ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးမှာ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သား ၇ ယောက်ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်း ၂၂ ယောက်နဲ့ လက်နက်အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ SPRING WARRIORS COLUMN က ဒီနေ့ ထုတ်ပြန်ပါတယ်။

စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအဖြစ် ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို ဇွန်လ(၂၆)ရက်မှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၇) ယောက်ထက်မနည်း သေဆုံးပြီး စစ်ကောင်စီတပ်က အထိအခိုက်များစွာနဲ့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်(၂၂) ယောက်ကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့ပြီး အများစုဟာ ပေါ်တာဆွဲဖမ်းဆီးခံရပြီးနောက် အလိုမတူပဲစစ်မှုထမ်းရသူတွေဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် လက်နက်မျိုးစုံ (၂၈)လက်နဲ့ ခဲယမ်းတွေနဲ့ အခြားစစ်သုံးပစ္စည်း အမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့သလို ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကိုလည်း ဂျနီဗာကွန်ဗန်းရှင်း (Geneva Conventions) နဲ့အညီ စနစ်တကျ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တို့ပူးပေါင်းပြီး အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ဗျူဟာ(၂၅)၊ SPRING WARRIORS COLUMN ၊ တပ်ရင်း(၃၇၀၂)၊ အထူးကွန်မန်ဒိုတပ်ရင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တပ်ရင်း(၈)၊ တပ်ရင်း(၉)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ညောင်ဦးတွင် တပ်မ ၈၈နှင့် ပျူစောထီးပူးပေါင်းတပ်များ ကျေးရွာ၂ရွာကို စီးနင်းမီးရှို့ပြီး အရပ်သားပိုင်ပစ္စည်းများကို ခိုးယူသယ်ဆောင်သွား

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ တပ်မ ၈၈ နဲ့ ပျူစောထီးပူးပေါင်းတပ်တွေက ကျေးရွာတွေကို ဝင်ရောက်စီးနင်းမီးရှို့ရင်း အရပ်သားပိုင်ပစ္စည်းတွေကို ခိုးယူသယ်ဆောင်သွားကြောင်း ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ Yan Gyi Aung PDF ရဲ့တာဝန်ရှိသူ ကိုပြူးက မောင်းကိုပြောပါတယ်။
Read More

ရွှေကျင်မြို့နယ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက်သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ဧပြီလအတွင်း စစ်ကောင်စီတပ် တိုက်ခိုက်မှုများကြောင့် အရပ်သား ၉၆ ဦး သေဆုံးခဲ့၊ ၇၂ ဦးက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ဟု ဆို

မြန်မာနိုင်ငံတစ်ဝန်း ဧပြီလအတွင်း စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ ၉၆ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ရေးတင်းမာနေမှုများကြောင့် သရက်-ကံမလမ်းပိုင်း အသုံးပြုခွင့် ပြည်သူ့ကာကွယ်ရေးဘက်မှ ပိတ်ပင်ထား

မကွေးတိုင်း၊ သရက်ခရိုင်အတွင်းက သရက်-ကံမ လမ်းပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ စစ်ရေးအခြေအနေတင်းမာနေတာကြောင့် လမ်းပိုင်းအသုံးပြုခွင့်ကို ပိတ်ပင်ထားတယ်လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းတာဝန်ရှိသူ ကိုမြတ်က မောင်းကိုပြောပါတယ်။
Read More

ပေါက်ခေါင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ…(ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ ပြည်ခရိုင်အခြေစိုက် ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တွေအတွက် အခြေခံစစ်ပညာသင်တန်းကို ၃ လကြာ သင်တန်းပေးခဲ့ပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကော့ကရိတ်တိုက်ပွဲများကြောင့် ကားလမ်းများ ပိတ်ထားကာ ကုန်ဈေးနှုန်းများ ထပ်တက်လာမှာကို ပြည်သူများ စိုးရိမ်နေကြ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျေးရွာတွေဘက်မှာ အကြမ်းဖက်စစ်ကော်မရှင်တပ်နဲ့ KNLA ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် လမ်းပိုင်းတချို့ကို ပိတ်ထားပြီး ကုန်တင်ကားတွေလည်း သွားလာရခက်ခဲနေကြပါတယ်။