ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်ထဲမှာ မေလ နဲ့ ဇူလိုင်လအတွင်း စစ်ကောင်စီတပ်သားတွေ နဲ့ လက်နက်ကြီး ၊ လက်နက်ငယ် ၊ ဒရုန်းတွေ နဲ့ ပစ်ခတ်မှုတေကြာင့် အရပ်သားသေဆုံးသူ ၃၉ ယောက်အထိ ရှိလာတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

ဇူလိုင်လအစကစလို့ ဖားကန့်နယ်ရှိ ကျေးရွာတွေဘက်မှာသေနတ်ပစ်ခံရလို့ သေဆုံးနေတဲ့အမျိုးသားတွေရဲ့ ရုပ်အလောင်းတွေကို လမ်းဘေး၊ မြောင်း၊ လမ်းဆုံတွေမှာ မကြာခဏသေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ မေလ ၂၈ ရက်မှာ လုံးခင်းရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် အခုလို ဒေသခံသေဆုံးမှုတွေ စတင်ဖြစ်ပေါ်လာတာပဲဖြစ်သလို မေလ ၂၈ ရက်နဲ့ ၂၉ ရက်မှာလည်း လုံးခင်းကျေးရွာက ပြည်သူ ၅ ယောက် သေဆုံးကာ ၈ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ ဇွန်လ ၃ ရက်နဲ့ ၆ ရက်မှာလည်း စစ်ကောင်စီတပ်ဟာ ဒရုန်း နဲ့ ပစ်ခတ်ခဲ့ရာ စုပေါင်းလုပ်ကွက်ရဲ့ ကုမ္ပဏီအဆောင် နဲ့ ငြိမ်းချမ်းသာယာ (ခ) ခွန်ဆာကုန်း ၊ယမ်းဂိုဒေါင်ပေါ် ကျရောက်ပေါက်ကွဲသွားလို့ ၁၁ ယေညက် သေဆုံးပြီး ၁၀ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ဒါ့အပြင် ဇွန်လ ၁၂ ရက် နဲ့ ၁၃ ရက်မှာလည်း အောင်သာယာ ၊ သာယာကုန်း ၊ တောင်ယာကုန်း ၊အမှိုက်ပုံဘက်မှာစစ်ကောင်စီတပ်သားတွေဟာ ဒေသခံ ၇ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့ပါသေးတယ်။
ဒီနေ့ မွန်းတည့်ချိန်ကလည်း လုံးခင်းကျေးရွာ လမ်းဆုံထောင့်မှာ အမျိုးသားတစ်ယေညက် လက်နက် နဲ့ ပစ်ခတ်ခံရလို့ သေဆုံးနေသလို ဖားကန့် − ဆိပ်မူ ကားလမ်းမကြီးပေါ်ရှိ ယူမာကျေးရွာမှာလည်း အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သင်္ခါ လူမှုကူညီရေးအသင်းက ဆေးရုံကို ပို့ဆောင်ပေးခဲ့ရသေးတယ်လို့ သိရပါတယ်။

“ ဒီနေ့ လမ်းဆုံမှာ ပစ်ခတ်ခံရတယ်အသံကြားမှ သွားကြည့်တော့ ဆေးသမားတစ်ယောက်ကလှဲနေပြီးပေါ့ သေဆုံးပြီးတော့လှဲနေပြီးပစ်သွားတဲ့ကျည်ခွံလည်းတွေ့တယ်ဘယ်လိုပုံစံဖြစ်သွားလဲဆိုတော့မသဲကွဲလိုက်ကြဘူး လမ်းဘေးက ဆေးသမားတွေကိုအခုပစ်တာ စုစုပေါင်းဆိုရင် ၁၀ ယောက်လောက်ရှိပြီး ဘယ်သူပစ်လဲဆိုတာအခုချိန်ထိမသိသေးဘူး ” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

လက်ရှိမှာတော့ ဖားကန့်နယ်ထဲမှာ စစ်ရေးအခြေအနေကတော့ တင်းမာနေပေမယ့်လည်း ဒေသခံတွေကတော့ ရှောင်တိမ်းတာမျိုးမရှိတဲ့အပြင် အရင်ရက်ပိုင်းတွေက လက်နက်ကြီးပစ်ခတ်မှုတွေရှိပေမယ့်လည်း ဇွန်လ ၂၇ ရက်နဲ့ ၂၈ ရက်မှာတော့ ပစ်ခတ်သံတွေငြိမ်နေတယ်လို့လည်း ဆိုပါတယ်။

ပုံစာ – ဇူလိုင်လအတွင်း စစ်အုပ်စုရဲ့ ပစ်ခတ်မှုကြောင့်သေဆုံးခဲ့သူများ…
0 Shares:
You May Also Like
Read More

သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တည်မြဲရေးကို ထောက်ခံကြောင်း ဆားလင်းကြီးမှာ ဆန္ဒပြတောင်းဆို

ကုလသမဂ္ဂမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ပြည်သူတွေ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
Read More

ပေါင်းတည်ထောင်တွင် နိုင်ငံရေးအကျဥ်းသားတစ်ဦး ရုတ်တရက် နှလုံးရပ် သေဆုံး

ပဲခူးတိုင်း၊ ပေါင်းတည် အကျဥ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုလှမင်း (ခ) ကိုလှကြီးဟာ ရုတ်တရက် နှလုံးရပ်‌ သေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။ 
Read More

ဝက်လက်မြို့ အရှေ့ခြမ်းနှင့် အနောက်ခြမ်းတွင် စစ်ကြောင်းများ၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ထောင်နှင့်ချီ တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းတွေ အပြိုင်ဝင်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေ တရစပ်ရှိနေတာကြောင့် မြို့နယ်အရှေ့နဲ့အနောက်ခြမ်းက အရပ်သားတွေ ထောင်နဲ့ချီ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

ချင်းကာကွယ်ရေးတပ် – အရှို ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဥ် ၆ သင်တန်းဆင်းပွဲ

ချင်းပြည်နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ် - အရှို ( CDF - Asho ) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၆ သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပင်လယ်ဘူးမြို့ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ပြီလို့ KIA တရားဝင်ထုတ်ပြန်

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ကို အောက်တိုဘာ ၈ရက် မနက််ပိုင်းမှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းပြန်ကြားရေးဌာနက ဒီနေ့ အောက်တိုဘာ ၉ ရက်နေ့မှာ အသိပေး ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတစ်ဝန်းက ရေဘေးသင့် ပြည်သူတွေအတွက် NUG အစိုးရက အရေးပေါ်စားနပ်ရိက္ခာ အကူအညီတွေ ဆက်လက်ဆောင်ရွက်ပေးနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံတစ်ဝှမ်း လတ်တလော ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရေကြီးရေလျှံဒေသတွေက ဒေသခံပြည်သူများအတွက် “တိုက်ရိုက်ကူညီ ပြည်သူဆီ၊ လူသားစာနာနှင့်အတူ ဆောင်ရွက်မည်" အစီအစဉ်ကတဆင့် ပေးပို့လှူဒါန်းကြတဲ့ အလှူငွေတွေကို ရေဘေးသင့် ပြည်သူတွေဆီ မြေပြင်တာဝန်ခံတွေနဲ့ ပူးပေါင်းချိတ်ဆက် ထောက်ပံ့နေတယ်လို့ သိရပါတယ်။