မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီကားတွေကို မိုင်းဆွဲပစ်ခတ်ရာမှာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ၆ယောက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပွင့်ဖြူမြို့နယ်က သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ ၂၄ ရက်နေ့ မနက်ပိုင်းက စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်ကား ၉ စီးကို ပွင့်ဖြူမြို့နယ်၊ ထိန်အိုင်ရွာမြောက်ပိုင်းအရောက်မှာ တော်လှန်ရေးတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲပြီး ထိခိုက်သွားတဲ့ စစ်ကောင်စီကားတွေကို တော်လှန်ရေးတပ်တွေက လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်း ပစ်ခတ်ရာမှာမှ မိနစ် ၂၀ ကြာ ထိတွေ့မှုဖြစ်ခဲ့သေးတယ်လို့လည်း သိရပါတယ်။
.
အဲ့ဒီတိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရခဲ့တဲ့ စစ်အုပ်စုတွေကို စစ်ကောင်စီက ဟိုက်ဂျက်ကားနဲ့ တင်ဆောင်ကာ မကွေးဆေးရုံကို ပို့ဆောင်ကုသပေးနေတယ်လို့လည်း သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပွင့်ဖြူမြို့နယ် ပ.ကဖ နဲ့အတူ Pwint Phyu Defense Force- ပွင့်ဖြူကာကွယ်ရေးတပ်တို့က ပူး​ပေါင်းလုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာအကြမ်းဖက်စစ်ကောင်စီက မင်းဘူးခရိုင်အတွင်းက စလင်း၊ စေတုတ္တရာ နဲ့ ပွင့်ဖြူမြို့နယ်တွေကို စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေက ခုခံတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

ပုံစာ – ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပွင့်ဖြူမြို့နယ် (ပကဖ) ရဲ့ စစ်ဆင်ရေးဟောင်းတစ်ခုက ပုံရိပ်များ
0 Shares:
You May Also Like
Read More

ပေါင်မြို့နယ် ဇင်ယော်ရွာက လူငယ်၂၀ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်က လူငယ် ၂ဝ ယောက်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က အသိပေးထုတ်ပြန်ပါတယ်။
Read More

ရွှေကျင်-သံဆိပ် ကားလမ်းပိုင်းတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ကို ဝင်ရောက်ပစ်ခတ်၊ စစ်သား ၃ ဦး ပွဲချင်းပြီး သေဆုံး

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ ကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၃ ယောက် သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၃၇၀၃ (မီးနဂါးတပ်ဖွဲ့) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

၀က်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးမီးရှို့မှုကြောင့် လူနေအိမ် ၄၀ ကျော် မီးလောင်ပျက်စီး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှို့ခဲ့ရာ လူနေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲများကြောင့် ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီးကို အသုံးမပြုရန် KNDF ထုတ်ပြန်

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းမှာ စစ်တပ်က ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီးဖက်ကို ဦးတည်ပြီး စစ်ရေးလှုပ်ရှားမှု လုပ်လာနိုင်တာကြောင့် အဆိုပါ လမ်းမကြီးကို ဒီနေ့ နိုဝင်ဘာလ ၆ ရက်ကစပြီး ဖြတ်သန်းသွားလာခြင်းမပြုဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီ မီးရှို့ခဲဲ့တဲ့ရွာကို လျှပ်စစ်မီးရအောင် MBT တပ်ဖွဲ့ ဆောင်ရွက်ပေးခဲ့ 

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေ မီးရှို့သွားတဲ့ ကျေးရွာတွေထဲက ရွာတစ်ရွာကို လျှပ်စစ်မီးရအောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့က အသိပေးလာပါတယ်။ 
Read More

အောင်လံနယ်ရှိ မင်္ဂလာဆောင်ကို အကြမ်းဖက်စစ်တပ်လေကြောင်းဗုံးကြဲ ဒေသခံ ၃ ဦးသေဆုံး၊ ၁၀ ဦးဝန်းကျင် ဒဏ်ရာရ

မကွေးတိုင်း ၊ အောင်လံမြို့နယ်ရှိ မင်္ဂလာဆောင် တစ်ခုကို အကြမ်းဖက်စစ်တပ်က လေကြောင်း ဗုံးကြဲခဲ့တာကြောင့် ထိခိုက်သေဆုံး သူတွေရှိခဲ့တယ်လို့ အောင်လံလူထုအဖွဲ့ဆီက သိရပါတယ်။