တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ပျင်းဖြူသားဘုန်းကြီးကျောင်းမှာ ရေချိုးနေတဲ့ စစ်ကောင်စီ တပ်သားတွေ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခံရပြီး ၁ ယောက်သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ T5 Wings အဖွဲ့မှ မနေ့ဇွန်လ ၂၇ ရက်က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ‌ဧပြီ ၂၉ ရက်က သရက်ချောင်းမြို့နယ် ပျင်းဖြူသားဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ် ကောင်စီတပ်သားတွေ ရေချိုးနေချိန် ဒရုန်းနဲ့ ဗုံးသီးကြဲတိုက်ခိုက်ခဲ့ရာ ၁ ယောက်သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို T5 Wings ဒရုန်းတပ်ဖွဲ့၊ အမှတ်(၁၈၁၄)ဒရုန်းတပ်ရင်း-(DS -TNI )နဲ့ ဒေါင်းညီနောင်ဒရုန်းတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-T5 Wings

0 Shares:
You May Also Like
Read More

ငါန်းဇွန်မြို့နယ်အတွင်း အင်အား ၁၀၀ ခန့်ဖြင့် ရောက်ရှိလာသည့် အကြမ်းဖက်စစ်သားများကို လက်နက်ကြီးနှင့် ဒရုန်းဗုံးသီးများ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တောင်ဘက်သို့ အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TGYR-youthguerrillacounterrevolution-nz က သတင်းထုတ်ပြန်ထားပါတယ်။
Read More

KNLA တပ်ရင်း ၇ နယ်မြေအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ယာလာ့ပွာစခန်းကို တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

KNU ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ KNLA တပ်မဟာ(၃)နယ်မြေ၊ KNLA တပ်ရင်း(၇) နယ်မြေအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ယာလာ့ပွာစခန်းကို ဧပြီ ၇ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

Southern Eagle PDF တပ်ရင်း၏ အခြေခံစစ်ပညာ စွန်မင်းအပတ်စဉ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အထူးတိုင်း စစ်ဌာန၊ အမှတ် (၃၆) နည်းဗျူဟာ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းကုဒ် - ၉၉၀၉ (Southern Eagle PDF) တပ်ရင်းရဲ့ အခြေခံ စစ်ပညာသင်တန်း အပတ်စဉ် (၇/၂၀၂၅) စွန်မင်းအပတ်စဉ် သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၁ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

TNLA ဗိုလ်ချုပ် တားဘုန်းကျော်မှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀)ပြည့် မွေးနေ့အတွက် ဆုတောင်းစကားပြောကြား (ရုပ်/သံ)

ဒီနေ့ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်အသက် (၈၀)ပြည့်မွေးနေ့အတွက် TNLA ဗိုလ်ချုပ် တားဘုန်းကျော်က မွေးနေ့ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။
Read More

ကနီမြို့နယ် ရှမ်းမြောက်ရွာကို အကြမ်းဖက် စစ်တပ် ဗုံးကြဲ ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံ ပျက်စီးပြီး ရဟန်း ၂ ပါး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကနီမြို့နယ် ရှမ်းမြောက်ရွာရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းဆောင်နဲ့ ဓမ္မာရုံ ထိခိုက်ပျက်စီးခဲ့ပြီး ရဟန်း ၂ ပါး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။
Read More

တန့်ဆည်မြို့နယ်အတွင်း စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၅ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အရှေ့ခြမ်းမှာ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက် သေဆုံးခဲ့တယ်လို့ ပ.က.ဖ တန့်ဆည်မြို့နယ်က သတင်းထုတ်ပြန်ပါတယ်။