ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်း စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေး ပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ် ကောင်စီတပ်သား ၂၂ ယောက် ဖမ်းမိပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တဲ့ မှတ်တမ်း ရုပ်သံကို နွေဦးစစ်သည်‌တော်များစစ်‌ကြောင်း (Spring Warriors Column)မှ ထုတ်ပြန်လိုက်ပါတယ်။

စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးကို ဇွန်လ ၂၆ ရက်က ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်တွေကို အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ဗျူဟာ(၂၅)၊ SPRING WARRIORS COLUMN နွေဦးစစ်သည်တော်များစစ်‌ကြောင်း ၊ တပ်ရင်း(၃၇၀၂)၊ အထူးကွန်မန်ဒိုတပ်ရင်း နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တပ်ရင်း(၈)၊ တပ်ရင်း(၉)တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၇ ယောက်ထက်မနည်းသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားကာ ဆုတ်ခွာထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သား ၂၂ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးမိရခဲ့ပြီး အများစုမှာ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး အလိုမတူပဲ စစ်မှုထမ်းနေရသူများဖြစ်တယ်လို့ သိရပါတယ်။

စစ်ဆင်ရေးအတွင်း လက်နက်မျိုးစုံ (၂၈)လက်နှင့် ခဲယမ်းများ၊ အခြားစစ်သုံးပစ္စည်း အမြောက်အများကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Video- Spring Warriors Column

0 Shares:
You May Also Like
Read More

ထားဝယ်ခရိုင်အတွင်း ကျေးရွာများကို စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်နေ၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၅ ယောက် ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်နဲ့ ရေဖြူမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ Y-12 လေယာဉ်တွေနဲ့ ၁၂၀ မမ ဗုံးသီးတွေ ဆက်တိုက်ကြဲချ တိုက်ခိုက်နေတယ်လို့ Democracy Movement Strike Committee-Dawei က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငါန်းဇွန်မြို့ စက်မှုဇုန်အနီး တပ်စွဲထားသည့် စစ်သားများတိုက်ခိုက်ခံရ (ရုပ်/သံ)

ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်အနီး တပ်စွဲထားတဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံ က ထုတ်ပြန်ပါတယ်။မတ်လ ၂၁ ရက်၊ မနက် ၉ နာရီခန့်က ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်၊ အင်းဝဘဏ်အနီးမှာ အင်အား ၄၀ ခန့်နဲ့ တပ်စွဲထားတဲ့ စစ်သားတွေဟာ ဘဏ်နဲ့ မီတာ (၃၀၀) ခန့် အကွာမှာ ခရီးသွားပြည်သူတွေကို ပေါ်တာစွဲဖမ်းဆီးခြင်း၊ အတင်းအဓမ္မ ငွေကြေးတောင်းခံခြင်းတွေ ပြုလုပ်နေလို့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
Read More

ညောင်ဦးမြို့မှ တင့်ကား ၃ စီးဖြင့် စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်ပြီး တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မန္တလေးတိုင်း ညောင်ဦးမြို့ကနေ တင့်ကား ၃ စီးနဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ People's Democratic Army - PDA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နတ်မောက်-စိုင်းကောင်းလမ်းပိုင်းတွင် ကင်းပုန်းလာဝပ်သည့် အကြမ်းဖက်စစ်သားများကို လိုက်လံတိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ နတ်မောက်-စိုင်းကောင်းလမ်းပိုင်းမှာ ကင်းပုန်းလာဝပ်တဲ့ အကြမ်းဖက်စစ်သားတွေကို လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖက်ဒရယ်တပ်မတော်ပေါ်ပေါက်ရေးအတွက် ဥပဒေအထက်မှာ မည်သူမျှရှိမနေစေရဘူးလို့ NUG စစ်ခုံရုံးဥက္ကဋ္ဌ ပြော (ရုပ်/သံ)

ဖက်ဒရယ်တပ်မတော်ပေါ်ပေါက်ရေးအတွက် တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ လက်နက်ကိုင်အင်အားစုတွေအနေနဲ့ ဥပဒေနဲ့ အမိန့်ညွှန်ကြားချက်တွေကို တသွေမတိမ်းလိုက်နာကြဖို့ NUG လက်အောက်ရှိ စစ်ခုံရုံး ၁ ခုက ပြောကြားခဲ့ပါတယ်။
Read More

မန်တုံမြို့‌ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အမျိုးသား ၁ ယောက်သေဆုံး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ ရာ အမျိုးသား ၁ ယောက်သေဆုံးပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။