန်ပြီးအပ်နှံပေးတာ ဒုတိယအကြိမ်ပါ။ပထမအကြိမ်က ကလေးတွေနဲ့ မိသားစုရဲ့ လုံခြုံရေးအခြေအနေကြောင့် လိုင်းပေါ်မတင်ခဲ့ပါဘူး။ အခုတော့ စိုးမိုးနယ်မြေထဲကဖြစ်လို့ ပြည်သူကိုအသိပေးတာပါ။ ကျနော်တို့ကတော့ ဂျီနီဗာကွန်ဗန်းရှင်းကို လိုက်နာကျင့်သုံးပါတယ်။ ပြည်သူနဲ့တသားတည်းလည်းရှိနေပါတယ်။” လို့ မြင်းခြံခရိုင် ပကဖ တာဝန်ရှိသူ ၁ယောက်ကမောင်းသတင်းဌာနကိုပြောခဲ့ပါတယ်။

လက်ရှိမှာ မြင်းခြံခရိုင်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထိတွေ့တိုက်ပွဲတွေရှိနေပြီး ခရိုင်တပ်ရင်းတပ်ဖွဲ့၊ ပကဖတွေနဲ့ Local တပ်ရင်းတွေအတူပူးပေါင်းလုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။

0 Shares:
You May Also Like
Read More

ကျိုက်မရောမှာ MLA ရဲ့ စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူတွေရဲ့ ကား ၃ စီး ထိမှန်ပျက်စီး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က မွန်ပြည်လွတ်မြောက်ရေးတပ်တော် - MLA ရဲ့ စစ်ဆေးရေးဂိတ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားပြည်သူတွေရဲ့ ကား ၃ စီး ထိမှန်ပျက်စီးခဲ့တယ်လို့ MLA က ထုတ်ပြန်ထားပါတယ်။
Read More

နိုဝင်ဘာလအတွင်း ပြည်သူ ၅ ဦးကို စစ်အုပ်စု ရွေးကောက်ပွဲဥပဒေဖြင့် ထပ်မံဖမ်းဆီးထား၊ ရန်ကုန်တွင် ၂ လအတွင်း ဖမ်းဆီးခံထားရသူ ၁၅ ဦး ရှိ

အကြမ်းဖက်စစ်အုပ်စုက သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးတယ်ဆိုပြီး ရန်ကုန်တိုင်းအတွင်းက အရပ်သား ၅ ယောက်ကို ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၂၃ (က) နဲ့ အသီးသီး ထပ်မံ အရေးယူထားကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

၈ ထပ် ရေတံခွန်တွင် ပျောက်ဆုံးနေသည့် အမေရိကန်နိုင်ငံသူ၏ ရုပ်အလောင်း ပြန်လည်ရရှိ

“ကျနော်တို့ ဒီကနေ့ မနက်အစောပိုင်းကတည်းက ရှာဖွေမှုတွေ စခဲ့တာပါ။ နေ့လယ် ၁၁ ခွဲဝန်းကျင်လောက်မှာ အလောင်းကို ရှာတွေ့ခဲ့တာ… ၈ထပ်ရေတံခွန်ရဲ့ အောက်မှာလေ.. ၃ထပ်ရေတံခွန်ဆိုပြီး ရှိပါတယ်။ အဲ့ဒီနေရာမှာ တွေ့တာပါ။ အမျိုးသမီး ၁ဦးရဲ့ အလောင်းကိုတော့ ဆက်လက်ရှာဖွေနေပါတယ်” လို့ ကယ်ဆယ်ရေးလုပ်ငန်းစဉ်မှာ ပါဝင်လုပ်ဆောင်နေသူတယောက်က မောင်းကို ပြောပါတယ်။
Read More

သွေးစွန်းသင်္ကြန်လှုပ်ရှားမှု အဖြစ် ရန်ကုန်မှာ ပြုလုပ်

ရန်ကုန်မြို့ကန်တော်ကြီးဥယျာဥ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY)က သွေးစွန်းသင်္ကြန် လှုပ်ရှားမှုအဖြစ် ဒီနေ့ ဧပြီလ ၁၃ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

စစ်အုပ်စု၏ ကျောက်မဲနှင့် သီပေါပြန်လည်သိမ်းပိုက်သည့် စစ်ဆင်ရေး SSPP ကူညီလမ်းကြောင်းဖွင့်ပေးခဲ့ကြောင်း TNLA ပြောဆိုမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း SSPP ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်းက အကြမ်းဖက် စစ်အုပ်စု ပြန်လည် ထိုးစစ်ဆင်ပြီး ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့တဲ့ ကျောက်မဲနဲ့ သီပေါတိုက်ပွဲမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က စစ်ကောင်စီတပ်ကို ကူညီလမ်း‌ကြောင်းဖွင့်ပေးတာဖြစ်တယ်လို့ တအာင်းတပ်မတော် TNLA ရဲ့  ပြောဆိုမှု​အပေါ် ကန့်ကွတ်ရှုတ်ချကြောင်း အောက်တိုဘာ ၁၈ ရက် ဒီနေ့မှာ SSPP က ထုတ်ပြန်ပါတယ်။
Read More

ကပစ ၂၂ကနေ မြင်းခြံကိုသွားမယ့် စစ်ကားတွေ ဆိပ်ဖြူ-ဆောလမ်းပိုင်းမှာ မိုင်းဆွဲခံရပြီး စစ်သား ၆ယောက်သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ ကပစ ၂၂ ကနေ မြင်းခြံမြို့ကို ထွက်ခွာလာတဲ့ စစ်ကောင်စီကားတန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၆ယောက် သေဆုံးကြောင်း Yenanthar Youth Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။